ဆင်လေးတွေကပေးတဲ့ ဘ၀သင်ခန်းစာများ…
Unicode
ဆင်ဆိုတာ လူသားနဲ့အနီးစပ်ဆုံး အသိဉာဏ်အရှိဆုံးတိရစ္ဆာန်မျိုးနွယ်ဖြစ်ပါတယ်။ဒီဆင်တွေဆီကနေ လူသားတွေပြန်လည်သင်ယူနိုင်တဲ့သင်ခန်းစာတွေဆိုတာလည်းရှိနေပါတယ်။ဘယ်လိုသင်ခန်းစာတွေလဲ?
*ကိုယ်ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုတွေ့တဲ့အခါ သူကကိုယ့်ကိုစွန့်လွှတ်မသွားမချင်း လက်ကိုဖမ်းဆုပ်ထားပါ
*တစ်ခါတစ်လေကိုယ့်ဆီက ပွေ့ဖက်နှစ်သိမ့်မှုကိုစောင့်မျှော်နေတဲ့သူတွေရှိတတ်ပါတယ်။ဝမ်းနည်းအားငယ်နေတဲ့သူအတွက် ဒီလိုပွေ့ဖက်မှုက အားအင်ဖြစ်စေမှာပါ။
*တစ်ခါတစ်ရံ ကိုယ့်အနားမှာအမြဲတမ်းရှိနေပေးမဲ့ သူငယ်ချင်းကောင်းတစ်ချို့လိုအပ်ပါတယ်
*မိသားစုနဲ့အတူတူရှိတဲ့အချိန်ဟာ ဘယ်လိုအနှောင့်အယှက်မျိုးမဆို မရှိသင့်တဲ့ အရေးကြီးဆုံးတန်ဖိုးအရှိဆုံး အချိန်တစ်ခုပါ
*ကိုယ်ဘယ်သူလဲဆိုတာ သေချာဖော်ပြနိုင်ပါစေ
*ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စရာတွေမျှဝေခံစားတတ်ပါစေ
*တစ်ခါတစ်လေ အချိန်ခဏပေးပြီးလမ်းထွက်လျှောက်လိုက်တာက သင်ခေါင်းရှုပ်နေတာတွေရှင်းဖို့လိုအပ်နေတဲ့နည်းလမ်းတစ်ခုပါပဲ။
*ကိုယ့်ထက်အသက်အရွယ်ကြီးသူတွေပြောတာကို နားထောင်ပြီးစဉ်းစားချင့်ချိန်တတ်ပါစေ။ကိုယ့်ထက်အသက်ကြီးလေ သူတို့က ကိုယ်တွေထက် များပြားလှတဲ့ဘဝအတွေ့အကြုံတွေ ကြုံတွေ့ပြီးပြီဖြစ်ဖို့ ဘယ်ဟာက မှန်တယ်၊မှားတယ်ဆိုတာ ကိုယ့်ထက်ပိုပြီးသိနိုင်ပါတယ်။
*ကိုယ့်ကိုတကယ်ချစ်ခင်သူတွေဟာ ကိုယ်ကျရှုံးတဲ့အချိန်တိုင်း၊ကိုယ်လဲကျတဲ့အချိန်တိုင်း အမြဲနောက်မှာရှိနေတယ်။
*ကိုယ်လိုချင်တဲ့အရာက ဟိုးအမြင့်ကြီးမှာရှိနေရင်တောင်ဆက်သွားပါ။ဆက်လျှောက်ပါ။အဆုံးသတ်မှာ သင့်ကိုယ်သင့်တောင် ဟုတ်မှဟုတ်ရဲ့လား အံ့သြယူရပါလိမ့်မယ်။
*ဆင်တွေအတွက် ရေအသစ်ဆိုတာစမ်းသပ်ကြည့်ဖို့လိုသလို လူသားတွေအတွက်လည်းဘယ်လိုအသစ်အဆန်းမဆိုစမ်းသပ်ကြည့်ဖို့လိုပါတယ်။စမ်းသပ်ပြီးမှကောင်းတယ်ဆိုးတယ်သိမှာပါ။
ဒါတွေကတော့ ဆင်လေးတွေကိုကြည့်ပြီး ရရှိခဲ့တဲ့ဘဝသင်ခန်းစာတွေပါပဲ။
139 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.