သူမရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဒီလိုစိတ်မကောင်းစရာအကြောင်းတွေလည်းရှိခဲ့တယ်

ဒီနေ့ဒီအချိန်မှာ Lee Ji-eun လို့ခေါ်တဲ့ IU ဟာ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော် မိန်းကလေးအဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။သရုပ်ဆောင်လောကဘက်ကိုလည်းခြေချနေပြီဖြစ်သလို ဂီတလောကမှာအခိုင်အမာနေရာရထားတဲ့ IU ဟာ ဒီလိုအောင်မြင်တဲ့ဘ၀ကို သက်တောင့်သက်သာလေးရလာခဲ့တာမဟုတ်ပါဘူး။ခက်ခဲကြမ်းတမ်းတဲ့ဘ၀အခြေအနေကြီးကိုဖြတ်ကျော်ခဲ့ပြီးမှ ဒီလိုအောင်မြင်လာခဲ့တာပါ။သူမ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ခဲ့ရလဲ…

*ချို့တဲ့ တဲ့ဘ၀အခြေအနေ
IU ရဲ့မိဘတွေက စီးပွားရေးမပြေလည်တဲ့အတွက် ရုန်းကန်လှုပ်ရှားနေရလို့ IU နဲ့သူမရဲ့ မောင်လေးဟာ အဘွားနဲ့သာအမြဲတစေအတူရှိခဲ့ပြီးအဘွားလက်ထဲမှာသာအရွယ်ရောက်ကြီးပြင်းလာခဲ့ရပါတယ်။သူတို့သုံးယောက်ဟာ ပိုးဟပ်တွေပြည့်နေတဲ့အခန်းကျဉ်းလေးထဲမှာနေခဲ့ရပြီး နောက်တော့ ဆွေမျိုးတစ်ယောက်ရဲ့ အိမ်မှာသွားနေခဲ့ရပါတယ်။ဒါပေမဲ့ အဲ့ဒီအိမ်ဟာလည်း မြေးအဘွားသုံးယောက်ကိုမကြည်ဖြူခဲ့ပါဘူး။အဲ့ဒီလိုပင်ပန်းဆင်းရဲတဲ့အချိန်ကတည်းက IU ဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာဖို့ သူမတတ်နိုင်သလောက်ကြိုးစားမယ်ဆိုပြီးဆုံးဖြတ်ချက်ချခဲ့တာပါ။

*မရှိမဲ့ရှိမဲ့ငွေလေးတွေအလိမ်ခံခဲ့ရဖူးတယ်
IU ဟာ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ကြိုးစားနေတဲ့အချိန်မှာ ငွေကြေးအလိမ်ခံခဲ့ရပါတယ်။ပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတုန်း အေဂျင်စီတစ်ခုကသူမကို တီဗီအစီအစဉ်တွေမှာပါခွင့်ရမယ်ဆိုပြီးလှည့်ဖျားခဲ့တာပါ။သူမဆုံးရှုံးလိုက်ရတဲ့ငွေတွေက အဘွားဖြစ်သူက ပစ္စည်းလေးတွေနည်းနည်းစီရောင်းချပြီးရှာဖွေထားတဲ့ချွေးနဲစာဖြစ်လို့ IU ဟာ စိတ်ထိခိုက်ကြေကွဲခဲ့ရဖူးပါတယ်။

*သူမရဲ့အိပ်မက်အတွက် အားလုံးကိုစွန့်လွှတ်ခဲ့တယ်
Healing Camp အစီအစဉ်မှာ IU က “သူမအနေနဲ့ကောလိပ်တက်ဖို့ထိအဆင့်မကောင်းခဲ့ပါဘူး။ဒါပေမဲ့သူမရဲ့နာမည်ကျော်ကြားလာမှုကြောင့် ကိုရီးယားတက္ကသိုလ်တော်တော်များများဟာ အထူးအခွင့်အရေးတွေနဲ့ကမ်းလှမ်းလာခဲ့ပါတယ်တဲ့။ဒီလိုကမ်းလှမ်းမှုတွေရှိလာပေမဲ့ IU က အားလုံးကိုငြင်းခဲ့ပြီးသူမရဲ့ဂီတအလုပ်ကိုသာအာရုံစိုက်ပြီးလုပ်ခဲ့ပါတယ်”လို့ပြောပြခဲ့ပါတယ်။

*သူမအောင်မြင်ခဲ့ပြီးနောက် မိသားစုကိုပြန်ထောက်ပံ့နိုင်ခဲ့တယ်

IU ဟာ ၂၀၀၈ ခုနှစ်မှာပွဲဦးထွက်ခွင့်ရခဲ့ပြီး “Boo” ၊ “Marshmallow” စတဲ့သီချင်းတွေနဲ့နာမည်ကြီးခဲ့ပါတယ်။၂၀၀၉ မှာတော့ IU ဟာသူမရဲ့ အဖေ အိပ်မက်မက်ခဲ့ဖူးတဲ့ကားတစ်စီးဝယ်ပေးခဲ့ပါတယ်။သူမရဲ့ မိသားစုပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာသိပ်မတင်ပေမဲ့ သူမရဲ့ အဖေနဲ့အတူ စတော်ဘယ်ရီစိုက်ခင်းထဲမှာပျော်ရွှင်နေတဲ့ပုံလေးတွေ၊သူမရဲ့မောင်လေးနဲ့ပြောထားတဲ့မက်ဆေ့ခ်ျတွေကိုတော့ မကြာခဏဆိုသလို တွေ့ရပါတယ်။IU ဟာ သူမရဲ့ မိဘတွေအတွက်ကလေးမလေးဆိုပေမဲ့ သူမရဲ့ မောင်လေးအတွက်တော့ အစ်မကြီးပီသခဲ့တာကို အဲ့ဒီမက်ဆေ့ခ်ျတွေကနေ မြင်တွေ့ခဲ့ရပါတယ်။

*ပြင်းပြင်းထန်ထန်ကြိုးစားမှုကြောင့် ကျန်းမာရေးကိုပါထိခိုက်ခဲ့တယ်
သူမရဲ့ ”Real” အယ်လ်ဘမ်မထွက်ခင် အလုပ်အပေါ်အာရုံစိုက်မှုများသွားတာကြောင့် ပင်ပန်းပြီးဆေးရုံတက်ခဲ့ရဖူးပါတယ်။ပရိသတ်တွေက သူမဟာအရမ်းပိန်သွယ်လွန်းတာကြောင့်ကျန်းမာရေးအတွက်စိတ်ပူခဲ့ကြပါသေးတယ်။အဲ့ဒီကတည်းက IU ဟာ ကျန်းမာရေးကိုလည်းဂရုစိုက်ပြီး အားကစားလည်းအမြဲလုပ်ခဲ့ပါတယ်။သူမရဲ့အဓိကအားကစားကတော့ ယောဂလေ့ကျင့်ခန်းပါပဲ။မကြာခဏဆိုသလို ယောဂလုပ်နေတဲ့ဗီဒီယိုလေးတွေတင်တတ်ပါတယ်။

*အစားအသောက်နဲ့ပတ်သက်လို့ရောဂါကြီးကြီးမားမားဖြစ်ခဲ့ဖူးတယ်

၂၀၁၄ တုန်းက IU ဟာ Bulimia ဆိုတဲ့ရောဂါတစ်မျိုးခံစားခဲ့ရကြောင်းပြောပြလာပါတယ်။အဲ့ဒါက ၀ိတ်ချဖို့ဆန္ဒပြင်းထန်နေခြင်းပါ။စိတ်ဖိစီးမှုတွေအရမ်းများနေပြီး ဘာပဲစားစားပြန်အန်ထုတ်တဲ့ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။သူမကိုယ်သူမမုန်းလာပြီး အစားစားချင်စိတ်လည်းမရှိခဲ့ပါဘူး။သူမမှာ
အိပ်တာနဲ့စားတာနှစ်ခုပဲရွေးချယ်စရာရှိတော့တယ်လို့ခံစားရတဲ့အထိစိတ်ပင်ပန်းမှုတွေရခဲ့တဲ့အကြောင်း ပြောပြခဲ့တာပါ။အခုတော့အစားအသောက်ကိုပုံမှန်စားပြီးကျန်းမာရေးကိုထိန်းသိမ်းနေပါပြီ။

*ရွှေနှလုံးသားပိုင်ရှင်
၂၀၁၅ တုန်းက IU ဟာ ငွေကြေးချို့တဲ့တဲ့ကလေးငယ်တွေကိုကူညီဖို့ ယူအက်စ်ဒီဒေါ်လာ ၁၀၀၀၀၀ လှူဒါန်းခဲ့ပါတယ်။အဲ့ဒီလိုလှူဒါန်းမှုဟာ တစ်ခြားသူတွေကိုပါကူညီပံ့ပိုးပေးချင်စိတ်ဖြစ်လာအောင်လွှမ်းမိုးမှုရှိလာခဲ့ပါတယ်။IU ဟာသူမ တက်ခဲ့တဲ့အထက်တန်းကျောင်းက ကလေးတွေအတွက် ပညာထူးချွန်သူတွေကို တက္ကသိုလ်တက်နိုင်အောင်ကူညီပံ့ပိုးပေးခဲ့ပါသေးတယ်။စာကြည့်တိုက်လည်းလုပ်ပေးခဲ့ဖူးပြီး ပညာရေးပိုင်းနဲ့ဆက်နွယ်တဲ့ကူညီမှုတွေကို အများကြီးလုပ်ပေးခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

*သူငယ်ချင်းသံယောဇဉ်က သူမအတွက်အရမ်းအရေးပါတယ်

IU ဟာသူငယ်ချင်းလည်းအရမ်းခင်တတ်သူပါ။သူမနဲ့ မင်းသမီး Yoo In Na ဟာ အသက်အရွယ်အနည်းငယ်ကွာခြားပေမဲ့လည်း တကယ့် BFF တွေပါပဲ။အနုပညာလောကမှာလည်းသူတို့နှစ်ယောက်ကအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေအဖြစ်နာမည်ကြီးပါတယ်။၂၀၁၇ တုန်းက IU ဟာ “Album of the Year” ဆုကိုရခဲ့ပြီး အဲ့ဒီမှာ Yoo In Na ကို သူမရဲ့ ဘေးမှာအမြဲတမ်းရှိနေပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောထားပါတယ်။

*သူမကိုသန်မာလာစေတဲ့ သူမရဲ့ ကြေကွဲဝမ်းနည်းဖွယ်ခံစားချက်
“A Lost Puppy” သီချင်းရေးတုန်းက IU ဟာ သူမအနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့အချစ်မခံရတဲ့၊နာမည်မကြီးတော့တဲ့အချိန်ကိုစိတ်ကူးယဉ်မှန်းဆပြီးရေးခဲ့တာပါလို့ပြောပြခဲ့ပါတယ်။ဒီစာသားတွေဟာ အထီးကျန်ပြီးထိရှလွန်းလို့ပရိသတ်တွေအားလုံးက ၀မ်းနည်းစွာမျက်ရည်ကျခဲ့ရပါတယ်။အဲ့ဒီသီိချင်းဟာလည်း နားမထောင်မဖြစ်နားထောင်ရမယ့်ကေပေါ့ပ်သီချင်း ၂၀ထဲမှာပါဝင်ခဲ့ပါတယ်။

483 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.