Wow…၂မိနစ်အတွင်းအိပ်ပျော်စေမယ့်နည်းတဲ့
ဘယ်လိုမျိုးလဲ?
Step 1
Step 2
Step 3
Step 4
ပထမတစ်ပုံ
ဒုတိယတစ်ပုံ
တတိယတစ်ပုံ
Unicode
ညဘက်ဆိုတော်တော်နဲ့အိပ်မပျော်၊အိပ်မရဖြစ်ကြတဲ့သူတွေရှိကြတယ်ဟုတ်!ဒီနေ့ခေတ်မှာဆို ဖုန်းတွေ၊ကွန်ပျူတာတွေကြည့်ရင်း လက်ကမချနိုင်ဖြစ်၊ပြီးရင်အိပ်မပျော်နဲ့ သန်းခေါင်ကျော်မှအိပ်ပျော်တတ်ကြတဲ့သူတွေအများကြီးပါ။လေ့လာချက်တွေအရဆို ယူအက်စ်မှာ လူသန်းပေါင်း ရဝက
အိပ်ပျော်ဖို့ခက်ခဲတဲ့ဝေဒနာခံစားနေရကြောင်းသိရပါတယ်။ဒီလိုတွေလေ့လာတွေ့ရှိပြီးတဲ့နောက်မှာတော့ယူအက်စ်စစ်တပ်ကနေ ၂မိနစ်အတွင်းကောင်းကောင်းအိပ်ပျော်သွားမယ့်နည်းလမ်းတစ်ခုကို မျှဝေခဲ့ပါတယ်တဲ့။
ဘယ်လိုမျိုးလဲ?
Step 1
လျှာ၊မေးစေ့၊မျက်လုံးတစ်ဝိုက်ကြွက်သားစတဲ့မျက်နှာကြွက်သားတွေကို ခဏလောက်အနားပေးပါ။
Step 2
ပုခုံးကို ခေါင်းအုံးနဲ့သက်တောင့်သက်သာအနေအထားပြင်ဆင်ပြီး လက်နှစ်ဖက်ကိုလည်းသက်တောင့်သက်သာဖြစ်အောင် ချလိုက်ပါ။တင်းအားတွေကိုလျှော့ချလိုက်ပါ။
Step 3
အသက်ပြင်းပြင်းရှုထုတ်ပါ။ပြီးရင် ခြေထောက်ကြွက်သားတွေတင်းမနေအောင် လျှော့လိုက်ပါ။ခြေထောက်နှစ်ဖက်ကို လုံးဝသက်တောင့်သက်သာဖြစ်အောင်ထားပါ။တစ်ချို့ရှိတယ် ခြေထောက်က ခပ်တန်းတန်းကြီးဖြစ်နေတာမျိုး၊ဟိုနေရာဒီနေရာနဲ့တိုက်ပြီးသက်တောင့်သက်သာမရှိတာမျိုး။အဲ့လိုမဖြစ်စေပဲ ကြွက်သားတင်းအားတွေလျှော့လိုက်ပါ။
Step 4
အပေါ်ကအဆင့်တွေကလွယ်ပေမဲ့ ခက်တာလာပါပြီ။စိတ်ထဲမှာဘာမှရှိမနေအောင်ရှင်းလင်းပါ။ကိုယ့်ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့အတွေးတွေ တစ်ခုမှရှိမနေအောင်ရှင်းဖို့ဆိုတာလွယ်တာမှတ်လို့။ဒါပေမဲ့ Lloyd Bud Winter ရေးသားသူစာရေးဆရာက ဒီပုံသုံးပုံက သင့်ကိုအိပ်မပျော်ဖြစ်စေတဲ့အတွေးတွေကိုဖယ်ရှားပေးနိုင်တယ်လို့ပြောလာပါတယ်။
ပထမတစ်ပုံ
အေးချမ်းဆိတ်ငြိမ်တဲ့ရေကန်ထဲက လှေလေးပေါ်မှာလှဲလျောင်းရင်းကောင်းကင်ပြာပြာကြီးကိုမော့ကြည့်နေရတယ်လို့စိတ်ကူးယဉ်ကြည့်ပါ
ဒုတိယတစ်ပုံ
လူတစ်ကိုယ်စာအိပ်လို့ရတဲ့ ဇိမ်ခံကတ္တီပါသားပုခက်ထဲမှာ အေးဆေးသက်တောင့်သက်သာအပန်းဖြေနေတယ်လို့သဘောထားပါ။
တတိယတစ်ပုံ
ပုံကိုကြည့်ရင်း ဘာမှမစဉ်းစားနဲ့ မတွေးနဲ့လို့ ၁ဝစက္ကန့်လောက်စိတ်ထဲကပြောပါ
ခဏကြာရင် အိပ်ပျော်သွားပါလိမ့်မယ်တဲ့။ဒီနည်းစနစ်လေးက အသစ်အဆန်းလေးဖြစ်လို့ ညဘက်အိပ်မပျော်ဘူးဆိုတဲ့သူတွေအတွက်စမ်းသပ်စရာနည်းလမ်းတစ်မျိုးပါပဲ။ဒီ twist လေးက မြန်မြန်အိပ်ပျော်အောင်ကူညီပေးပါလိမ့်မယ်။
ညဘက်တွေအရမ်းနောက်ကျမှအိပ်တာဟာ ကျန်းမာရေးကိုထိခိုက်စေလို့ ဒီနည်းလမ်းလေးတွေသုံးကြည့်ပြီး ကိုယ့်ကျန်းမာရေးကိုယ်စောင့်ရှောက်ပါလို့။ညဘက်စောစောအိပ်ပျော်တယ်၊ကောင်းကောင်းအိပ်ပျော်တယ်ဆိုတဲ့သူတွေရော ဘယ်လိုနည်းလမ်းလေးတွေသုံးကြလဲဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်ပြီးမျှဝေပေးခဲ့ဦးနော်
537 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.