အလုပ်အမြဲများနေတဲ့ Busy Parents တွေအတွက်

အိမ်ထောင်စု တစ်ခုမှာ အထူးသဖြင့်မေမေတွေပေါ့လေ ၊ အပြင်အလုပ်လုပ်နေတဲ့ မေမေတွေဆိုပိုမှန်မယ်။ သူတို့မှာမိသားစု အတွက်ရော အလုပ်အတွက်ပါ လစ်ဟင်းမှုမရှိလေအောင်ကြိုးစားရတာကြောင့်အချိန်တွေကို ဘယ်လိုmanagementလုပ်ပြီး အသုံးချမလဲဆိုတာ…

1. အရေးကြီးတာကစပြီး အစဉ်လိုက်လုပ်ပါ

အရေးကြီးတာကစပြီး အစဉ်လိုက်လုပ်ပါ နေ့တစ်နေ့ရဲ့ အစဆိုပါဆို့။ ဒါဆိုဒီနေ့ရဲ့လက်ရှိအခြေနေအတွက်ဘယ်အရာက အချိန်မှီအောင်လုပ်ဖို့အရေးကြီးဆုံးလဲ။ ဘာကို ဦးစားပေးပြီး အရင်လုပ်ရမလဲဆိုတာကို စဉ်းစားပြီး အစဉ်လိုက်လုပ်ဆောင်သင့်ပါတယ်။ ဒါက အချိန်နဲ့တစ်ပြေးညီ အလုပ်တွေကို မြန်မြန်ပြီးစေတဲ့နည်းဆိုလည်းမမှားပါဘူး။

2. အကြမ်းဖျင်း အချိန်ဇယားကြိုဆွဲပါ

 အကြမ်းဖျင်း အချိန်ဇယားကြိုဆွဲပါ မနက်ရောက်လို့လောလော လောလောနဲ့လုပ်စရာတွေများနေတာမျိုး တွေမဖြစ်ရလေအောင် ညဘက်ကတည်းက မနက်လုပ်ဆောင်မဲ့ မလုပ်တွေကို အချိန်စာရင်းဆွဲတာမျိုး၊

အစဉ်လိုက်စီစဉ်ထားတာမျိုး လေးတွေ ကို လုပ်ပါ။ ဒါဟာမနက်ရောက်မှ အကုန်လုံးကိုလောလော လောလော လျှောက်လုပ်နေရတာထက်ပိုပြီး အဆင်ပြေစေပါတယ်။

3. အလုပ်တာဝန်တွေကိုမျှလို့ရသလောက်မျှဝေပါ

အလုပ်တာဝန်တွေကိုမျှလို့ရသလောက်မျှဝေပါအလုပ်တွေကို ကိုယ်တစ်ယောက်တည်းလုပ်ရမယ်ဆိုတာမျိုး မဟုတ်ပဲ အိမ်က တစ်ခြားလုပ်နိုင်ကိုင်နိုင် ကူညီနိုင်တဲ့မိသားစုဝင်တွေနဲ့ အတူ မျှဝေပြီးလုပ်ဆောင်ပါ။ ဒါဟာကိုယ့်အချိန်ကို ပိုထွက်လာစေသလို အလုပ်ကို မြန်မြန်ပြီးစေပါတယ်။

4. တစ်လှည့်စီစနစ်ကိုကျင့်သုံးပါ

 တစ်လှည့်စီစနစ်ကိုကျင့်သုံးပါ အိမ်မှုကိစ္စ မလို့ မိန်းမဖြစ်သူပဲလုပ်ရမယ် မဟုတ်ပဲ ယောက်ျားရော မိသားစုဝင်ထဲက လူတွေနဲ့ပါ တာဝန်ကိုယ်စီ ခွဲယူပြီး တစ်ရက်စီ တာဝန် တွေကိုခွဲယူပြီး အလှည့်ကျလုပ်ရတဲ့စနစ်ကိုကျင့်သုံးပါ။

5. အချိန်မရဘူးဆိုတာကိုရိုးသားစွာဝန်ခံပြီးနေထိုင်ပါ

အချိန်မရဘူးဆိုတာကိုရိုးသားစွာဝန်ခံပြီးနေထိုင်ပါ ကိုယ့်မှာ အလုပ်ကတစ်ဖက် အိမ်ကိစ္စက တစ်ဖက်နဲ့ အချိန်မရဘူးဆိုတာကို ကိုယ်ကိုယ်တိုင်ရောသူများပါသိအောင်နေထိုင်ပါ။ ဆိုလိုတာက ကိုယ်အချိန်မရတာကိုမရဘူး မပြောပဲ မနက်ပိုင်းဧည့်သည်တွေနဲ့ အကျိုးမရှိတာတွေပြောတာမျိုး၊ ပုံမှန်တိုင်း မနက်စာစားလို့ရရဲ့သားနဲ့ အရေးကြီးခွင်ကျယ်စားသောက်ပွဲအကြီးကြီးတွေပြင်တာမျိုးစသည်ဖြင့်ကိုယ်အချိန်မရှိတာကိုသတိမရပဲ မလိုအပ်တဲ့နေရာတွေမှာ အချိန်ကုန်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။

52 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.