ကိုယ္ရွိမွသူရပ္တည္နုိင္မွာမ်ိဳးထက္ ဘယ္လုိအေျခမ်ိဳးမွာပဲျဖစ္ျဖစ္အစြမ္းစတစ္ခုနဲ႕ရပ္တည္နုိင္ေအာင္လုပ္ေပးနုိင္တာမ်ိဳးကမွအနွစ္

မိဘနဲ႕သားသမီးပဲျဖစ္ျဖစ္၊ ခ်စ္သူေတြပဲျဖစ္ျဖစ္ တစ္ေယာက္ေပၚတစ္ေယာက္ခ်စ္ျမတ္နိုးတဲ႔အခါမွာ ရယူူလိုစိတ္နည္းျပီး အတၱကင္းတဲ႔ခ်စ္ျခင္းေမတၱာမ်ိဳးေပးဖို႕လုိပါတယ္။ တစ္ခ်ိဳ႕ကခ်စ္ရာမေရာက္ပဲနွစ္ရာေရာက္တတ္တဲ႔ျကတဲ႔ဟာမ်ိဳးရွိပါတယ္။ ခ်စ္လုိ႕ဂရုစိုက္တာ အလုိလုိက္တာ လုိက္ေလ်ာတာဟာ တကယ္ေတာ႔ ဒီလူကိုခ်စ္တဲ႔စိတ္ထက္ ဒီလူကိုအမွားေထာက္ျပလုိက္ရင္ငါ႔နားကမ်ားထြက္သြားမလား ငါ႔ကိုမုန္းသြားမလားဆိုတဲ႔အတၱစိတ္ကမ်ားေနလုိ႕ပါ။ လူတစ္ေယာက္ကိုတကယ္ခ်စ္ရင္မွားေနရင္ အမုန္းခံျပီး ျပဳျပင္ေပးရတယ္၊ သူဘယ္လုိတုန္႔ျပန္ျပန္ေမတၱာမပ်က္ သစၥာမေဖာက္ပဲ  မွန္ကန္တဲ႔လမ္းေျကာင္းေပၚကိုတင္ေပးရပါတယ္။ ကိုယ္ဘက္ကလိုတာမရွိေအာင္ျဖည္႔ဆည္းေပးတာမ်ိဳးက ခဏပဲခံမွာပါ။ လူတစ္ေယာက္ကိုတကယ္ေမတၱာရွိတယ္ ၊ တကယ္ကို ကိုယ္႔ကိုယ္ကိုယ္ထက္ပိုခ်စ္တယ္ဆိုရင္ ကိုယ္ေလာကျကီးမွာမရွိလည္းသူရပ္တည္နုိင္ေအာင္၊ ကိုယ္သူ႕ဘ၀ထဲကထြက္သြားခဲ႔ရသည္ရွိေသာ္ ကိုယ္႔အစြမ္းစနဲ႕ ပြဲလည္တင္႔ေအာင္ တြန္းအားေပးျပီးအတူတူျကိုးစားေပးပါ။ တကယ္႔ေမတၱာဆိုတာ ေပါေနတဲ႔ပစၥည္းကိုမ်ွေ၀သံုးတာမ်ိဳးမဟုတ္ဘူး၊ မရွိတဲ႔ျကားထဲကရွိေအာင္ျကိုးစားျပီးလုပ္ေပးတာမ်ိဳး၊ ဒါမ်ိဳးမွေမတၱာအစစ္ တန္ဖိုးထားမႈအစစ္ပါ။ ဒီလုိလူမ်ိဳးကသူ႕ဘ၀ထဲမွာေကာင္းက်ိဳးခံစားေနရလည္းသင္႔ကိုမေမ႔သလို ခက္ခဲလာရင္လည္းထားခဲ႔မွာမဟုတ္ပါဘူး။ ဒါေျကာင္႔ကိုယ္႔အေပၚေကာင္းေစခ်င္တဲ႔စိတ္ဆႏၵနဲ႕လမ္းေျကာင္းမွန္ေပၚေရာက္ေအာင္ေျပာဆိုမႈေတြကိုအေလးထားပါ…သစၥာမပ်က္ေမတၱာမပ်က္ပဲ သင္႔အနားမွာတူူတူျကိုးစားရင္ လမ္းမွန္ေရာက္ေအာင္တြန္းပို႕ေနသူေတြကိုဘယ္ေတာ႔မွ မစြန္႔လႊတ္မိပါေစနဲ႕။ ကိုယ္တိုင္လည္းလူတစ္ေယာက္ကိုခ်စ္မယ္ေမတၱာထားမယ္လုိ႕ရည္ရြယ္တဲ႔အခါ အတၱမပါတဲ႔ ခ်စ္ျခင္းနဲ႕ သူ႕ဘ၀မွာသူမ်ားကို အားကိုးစရာမလုိတဲ႔ အရည္ခ်င္းမ်ိဳးရွိလာေအာင္တူတူျကိုးစားေပးနုိင္တဲ႔သူမ်ိဳးျဖစ္ပါေစ…

Unicode

မိဘနဲ့သားသမီးပဲဖြစ်ဖြစ်၊ ချစ်သူတွေပဲဖြစ်ဖြစ် တစ်ယောက်ပေါ်တစ်ယောက်ချစ်မြတ်နိုးတဲ့အခါမှာ ရယူူလိုစိတ်နည်းပြီး အတ္တကင်းတဲ့ချစ်ခြင်းမေတ္တာမျိုးပေးဖို့လိုပါတယ်။ တစ်ချို့ကချစ်ရာမရောက်ပဲနှစ်ရာရောက်တတ်တဲ့ကြတဲ့ဟာမျိုးရှိပါတယ်။ ချစ်လို့ဂရုစိုက်တာ အလိုလိုက်တာ လိုက်လျောတာဟာ တကယ်တော့ ဒီလူကိုချစ်တဲ့စိတ်ထက် ဒီလူကိုအမှားထောက်ပြလိုက်ရင်ငါ့နားကများထွက်သွားမလား ငါ့ကိုမုန်းသွားမလားဆိုတဲ့အတ္တစိတ်ကများနေလို့ပါ။ လူတစ်ယောက်ကိုတကယ်ချစ်ရင်မှားနေရင် အမုန်းခံပြီး ပြုပြင်ပေးရတယ်၊ သူဘယ်လိုတုန့်ပြန်ပြန်မေတ္တာမပျက် သစ္စာမဖောက်ပဲ  မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးရပါတယ်။ ကိုယ်ဘက်ကလိုတာမရှိအောင်ဖြည့်ဆည်းပေးတာမျိုးက ခဏပဲခံမှာပါ။ လူတစ်ယောက်ကိုတကယ်မေတ္တာရှိတယ် ၊ တကယ်ကို ကိုယ့်ကိုယ်ကိုယ်ထက်ပိုချစ်တယ်ဆိုရင် ကိုယ်လောကကြီးမှာမရှိလည်းသူရပ်တည်နိုင်အောင်၊ ကိုယ်သူ့ဘဝထဲကထွက်သွားခဲ့ရသည်ရှိသော် ကိုယ့်အစွမ်းစနဲ့ ပွဲလည်တင့်အောင် တွန်းအားပေးပြီးအတူတူကြိုးစားပေးပါ။ တကယ့်မေတ္တာဆိုတာ ပေါနေတဲ့ပစ္စည်းကိုမျှဝေသုံးတာမျိုးမဟုတ်ဘူး၊ မရှိတဲ့ကြားထဲကရှိအောင်ကြိုးစားပြီးလုပ်ပေးတာမျိုး၊ ဒါမျိုးမှမေတ္တာအစစ် တန်ဖိုးထားမှုအစစ်ပါ။ ဒီလိုလူမျိုးကသူ့ဘဝထဲမှာကောင်းကျိုးခံစားနေရလည်းသင့်ကိုမမေ့သလို ခက်ခဲလာရင်လည်းထားခဲ့မှာမဟုတ်ပါဘူး။ ဒါကြောင့်ကိုယ့်အပေါ်ကောင်းစေချင်တဲ့စိတ်ဆန္ဒနဲ့လမ်းကြောင်းမှန်ပေါ်ရောက်အောင်ပြောဆိုမှုတွေကိုအလေးထားပါ…သစ္စာမပျက်မေတ္တာမပျက်ပဲ သင့်အနားမှာတူူတူကြိုးစားရင် လမ်းမှန်ရောက်အောင်တွန်းပို့နေသူတွေကိုဘယ်တော့မှ မစွန့်လွှတ်မိပါစေနဲ့။ ကိုယ်တိုင်လည်းလူတစ်ယောက်ကိုချစ်မယ်မေတ္တာထားမယ်လို့ရည်ရွယ်တဲ့အခါ အတ္တမပါတဲ့ ချစ်ခြင်းနဲ့ သူ့ဘဝမှာသူများကို အားကိုးစရာမလိုတဲ့ အရည်ချင်းမျိုးရှိလာအောင်တူတူကြိုးစားပေးနိုင်တဲ့သူမျိုးဖြစ်ပါစေ…

183 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.