သင္တုိ႕ခ်စ္သူနွစ္ဦးကစိတ္တူကိုယ္တူရွိတယ္ဆိုတာဘယ္အခ်က္ေတြကသိသာနုိင္လဲ….

ခ်စ္သူနွစ္ဦးဟာ ေရွ႕ေရးေအးခ်မ္းစြာေပါင္းဖက္ရဖို႕အတြက္ စိတ္တူကိုယ္တူျဖစ္ေနရင္ပိုလုိ႕မေကာင္းဘူးလား။ ဒါပင္မဲ႔လည္း မတူညီတဲ႔မိခင္နွစ္ေယာက္ကေနေမြးဖြားလာတဲ႔လူနွစ္ေယာက္က ဘယ္ေတာ႔မဆိုအားလံုးတူဖုိ႕ေတာ႔ခက္ခဲပါတယ္။ အျကိုက္ခ်င္းအားလံုးတူမွစိတ္တူကိုယ္တူလို႕ေခၚတာလားဆိုေတာ႔လည္းမဟုတ္ျပန္ဘူး။ အျကိုက္ခ်င္းမတူပင္မဲ႔ ဘယ္လုိအရာေတြထပ္တူက်ေနတာကို နွစ္ဦးသားစိတ္တူကိုယ္တူလုိ႕ေခၚတာလဲဆိုေတာ႔…

(၁) ဦးတည္ခ်က္တူျပီး စိတ္ခ်င္းဆက္

ဦးတည္ခ်က္ဆိုတာမ်ိဳးက သူလုပ္ငန္းနဲ႕ကိုယ္႔လုပ္ငန္းတူရမယ္လုိ႕မဆုိလိုဘူး ။ဒါမင္မဲ႔ နွစ္ေယာက္အတူဆုိတဲ႔ရည္မွန္းခ်က္ေတြတူညီတာမိ်ဳး၊ တစ္ခုခုေပၚကိုျမင္တဲ႔အျမင္ကကြဲျပားမေနပဲ တစ္ေယာက္မ်က္နွာတစ္ေယာက္ျကည္႔တာနဲ႕နားလည္ေနတာမ်ိဳး၊ ေျပာရရင္ေတာ႔ စိတ္ခ်င္းဆက္ေနတာမ်ိဳးပါ။

(၂) ဖန္တီးတည္ေဆာက္ခ်င္တဲ႔ဘ၀၊ ပိုင္ဆုိင္ခ်င္တဲ႔ဘ၀ပံုစံတူေနတာမ်ိဳး

ဖန္တီးတည္ေဆာက္ခ်င္တဲ႔ဘ၀ ပံုစံဟာ ကိုယ္႔စိတ္ကူးေလးလိုပဲ သူ႕စိတ္ကူးေလးကလည္းထပ္တူက်ေနတတ္တာမ်ိဳးကို လည္း စိတ္တူကိုယ္တူရွိတယ္ လိုက္ဖက္တယ္လို႕ေတြးလုိ႕ရပါတယ္။

(၃) တစ္ေယာက္ရဲ႕ရည္မွန္းခ်က္ကိုတစ္ေယာက္ေလးစားအသိမွတ္ျပဳတာမ်ိဳး

တစ္ေယာက္နဲ႕တစ္ေယာက္ Carrier ခ်င္းမတူပင္မဲ႔ သူ႕ သက္ေမြး၀မး္ေက်ာင္းကိုလည္းကိုယ္ကေလးစားသလို ကိုယ္႔ရဲ႕ရပ္တည္မႈ ကိုလည္းသူကသေဘာက်ေနတာမ်ိဳးျဖစ္ေနတတ္ပါတယ္။

(၄) တစ္ေယာက္ဘ၀ေရွ႕ေရးမွာတစ္ေယာက္ကိုမျဖစ္မေနပါ၀င္ေစခ်င္တာမ်ိဳး

တစ္ခ်ိဳ႕စံုတြဲေတြကတြဲသာတြဲေနတယ္ ေရွ႕ေရးဆုိတာမ်ိဳးကိုထည္႔စဥ္းစားေလ႔မရွိပါဘူး။ ဒါပင္္မဲ႔ ကိုယ္ေတြခ်စ္သူနွစ္ဦးကေတာ႔ ေတြ႕ဆံုတဲ႔အခ်ိန္တုိင္း ဟုတ္ဟုတ္ မဟုတ္ဟုတ္ သူနဲ႕ကိုယ္ တစ္ခ်ိန္ဖန္တီးတည္ေဆာက္မဲ႔အနာဂတ္အေျကာင္းေလးေတြ ကိုတုိင္ပင္ေနမိရင္ေတာ႔ သင္တုိ႕ရဲ႕အခ်စ္ေရးဟာသိပ္ကိုလိုက္ဖက္ညီေနပါျပီ။

ဒီေလာက္ဆုိရင္သင္တုိ႔နွစ္ဦးဟာ စိတ္တူကိုယ္တူနဲ႕သေဘာထားခ်င္းတူညီတဲ႔ခ်စ္စရာေကာင္းတဲ႔စံုတြဲတစ္တြဲျဖစ္ေနမွာပါ။ ဒီလိုလူမ်ိဳးကိုပိုင္ဆိုင္ထားရတဲ႔အခါ တစ္ခါတစ္ရံရန္ျဖစ္စကားမ်ားတာေလာက္နဲ႕ မစြန္႕လႊတ္မိပါေစနဲ႕…ေလာကျကီးမွာကိုယ္နဲ႕ကိုက္ညီတဲ႔သူ ကိုယ္႔အေပၚနားလည္တဲ႔သူ ကိုယ္႔စိတ္ကို သည္းခံနုိင္တဲ႔သူ ကိုယ္႔အေျပာကိုနာခံနုိင္တဲ႔သူဆုိတာ အမ်ားျကီးမရွိလာနုိင္ပါဘူး။

Unicode

ချစ်သူနှစ်ဦးဟာ ရှေ့ရေးအေးချမ်းစွာပေါင်းဖက်ရဖို့အတွက် စိတ်တူကိုယ်တူဖြစ်နေရင်ပိုလို့မကောင်းဘူးလား။ ဒါပင်မဲ့လည်း မတူညီတဲ့မိခင်နှစ်ယောက်ကနေမွေးဖွားလာတဲ့လူနှစ်ယောက်က ဘယ်တော့မဆိုအားလုံးတူဖို့တော့ခက်ခဲပါတယ်။ အကြိုက်ချင်းအားလုံးတူမှစိတ်တူကိုယ်တူလို့ခေါ်တာလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ အကြိုက်ချင်းမတူပင်မဲ့ ဘယ်လိုအရာတွေထပ်တူကျနေတာကို နှစ်ဦးသားစိတ်တူကိုယ်တူလို့ခေါ်တာလဲဆိုတော့…

(၁) ဦးတည်ချက်တူပြီး စိတ်ချင်းဆက်

ဦးတည်ချက်ဆိုတာမျိုးက သူလုပ်ငန်းနဲ့ကိုယ့်လုပ်ငန်းတူရမယ်လို့မဆိုလိုဘူး ။ဒါမင်မဲ့ နှစ်ယောက်အတူဆိုတဲ့ရည်မှန်းချက်တွေတူညီတာမျိုး၊ တစ်ခုခုပေါ်ကိုမြင်တဲ့အမြင်ကကွဲပြားမနေပဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်တာနဲ့နားလည်နေတာမျိုး၊ ပြောရရင်တော့ စိတ်ချင်းဆက်နေတာမျိုးပါ။

(၂) ဖန်တီးတည်ဆောက်ချင်တဲ့ဘဝ၊ ပိုင်ဆိုင်ချင်တဲ့ဘဝပုံစံတူနေတာမျိုး

ဖန်တီးတည်ဆောက်ချင်တဲ့ဘဝ ပုံစံဟာ ကိုယ့်စိတ်ကူးလေးလိုပဲ သူ့စိတ်ကူးလေးကလည်းထပ်တူကျနေတတ်တာမျိုးကို လည်း စိတ်တူကိုယ်တူရှိတယ် လိုက်ဖက်တယ်လို့တွေးလို့ရပါတယ်။

(၃) တစ်ယောက်ရဲ့ရည်မှန်းချက်ကိုတစ်ယောက်လေးစားအသိမှတ်ပြုတာမျိုး

တစ်ယောက်နဲ့တစ်ယောက် Carrier ချင်းမတူပင်မဲ့ သူ့ သက်မွေးဝမး်ကျောင်းကိုလည်းကိုယ်ကလေးစားသလို ကိုယ့်ရဲ့ရပ်တည်မှု ကိုလည်းသူကသဘောကျနေတာမျိုးဖြစ်နေတတ်ပါတယ်။

(၄) တစ်ယောက်ဘဝရှေ့ရေးမှာတစ်ယောက်ကိုမဖြစ်မနေပါဝင်စေချင်တာမျိုး

တစ်ချို့စုံတွဲတွေကတွဲသာတွဲနေတယ် ရှေ့ရေးဆိုတာမျိုးကိုထည့်စဉ်းစားလေ့မရှိပါဘူး။ ဒါပင််မဲ့ ကိုယ်တွေချစ်သူနှစ်ဦးကတော့ တွေ့ဆုံတဲ့အချိန်တိုင်း ဟုတ်ဟုတ် မဟုတ်ဟုတ် သူနဲ့ကိုယ် တစ်ချိန်ဖန်တီးတည်ဆောက်မဲ့အနာဂတ်အကြောင်းလေးတွေ ကိုတိုင်ပင်နေမိရင်တော့ သင်တို့ရဲ့အချစ်ရေးဟာသိပ်ကိုလိုက်ဖက်ညီနေပါပြီ။

ဒီလောက်ဆိုရင်သင်တို့နှစ်ဦးဟာ စိတ်တူကိုယ်တူနဲ့သဘောထားချင်းတူညီတဲ့ချစ်စရာကောင်းတဲ့စုံတွဲတစ်တွဲဖြစ်နေမှာပါ။ ဒီလိုလူမျိုးကိုပိုင်ဆိုင်ထားရတဲ့အခါ တစ်ခါတစ်ရံရန်ဖြစ်စကားများတာလောက်နဲ့ မစွန့်လွှတ်မိပါစေနဲ့…လောကကြီးမှာကိုယ်နဲ့ကိုက်ညီတဲ့သူ ကိုယ့်အပေါ်နားလည်တဲ့သူ ကိုယ့်စိတ်ကို သည်းခံနိုင်တဲ့သူ ကိုယ့်အပြောကိုနာခံနိုင်တဲ့သူဆိုတာ အများကြီးမရှိလာနိုင်ပါဘူး။

273 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.