သားသမီးနဲ႕မိဘျကားမွာအေနစိမ္းလာရျခင္းရဲ႕အဓိကတရားခံကဘာေတြလဲ…

သားသမီးနဲ႕မိဘဆိုတာေသြးေအးသြားတယ္ရယ္ေတာ႔မရွိပါဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ေတာ႔ အျမဲရင္ထဲအသည္းထဲကေနခ်စ္ျမတ္နုိး္ေနျကတာပါပဲ။ ဒါပင္မဲ႔ အရြယ္ေရာက္လာတဲ႔သားသမီးေတြနဲ႕မိဘေတြျကားမွ အေနစိမ္းလာမႈေတြ ခပ္ခြာခြာေနထုိင္မႈေတြ မ်ားျပားလာတဲ႔အခါမွာ တစ္ေယာက္ကိုတစ္ေယာက္မခ်စ္ဘူးလုိ႕ထင္လာတတ္ျကပါတယ္။ သားသမီးကိုမခ်စ္တဲ႔မိဘဆုိတာရယ္မရွိသလို မိဘကိုေမတၱာမရွိတဲ႔သားသမီးရယ္လုိ႕မရွိပါဘူး…ဒါဆုိရင္သူတုိ႕ေတြ ဘာေျကာင္႔အေနစိမ္းလာျကတာလဲ…အရြယ္ေရာက္လုိ႕လူပ်ိဳအပိ်ဳေပါက္အရြယ္ျဖစ္လာတဲ႔အခါပိုလို႕တစ္စိမ္းဆန္လာျကတာလဲဆိုတဲ႔အေျကာင္းရင္းနဲ႕အဓိကတရားခံေတြကေတာ႔…

(၁) မိဘေတြရဲ႕ေမတၱာေပးမႈမွားေနတာ

မိဘဆိုတာသားသမီးေပၚေတာ႔ ေမတၱာရွိပါတယ္ ။ဒါပင္မဲ႔ထိေရာက္စြာ မေပးတတ္လုိ႕သားသမီးကမရရင္လည္းအဆင္မေျပပါဘူး။ တစ္ခ်ိဳ႕မိဘေတြကခ်စ္ေတာ႔ခ်စ္တယ္ ခ်စ္တာကိုဘယ္ေတာ႔မွညင္ညင္သာသာမေျပာဘူး။ ခ်စ္လုိ႕စိတ္ပူလည္း ခ်စ္လုိ႕ပူတာပါဆိုတဲ႔ဘက္ကို မေရာက္ပဲ စိတ္ကုန္တယ္ စိတ္ပ်က္တယ္ နင္႔ကိုေမြးထားရတာ ဘာညာနဲ႕ Negative ဘက္ကိုေစာင္းနင္းျပီးေျပာေတာ႔သားသမီးစိတ္ထဲ သူ႕မိဘအတြက္သူကအေရးမပါတဲ႔သူမ်ိဳးလုိ႕ခံစားမိလာတယ္။ ေအ..ဒီလိုလည္းေတြးမိေရာ မိဘရဲ႕အေျပာဆိုလြတ္ေအာင္ ခပ္ခြာခြာေပးေနျကေတာ႔ေရာ။

(၂) နည္းပညာေတြေခတ္စားလာတာနဲ႕အမ်ွ ဒါမ်ိဳးေတြနဲ႕သာယာေနတတ္တာ

ဖုန္းေတြ ၊ ကြန္ပ်ဴတာေတြ ၊ စိတ္၀င္စားစရာ ဂိမ္းေတြ App ေတြေပၚလာေတာ႔ ကိုယ္႔မိသားစုထဲမွာထက္ ဒါေတြနဲ႕အခ်ိန္ကုန္ရတာကို ပိုနွစ္သက္လာျကတယ္။ ဘာလုိ႕လဲဆုိေတာ႔မိသားစုထက္ဒါကကိုယ္႔အတြက္ စိတ္ေပ်ာ္စရာလို႕သတ္မွတ္လာလုိ႕ပါ။ ဒါေျကာင္႔အိမ္ဆိုတာလည္း ပိုက္ဆံရွိတာမရွိတာ ဆင္းရဲတာ ခ်မ္းသာတာထက္ မိသားစုဆန္ဆန္ေႏြးေႏြးေထြးေထြးနဲ႕ ေအးတူပူမွ်ေပ်ာ္စရာေကာင္းဖို႕လိုအပ္လိမ္႔မယ္။

(၃) ကုိယ္႔သားသမီးရဲ႕စိတ္ကိုနားမလည္တာ

မိဘေတြကလည္းမိဘေတြအျမင္နဲ႕ျကည္႔ေတာ႔သားသမီးလုပ္သမ်ွမွားတယ္ထင္ ျပန္ရွင္းျပေတာ႔လည္း ျပန္ေျပာတယ္ဆုိျပီးဆူနဲ႕သားသမီးေတြကမြန္းျကပ္လာတတ္ပါတယ္။ ဒါေျကာင္႔မိဘလိုလည္းဆံုးမသူငယ္ခ်င္းလိုလည္းအေဖာ္ျပဳေပးဖို႕လုိပါတယ္။

(၄) တစ္ေယာက္ခံစားခ်က္တစ္ေယာက္နားလည္ပါ

မိဘေတြကလည္း သားသမီးကို ကိုယ္ငယ္ငယ္တုန္းကဆိုရင္ဆုိတဲ႔စိတ္နဲ႕ကိုယ္ခ်င္းစာေပးဖို႕လိုသလိုသားသမီးေတြကလည္းငါသာငါ႔အေမေနရာမွာဆိုရင္ ငါ႔အေဖေနရာဆိုတာမ်ိဳးေတြးေပးရင္ တစ္ေယာက္နဲ႕တစ္ေယာက္ေႏြးေထြးဖို႕မခက္ခဲေတာ႔ပါဘူး။

Unicode

သားသမီးနဲ့မိဘဆိုတာသွေးအေးသွားတယ်ရယ်တော့မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်တော့ အမြဲရင်ထဲအသည်းထဲကနေချစ်မြတ်နိုး်နေကြတာပါပဲ။ ဒါပင်မဲ့ အရွယ်ရောက်လာတဲ့သားသမီးတွေနဲ့မိဘတွေကြားမှ အနေစိမ်းလာမှုတွေ ခပ်ခွာခွာနေထိုင်မှုတွေ များပြားလာတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက်မချစ်ဘူးလို့ထင်လာတတ်ကြပါတယ်။ သားသမီးကိုမချစ်တဲ့မိဘဆိုတာရယ်မရှိသလို မိဘကိုမေတ္တာမရှိတဲ့သားသမီးရယ်လို့မရှိပါဘူး…ဒါဆိုရင်သူတို့တွေ ဘာကြောင့်အနေစိမ်းလာကြတာလဲ…အရွယ်ရောက်လို့လူပျိုအပျိုပေါက်အရွယ်ဖြစ်လာတဲ့အခါပိုလို့တစ်စိမ်းဆန်လာကြတာလဲဆိုတဲ့အကြောင်းရင်းနဲ့အဓိကတရားခံတွေကတော့…

(၁) မိဘတွေရဲ့မေတ္တာပေးမှုမှားနေတာ

မိဘဆိုတာသားသမီးပေါ်တော့ မေတ္တာရှိပါတယ် ။ဒါပင်မဲ့ထိရောက်စွာ မပေးတတ်လို့သားသမီးကမရရင်လည်းအဆင်မပြေပါဘူး။ တစ်ချို့မိဘတွေကချစ်တော့ချစ်တယ် ချစ်တာကိုဘယ်တော့မှညင်ညင်သာသာမပြောဘူး။ ချစ်လို့စိတ်ပူလည်း ချစ်လို့ပူတာပါဆိုတဲ့ဘက်ကို မရောက်ပဲ စိတ်ကုန်တယ် စိတ်ပျက်တယ် နင့်ကိုမွေးထားရတာ ဘာညာနဲ့ Negative ဘက်ကိုစောင်းနင်းပြီးပြောတော့သားသမီးစိတ်ထဲ သူ့မိဘအတွက်သူကအရေးမပါတဲ့သူမျိုးလို့ခံစားမိလာတယ်။ အေ..ဒီလိုလည်းတွေးမိရော မိဘရဲ့အပြောဆိုလွတ်အောင် ခပ်ခွာခွာပေးနေကြတော့ရော။

(၂) နည်းပညာတွေခေတ်စားလာတာနဲ့အမျှ ဒါမျိုးတွေနဲ့သာယာနေတတ်တာ

ဖုန်းတွေ ၊ ကွန်ပျူတာတွေ ၊ စိတ်ဝင်စားစရာ ဂိမ်းတွေ App တွေပေါ်လာတော့ ကိုယ့်မိသားစုထဲမှာထက် ဒါတွေနဲ့အချိန်ကုန်ရတာကို ပိုနှစ်သက်လာကြတယ်။ ဘာလို့လဲဆိုတော့မိသားစုထက်ဒါကကိုယ့်အတွက် စိတ်ပျော်စရာလို့သတ်မှတ်လာလို့ပါ။ ဒါကြောင့်အိမ်ဆိုတာလည်း ပိုက်ဆံရှိတာမရှိတာ ဆင်းရဲတာ ချမ်းသာတာထက် မိသားစုဆန်ဆန်နွေးနွေးထွေးထွေးနဲ့ အေးတူပူမျှပျော်စရာကောင်းဖို့လိုအပ်လိမ့်မယ်။

(၃) ကိုယ့်သားသမီးရဲ့စိတ်ကိုနားမလည်တာ

မိဘတွေကလည်းမိဘတွေအမြင်နဲ့ကြည့်တော့သားသမီးလုပ်သမျှမှားတယ်ထင် ပြန်ရှင်းပြတော့လည်း ပြန်ပြောတယ်ဆိုပြီးဆူနဲ့သားသမီးတွေကမွန်းကြပ်လာတတ်ပါတယ်။ ဒါကြောင့်မိဘလိုလည်းဆုံးမသူငယ်ချင်းလိုလည်းအဖော်ပြုပေးဖို့လိုပါတယ်။

(၄) တစ်ယောက်ခံစားချက်တစ်ယောက်နားလည်ပါ

မိဘတွေကလည်း သားသမီးကို ကိုယ်ငယ်ငယ်တုန်းကဆိုရင်ဆိုတဲ့စိတ်နဲ့ကိုယ်ချင်းစာပေးဖို့လိုသလိုသားသမီးတွေကလည်းငါသာငါ့အမေနေရာမှာဆိုရင် ငါ့အဖေနေရာဆိုတာမျိုးတွေးပေးရင် တစ်ယောက်နဲ့တစ်ယောက်နွေးထွေးဖို့မခက်ခဲတော့ပါဘူး။

180 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.