အခ်စ္ဇာတ္ကားေကာင္းေကာင္းေလးနဲ႔အပန္းေျဖခ်င္ပါတယ္ဆုိသူေတြအတြက္ “Little Italy”

Trend ပရိသတ္ၾကီးအတြက္ ဒီတစ္ခါညႊန္းေပးခ်င္တဲ႔ဇာတ္ကားေကာင္းေလးကေတာ့ Little Italy ဆုိတဲ႔ Romance ကားေလးပဲျဖစ္ပါတယ္။အခ်စ္ဇာတ္လမ္းေကာင္းေလးျဖစ္သလို ဟာသေလးေတြလည္းပါေနပါေသးတယ္။ဒီဇာတ္လမ္းကုိပုံေဖာ္ထားသူေတြကေတာ့ မင္းသမီးေခ်ာေလး Emma Roberts နဲ႔မင္းသားေခ်ာ Hayden Christensen ပါပဲ။မင္းသားေရာမင္းသမီးေရာ အေခ်ာေတြခ်ည္းပဲ

ဒါရုိက္တာကေတာ့ Donald Petrie ျဖစ္ျပီး Alyssa Milano ၊ Adam Ferrara ၊ Gary Basaraba ၊ Linda Kash ၊Andrew Phung ၊ Cristina Rosato ၊ Danny Aiello နဲ႔ Andrea Martin တုိ႔ကလည္းပါ၀င္အားျဖည့္သရုပ္ေဆာင္ထားပါတယ္။၂၀၁၈၊စက္တင္ဘာလကမွထြက္ရွိလာခဲ႔တဲ႔ဇာတ္ကားေလးျဖစ္ျပီး Rating 5.7/10 ရထားတဲ႔ကားေလးပါ။

ဇာတ္လမ္းပံုစံေလးကေတာ့ “Little Italy”ဆုိတဲ႔ေဒသေလးတစ္ခုမွာ Nikki နဲ႔ Leo တုိ႔က အတူတူၾကီးျပင္းလာခ႔ဲၾကပါတယ္။သူတုိ႔ရဲ႔မိသားစုေတြက ပီဇာလုပ္ငန္းလုပ္ကုိင္ၾကသူေတြျဖစ္ျပီး ႏွစ္အနည္းငယ္အၾကာမွာေတာ့ Nikki နဲ႔ Leo တုိ႔ရဲ႔အေဖႏွစ္ေယာက္ဟာ စီးပြားေရးျပိဳင္ဘက္ေတြျဖစ္လာျပီး သေဘာထားကြဲလြဲလာခဲ႔ၾကပါတယ္။

ငယ္ငယ္တည္းက ကစားေဖာ္ကစားဖက္ Nikki နဲ႔ Leo တုိ႔ကလည္း အရြယ္ေရာက္လာေတာ့
တစ္ေယာက္က လန္ဒန္မွာ စားဖုိမွဴးပညာသြားသင္၊တစ္ေယာက္ကေတာ့ မိသားစုပီဇာလုပ္ငန္းကုိဆက္ျပီးဦးစီးနဲ႔ အရင္လုိ တပူးပူးတတြဲတြဲမျဖစ္ႏုိင္ေတာ့ပါဘူး။ဒါေပမဲ႔ Nikki  လန္ဒန္ကေန အိမ္ကုိခဏျပန္လာတဲ႔အခ်ိန္မွာေတာ့ Leo နဲ႔ေတြ႔ျပီး သံေယာဇဥ္အမ်ွင္မျပတ္ႏုိင္စြာ တစ္ေယာက္ကုိတစ္ေယာက္ ခရက္ရွ္ခဲ႔ၾကပါတယ္။စီးပြားျပိဳင္ဘက္ေတြျဖစ္တဲ႔ မိသားစုႏွစ္စုၾကားမွာ သူတုိ႔အခ်စ္ေရးက ဘယ္လုိေတြျဖစ္သြားမလဲ? ေျဖာင့္ေျဖာင့္ျဖဴးျဖဴးနဲ႔အခ်စ္ေရးကုိ ေရွ႔ဆက္ႏုိင္မလား?မိသားစုႏွစ္စုၾကားမွာ ဘယ္လိုအထင္လြဲမႈေတြ၊ဘယ္လိုအျမင္ကြဲလြဲမႈေတြ၊ဘယ္လိုအခက္အခဲေတြၾကံဳလာဦးမလဲ စတဲ႔အေၾကာင္းအရာေတြကုိ ေပါ့ေပါ့ပါးပါးဇာတ္ျမဴးေလးသဖြယ္ၾကည့္ရႈရမွာပဲျဖစ္ပါတယ္။

ျပီးေတာ့ အစားတစ္လုိင္းေလးေတြအတြက္လည္း ဒီကားထဲမွာပီဇာနဲ႔ပတ္သက္ျပီးေသခ်ာျပသထားတာျဖစ္လို႔ရုပ္ရွင္ၾကည့္ရင္း ဗုိက္ဆာလာမွာလည္းမလြဲပါဘူး။ပီဇာေလးစားရင္း ဒီကားေလးၾကည့္ရင္ေတာ့ ဂြတ္ရွယ္ေပါ့ဗ်ာ။Trailer ေလးလည္း တင္ေပးထားလုိ႔ ၾကည့္လိုက္ပါဦး

Unicode

Trend ပရိသတ်ကြီးအတွက် ဒီတစ်ခါညွှန်းပေးချင်တဲ့ဇာတ်ကားကောင်းလေးကတော့ Little Italy ဆိုတဲ့ Romance ကားလေးပဲဖြစ်ပါတယ်။အချစ်ဇာတ်လမ်းကောင်းလေးဖြစ်သလို ဟာသလေးတွေလည်းပါနေပါသေးတယ်။ဒီဇာတ်လမ်းကိုပုံဖော်ထားသူတွေကတော့ မင်းသမီးချောလေး Emma Roberts နဲ့မင်းသားချော Hayden Christensen ပါပဲ။မင်းသားရောမင်းသမီးရော အချောတွေချည်းပဲ

ဒါရိုက်တာကတော့ Donald Petrie ဖြစ်ပြီး Alyssa Milano ၊ Adam Ferrara ၊ Gary Basaraba ၊ Linda Kash ၊Andrew Phung ၊ Cristina Rosato ၊ Danny Aiello နဲ့ Andrea Martin တို့ကလည်းပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။၂၀၁၈၊စက်တင်ဘာလကမှထွက်ရှိလာခဲ့တဲ့ဇာတ်ကားလေးဖြစ်ပြီး Rating 5.7/10 ရထားတဲ့ကားလေးပါ။

ဇာတ်လမ်းပုံစံလေးကတော့ “Little Italy”ဆိုတဲ့ဒေသလေးတစ်ခုမှာ Nikki နဲ့ Leo တို့က အတူတူကြီးပြင်းလာခဲ့ကြပါတယ်။သူတို့ရဲ့မိသားစုတွေက ပီဇာလုပ်ငန်းလုပ်ကိုင်ကြသူတွေဖြစ်ပြီး နှစ်အနည်းငယ်အကြာမှာတော့ Nikki နဲ့ Leo တို့ရဲ့အဖေနှစ်ယောက်ဟာ စီးပွားရေးပြိုင်ဘက်တွေဖြစ်လာပြီး သဘောထားကွဲလွဲလာခဲ့ကြပါတယ်။

ငယ်ငယ်တည်းက ကစားဖော်ကစားဖက် Nikki နဲ့ Leo တို့ကလည်း အရွယ်ရောက်လာတော့
တစ်ယောက်က လန်ဒန်မှာ စားဖိုမှူးပညာသွားသင်၊တစ်ယောက်ကတော့ မိသားစုပီဇာလုပ်ငန်းကိုဆက်ပြီးဦးစီးနဲ့ အရင်လို တပူးပူးတတွဲတွဲမဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့ Nikki  လန်ဒန်ကနေ အိမ်ကိုခဏပြန်လာတဲ့အချိန်မှာတော့ Leo နဲ့တွေ့ပြီး သံယောဇဉ်အမျှင်မပြတ်နိုင်စွာ တစ်ယောက်ကိုတစ်ယောက် ခရက်ရှ်ခဲ့ကြပါတယ်။စီးပွားပြိုင်ဘက်တွေဖြစ်တဲ့ မိသားစုနှစ်စုကြားမှာ သူတို့အချစ်ရေးက ဘယ်လိုတွေဖြစ်သွားမလဲ? ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့အချစ်ရေးကို ရှေ့ဆက်နိုင်မလား?မိသားစုနှစ်စုကြားမှာ ဘယ်လိုအထင်လွဲမှုတွေ၊ဘယ်လိုအမြင်ကွဲလွဲမှုတွေ၊ဘယ်လိုအခက်အခဲတွေကြုံလာဦးမလဲ စတဲ့အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါးဇာတ်မြူးလေးသဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ပြီးတော့ အစားတစ်လိုင်းလေးတွေအတွက်လည်း ဒီကားထဲမှာပီဇာနဲ့ပတ်သက်ပြီးသေချာပြသထားတာဖြစ်လို့ရုပ်ရှင်ကြည့်ရင်း ဗိုက်ဆာလာမှာလည်းမလွဲပါဘူး။ပီဇာလေးစားရင်း ဒီကားလေးကြည့်ရင်တော့ ဂွတ်ရှယ်ပေါ့ဗျာ။Trailer လေးလည်း တင်ပေးထားလို့ ကြည့်လိုက်ပါဦး

97 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.