မင္းသမီးေခ်ာ Go Sung Hee အတြက္ လက္ေဆာင္ပုိ႔ေပးခဲ႔တဲ႔ Lee Jong Suk

ေတာင္ကုိရီးယားမင္းသားေခ်ာ Lee Jong Suk ဟာ “While You Were Sleeping” ဇာတ္လမ္းတြဲမွာ တြဲဖက္သရုပ္ေဆာင္ခဲ႔ဖူးတဲ႔ မင္းသမီး Go Sung Hee အတြက္ လက္ေဆာင္ပုိ႔ေပးခဲ႔ပါတယ္တဲ႔။

သူမရဲ ႔ဇာတ္လမ္းတြဲအသစ္အတြက္ အားတင္းထားရေအာင္ ရုိက္ကြင္းကုိ ေကာ္ဖီကားတစ္စီးပုိ႔ေပးခဲ႔တာျဖစ္ပါတယ္။Lee Jong Suk က ေကာ္ဖီဆုိင္ေလးလည္းဖြင့္ထားေသးတာျဖစ္လုိ႔ အခုသူ႔ရဲ႔ ေကာ္ဖီဆုိင္ကေနလက္ေဆာင္ပို႔ေပးခဲ႔တာပါပဲ။အခုလက္ရွိမွာ Go Sung Hee ဟာ “Ms Ma, Nemesis”ဆုိတဲ႔ဇာတ္လမ္းတြဲအသစ္ရုိက္ကူးေနတာပါ။

ေအာက္တိုဘာ ၉ရက္ေန႔က Go Sung Hee ဟာ Lee Jong Suk ပုိ႔ေပးတဲ႔ ေကာ္ဖီကားနဲ႔တြဲရုိက္ထားတဲ႔ဓာတ္ပံုေလးေတြကုိတင္ခဲ႔ပါတယ္။ေကာ္ဖီကားမွာစာေလးေတာင္ပါပါေသးတယ္။ဘာေရးထားတာလဲဆုိေတာ့ “Sung Hee ေရ ဒီေန႔ေတာ့ ဆုိဂ်ဴအစားေကာ္ဖီေသာက္ရေအာင္! “ေက်းဇူးျပဳျပီး ကြ်န္ေတာ္တုိ႔ Sung Hee ကုိဂရုစုိက္ေပးပါ။သူမက အရမး္ႏူးည့ံၾကင္နာတတ္ပါတယ္!”လုိ႔ Jong Suk က ေရးထားတာပါ။

Go Sung Hee ကလည္း ပံုေလးနဲ႔အတူ “ဒီေန႔တစ္ေန႔လံုး ကြ်န္မေနမေကာင္းသလုိ ခံစားေနရတာပါ။ဒါေပမဲ့ သူ႔ဆီကေကာ္ဖီကားေရာက္လာေတာ့ ေက်းဇူးလည္းတင္ျပီး အားလည္းပုိရွိသြားတယ္”ဆုိတဲ႔စာသားေလးကုိေရးခဲ႔ပါတယ္။ျပီးေတာ့ Lee Jong Suk ကုိ Tag တြဲျပီး “ဒီလုိၾကင္နာမႈအတြက္ မေမ့ပါဘူး”ဆုိျပီးေျပာခဲ႔ပါေသးတယ္။

ရုပ္ရွင္ဇာတ္လမ္းတြဲတစ္ခုပဲ အတူတူရုိက္ဖူးတယ္ဆုိေပမဲ႔လည္း ကုိယ့္အႏုပညာေမာင္ႏွမအခ်င္းခ်င္း ဒီလုိအားေပးမႈေတြကအျမဲျမင္ေတြ႔ေနရတာ ၀မ္းသာၾကည္ႏူးစရာပါပဲ။

Source:Soompi

Unicode

တောင်ကိုရီးယားမင်းသားချော Lee Jong Suk ဟာ “While You Were Sleeping” ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး Go Sung Hee အတွက် လက်ဆောင်ပို့ပေးခဲ့ပါတယ်တဲ့။

သူမရဲ ့ဇာတ်လမ်းတွဲအသစ်အတွက် အားတင်းထားရအောင် ရိုက်ကွင်းကို ကော်ဖီကားတစ်စီးပို့ပေးခဲ့တာဖြစ်ပါတယ်။Lee Jong Suk က ကော်ဖီဆိုင်လေးလည်းဖွင့်ထားသေးတာဖြစ်လို့ အခုသူ့ရဲ့ ကော်ဖီဆိုင်ကနေလက်ဆောင်ပို့ပေးခဲ့တာပါပဲ။အခုလက်ရှိမှာ Go Sung Hee ဟာ “Ms Ma, Nemesis”ဆိုတဲ့ဇာတ်လမ်းတွဲအသစ်ရိုက်ကူးနေတာပါ။

အောက်တိုဘာ ၉ရက်နေ့က Go Sung Hee ဟာ Lee Jong Suk ပို့ပေးတဲ့ ကော်ဖီကားနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုတင်ခဲ့ပါတယ်။ကော်ဖီကားမှာစာလေးတောင်ပါပါသေးတယ်။ဘာရေးထားတာလဲဆိုတော့ “Sung Hee ရေ ဒီနေ့တော့ ဆိုဂျူအစားကော်ဖီသောက်ရအောင်! “ကျေးဇူးပြုပြီး ကျွန်တော်တို့ Sung Hee ကိုဂရုစိုက်ပေးပါ။သူမက အရမး်နူးည့ံကြင်နာတတ်ပါတယ်!”လို့ Jong Suk က ရေးထားတာပါ။

Go Sung Hee ကလည်း ပုံလေးနဲ့အတူ “ဒီနေ့တစ်နေ့လုံး ကျွန်မနေမကောင်းသလို ခံစားနေရတာပါ။ဒါပေမဲ့ သူ့ဆီကကော်ဖီကားရောက်လာတော့ ကျေးဇူးလည်းတင်ပြီး အားလည်းပိုရှိသွားတယ်”ဆိုတဲ့စာသားလေးကိုရေးခဲ့ပါတယ်။ပြီးတော့ Lee Jong Suk ကို Tag တွဲပြီး “ဒီလိုကြင်နာမှုအတွက် မမေ့ပါဘူး”ဆိုပြီးပြောခဲ့ပါသေးတယ်။

ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုပဲ အတူတူရိုက်ဖူးတယ်ဆိုပေမဲ့လည်း ကိုယ့်အနုပညာမောင်နှမအချင်းချင်း ဒီလိုအားပေးမှုတွေကအမြဲမြင်တွေ့နေရတာ ဝမ်းသာကြည်နူးစရာပါပဲ။

Source:Soompi

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.