စိတ္ဓာတ္က်တဲ႔အခါ အသံုး၀င္လာမယ့္ စိတ္အေျပာင္းအလဲလုပ္နည္းေလးေတြ…

အျမဲတမ္းေပ်ာ္ရႊင္တက္ၾကြေနတဲ႔သူဆုိတာ မရွိပါဘူးေနာ္။တကယ္တမ္းက်ေတာ့ စိတ္ဓာတ္က်တာလည္းကုိယ့္စိတ္ပဲ၊၀မ္းသာေပ်ာ္ရႊင္တာလည္းကုိယ့္စိတ္ပဲ။ဒီေတာ့ ကုိယ့္စိတ္ကေလး စိတ္ဓာတ္က်ေန၊အားငယ္ေနရင္ ဒီနည္းေလးေတြနဲ႔ စိတ္ကုိလွည့္စားၾကည့္ပါ။တကယ္အလုပ္ျဖစ္ပါလိမ့္မယ္။

ဘာကုိမွမလုပ္ခ်င္မကုိင္ခ်င္ပဲ အခန္းပဲေအာင္းေနခ်င္တယ္၊စိတ္ေတြဟုိးးးေအာက္ဆံုးထိက်ေနတယ္ဆုိရင္…

*ကုိယ္အၾကိဳက္ဆံုးသီခ်င္းေတြနားေထာင္ပါ။အထက္တန္းေက်ာင္းသူဘ၀တုန္းကၾကိဳက္ခဲ႔တဲ့သီခ်င္းေလးေတြ၊အမွတ္တရျဖစ္ခဲ႔တဲ႔သီခ်င္းေလးေတြသင္တုိ႔ဘ၀မွာရွိဖူးမွာပါ

*ဘယ္သူနဲ႔မွစကားမေျပာခ်င္တဲ႔အခါ ကုိယ္ခံစားေနရတာေတြကုိ ေရးခ်လိုက္ပါ။ဒါက စိတ္ကုိေပါ့ပါးသြားေစပါတယ္

*ပံုဆြဲတတ္တာျဖစ္ေစ မဆြဲတတ္တာျဖစ္ေစ ကုိယ္ဆြဲခ်င္တဲ႔အရာတစ္ခုခုကုိဆြဲပစ္လုိက္ပါ။ဒါကစိတ္ေပ်ာ္ရႊင္ေစတဲ႔နည္းလမ္းတစ္ခုပါပဲ။

*ကုိယ့္ကုိသူငယ္ခ်င္းေတြ၊မိသားစုေတြေပးခဲ႔ဖူးတဲ႔ပုိ႔စကတ္ေလးေတြ၊စာေလးေတြသိမ္းထားတာရွိရင္ထုတ္ဖတ္ပါ။သင့္ကုိ အျမဲသတိရေနတဲ႔သူေတြရွိပါေသးတယ္

*ကေလးဘ၀တုန္းကဓာတ္ပံုေတြ၊အရင္ႏွစ္ေတြတုန္းကရိုက္ခဲ႔ဖူးတဲ႔ဓာတ္ပံုေတြျပန္ၾကည့္ပါ။အဲ႔ဒီအခ်ိန္တုန္းက အမွတ္တရေတြကုိျပန္ေတြးပါ။ပံုမွန္ဆုိဒီဓာတ္ပံုေတြၾကည့္ဖုိ႔ေတာင္မအားဘူးမဟုတ္လား

*ဘယ္သူမွအနားမွာမရွိသလို သီခ်င္းဆုိပါ။ဘယ္သူမွအနားမွာမရွိသလုိ စိတ္လြတ္ကုိယ္လြတ္ကခုန္ၾကည့္ပါ

*ကုိယ္တစ္ခါမွမခ်က္ခဲ႔ဖူးတဲ႔ဟင္းအသစ္အဆန္းေလးခ်က္ၾကည့္ပါ။စိတ္အေျပာင္းအလဲေလးျဖစ္တာေပါ့

*စိတ္ဓာတ္က်ေနတဲ႔အခ်ိန္အိပ္ရာထဲမွာမေနပါနဲ႔။လက္ပ္ေတာ့၊စာအုပ္တစ္ခုခုကုိယူျပီး ဆိတ္ျငိမ္ေအးခ်မ္းတဲ႔ေကာ္ဖီဆုိင္ေလးတစ္ဆုိင္မွာသြားထုိင္ပါ။ေကာ္ဖီေကာင္းေကာင္းတစ္ခြက္က စိတ္ကုိ လန္းဆန္းေစမွာအေသအခ်ာပါပဲ။

*စိတ္ညစ္ေနျပီလား၊ျငီးေငြ႔သလုိခံစားေနရျပီလား။ေဖ့ဘြတ္ခ္၊ယူက်ဴ႔ကေန funny video ေလးေတြၾကည့္လိုက္ပါ။အားရပါးရရယ္ေမာလုိက္ပါ

*တစ္ခါမွမၾကည့္ဖူးတဲ႔ရုပ္ရွင္အမ်ိဳးအစားကုိၾကည့္ပါ။ကုိယ္က အရင္က အခ်စ္ဇာတ္ကားေလးေတြပဲၾကည့္ဖူးတယ္ဆုိ ဟာသကားေလးတုိ႔၊စိတၱဇကားတုိ႔ ေျပာင္းလဲၾကည့္ပါ။စိတ္ခံစားခ်က္အေျပာင္းအလဲျဖစ္တာေပါ့

*စိတ္ညစ္ေနျပီေဟ့ဆုိရင္ သူငယ္ခ်င္းေတြကုိစု ျပီးရင္ အိမ္တစ္အိမ္မွာစု ေသာက္ေသာက္စားစားေပ်ာ္ရႊင္လိုက္ပါ။အိမ္မွာဆုိေတာ့ ရုပ္မေပါက္သလို ကုိယ္ေျပာခ်င္တာေတြ၊ရင္ဖြင့္ခ်င္တာေတြကုိ စိတ္ရွိလက္ရွိရင္ဖြင့္လုိက္လုိ႔ရပါတယ္။

*ဒီေန႔က ထူးျခားအံ့ၾသစရာေတြျပည့္ေနတဲ႔ေန႔တစ္ေန႔လို႔ ေတြးထင္လိုက္ပါ။ျပီးရင္ မွန္ၾကည့္ျပီး ျပံဳးပါ။ျပံဳးေနတဲ႔အခ်ိန္ဆုိ စိတ္လည္းခ်မ္းသာေနပါလိမ့္မယ္။

စိတ္ဓာတ္က်စရာ၊စိတ္ညစ္စရာေတြဆုိတာ ကုိယ့္ရဲ ႔တံု႔ျပန္မႈအေပၚမွာပဲမူတည္ပါတယ္။အခက္အခဲတစ္ခုေတြ႔တယ္။ဒါကုိစိတ္ညစ္သြားမယ္ဆုိရင္ ဒါကစိတ္ညစ္စရာပဲျဖစ္ေနမွာပါ။အခက္အခဲတစ္ခုေတြ႔တယ္။ဒါကုိ ကုိယ္က တက္လမ္းတစ္ခုလို႔ျမင္တယ္။ဒါဆုိရင္ ဒါကစိတ္ညစ္စရာမဟုတ္ေတာ့ပါဘူး။ကုိယ့္ဆီလာတဲ႔တုိက္ခုိက္မႈ၊ဆံုးရွံဳးမႈမွန္သမ်ွကုိ ကုိယ္က ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေက်ေက်နပ္နပ္လက္ခံမယ္ဆုိ ဒါေတြက စိတ္ဓာတ္က်စရာမဟုတ္ေတာ့ပဲ သင့္ရဲ ႔တန္ဖုိးရွိတဲ႔ဘ၀အေတြ႔အၾကံဳေတြျဖစ္လာမွာပါ။အေပၚမွာေျပာခဲ႔တဲ႔နည္းလမ္းေလးေတြန႔ဲလည္းစိတ္ကုိ အေျပာင္းအလဲလုပ္ေပးႏုိင္ပါတယ္။

Unicode

=အမြဲတမ်းပျော်ရွှင်တက်ကြွနေတဲ့သူဆိုတာ မရှိပါဘူးနော်။တကယ်တမ်းကျတော့ စိတ်ဓာတ်ကျတာလည်းကိုယ့်စိတ်ပဲ၊ဝမ်းသာပျော်ရွှင်တာလည်းကိုယ့်စိတ်ပဲ။ဒီတော့ ကိုယ့်စိတ်ကလေး စိတ်ဓာတ်ကျနေ၊အားငယ်နေရင် ဒီနည်းလေးတွေနဲ့ စိတ်ကိုလှည့်စားကြည့်ပါ။တကယ်အလုပ်ဖြစ်ပါလိမ့်မယ်။

ဘာကိုမှမလုပ်ချင်မကိုင်ချင်ပဲ အခန်းပဲအောင်းနေချင်တယ်၊စိတ်တွေဟိုးးးအောက်ဆုံးထိကျနေတယ်ဆိုရင်…

*ကိုယ်အကြိုက်ဆုံးသီချင်းတွေနားထောင်ပါ။အထက်တန်းကျောင်းသူဘဝတုန်းကကြိုက်ခဲ့တဲ့သီချင်းလေးတွေ၊အမှတ်တရဖြစ်ခဲ့တဲ့သီချင်းလေးတွေသင်တို့ဘဝမှာရှိဖူးမှာပါ

*ဘယ်သူနဲ့မှစကားမပြောချင်တဲ့အခါ ကိုယ်ခံစားနေရတာတွေကို ရေးချလိုက်ပါ။ဒါက စိတ်ကိုပေါ့ပါးသွားစေပါတယ်

*ပုံဆွဲတတ်တာဖြစ်စေ မဆွဲတတ်တာဖြစ်စေ ကိုယ်ဆွဲချင်တဲ့အရာတစ်ခုခုကိုဆွဲပစ်လိုက်ပါ။ဒါကစိတ်ပျော်ရွှင်စေတဲ့နည်းလမ်းတစ်ခုပါပဲ။

*ကိုယ့်ကိုသူငယ်ချင်းတွေ၊မိသားစုတွေပေးခဲ့ဖူးတဲ့ပို့စကတ်လေးတွေ၊စာလေးတွေသိမ်းထားတာရှိရင်ထုတ်ဖတ်ပါ။သင့်ကို အမြဲသတိရနေတဲ့သူတွေရှိပါသေးတယ်

*ကလေးဘဝတုန်းကဓာတ်ပုံတွေ၊အရင်နှစ်တွေတုန်းကရိုက်ခဲ့ဖူးတဲ့ဓာတ်ပုံတွေပြန်ကြည့်ပါ။အဲ့ဒီအချိန်တုန်းက အမှတ်တရတွေကိုပြန်တွေးပါ။ပုံမှန်ဆိုဒီဓာတ်ပုံတွေကြည့်ဖို့တောင်မအားဘူးမဟုတ်လား

*ဘယ်သူမှအနားမှာမရှိသလို သီချင်းဆိုပါ။ဘယ်သူမှအနားမှာမရှိသလို စိတ်လွတ်ကိုယ်လွတ်ကခုန်ကြည့်ပါ

*ကိုယ်တစ်ခါမှမချက်ခဲ့ဖူးတဲ့ဟင်းအသစ်အဆန်းလေးချက်ကြည့်ပါ။စိတ်အပြောင်းအလဲလေးဖြစ်တာပေါ့

*စိတ်ဓာတ်ကျနေတဲ့အချိန်အိပ်ရာထဲမှာမနေပါနဲ့။လက်ပ်တော့၊စာအုပ်တစ်ခုခုကိုယူပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်မှာသွားထိုင်ပါ။ကော်ဖီကောင်းကောင်းတစ်ခွက်က စိတ်ကို လန်းဆန်းစေမှာအသေအချာပါပဲ။

*စိတ်ညစ်နေပြီလား၊ငြီးငွေ့သလိုခံစားနေရပြီလား။ဖေ့ဘွတ်ခ်၊ယူကျူ့ကနေ funny video လေးတွေကြည့်လိုက်ပါ။အားရပါးရရယ်မောလိုက်ပါ

*တစ်ခါမှမကြည့်ဖူးတဲ့ရုပ်ရှင်အမျိုးအစားကိုကြည့်ပါ။ကိုယ်က အရင်က အချစ်ဇာတ်ကားလေးတွေပဲကြည့်ဖူးတယ်ဆို ဟာသကားလေးတို့၊စိတ္တဇကားတို့ ပြောင်းလဲကြည့်ပါ။စိတ်ခံစားချက်အပြောင်းအလဲဖြစ်တာပေါ့

*စိတ်ညစ်နေပြီဟေ့ဆိုရင် သူငယ်ချင်းတွေကိုစု ပြီးရင် အိမ်တစ်အိမ်မှာစု သောက်သောက်စားစားပျော်ရွှင်လိုက်ပါ။အိမ်မှာဆိုတော့ ရုပ်မပေါက်သလို ကိုယ်ပြောချင်တာတွေ၊ရင်ဖွင့်ချင်တာတွေကို စိတ်ရှိလက်ရှိရင်ဖွင့်လိုက်လို့ရပါတယ်။

*ဒီနေ့က ထူးခြားအံ့သြစရာတွေပြည့်နေတဲ့နေ့တစ်နေ့လို့ တွေးထင်လိုက်ပါ။ပြီးရင် မှန်ကြည့်ပြီး ပြုံးပါ။ပြုံးနေတဲ့အချိန်ဆို စိတ်လည်းချမ်းသာနေပါလိမ့်မယ်။

စိတ်ဓာတ်ကျစရာ၊စိတ်ညစ်စရာတွေဆိုတာ ကိုယ့်ရဲ ့တုံ့ပြန်မှုအပေါ်မှာပဲမူတည်ပါတယ်။အခက်အခဲတစ်ခုတွေ့တယ်။ဒါကိုစိတ်ညစ်သွားမယ်ဆိုရင် ဒါကစိတ်ညစ်စရာပဲဖြစ်နေမှာပါ။အခက်အခဲတစ်ခုတွေ့တယ်။ဒါကို ကိုယ်က တက်လမ်းတစ်ခုလို့မြင်တယ်။ဒါဆိုရင် ဒါကစိတ်ညစ်စရာမဟုတ်တော့ပါဘူး။ကိုယ့်ဆီလာတဲ့တိုက်ခိုက်မှု၊ဆုံးရှုံးမှုမှန်သမျှကို ကိုယ်က ပျော်ပျော်ရွှင်ရွှင်ကျေကျေနပ်နပ်လက်ခံမယ်ဆို ဒါတွေက စိတ်ဓာတ်ကျစရာမဟုတ်တော့ပဲ သင့်ရဲ ့တန်ဖိုးရှိတဲ့ဘဝအတွေ့အကြုံတွေဖြစ်လာမှာပါ။အပေါ်မှာပြောခဲ့တဲ့နည်းလမ်းလေးတွေနဲ့လည်းစိတ်ကို အပြောင်းအလဲလုပ်ပေးနိုင်ပါတယ်။

757 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.