အလုပ်တစ်နေရာကနေတစ်နေရာပြောင်းတော့မယ်ဆိုဒီလိုPsycho တွေဝင်တတ်ကြတယ်ဟုတ်



Unicode

တစ်ချို့သောသူတွေဟာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကနေတစ်ခြားပိုသင့်တော်တဲ့နေရာတစ်နေရာကို ပြောင်းတော့မယ်လို့ကြံလိုက်တာနဲ့ Psycho အသေးစားလေးတွေဝင်တတ်ကြပါတယ်။ များသောအားဖြင့်တွေးတတ်ကြတာက နောက်တစ်နေရာပြောင်းရင် အံဝင်ခွင်ကျဖြစ်ပါ့မလား၊ အင်တာဗျူမှာပြောထားသလိုတွေမဟုတ်ပဲ ကိုယ်နားမလည်မတတ်သိတာတွေများပါနေမလား၊ ပေါင်းသင်းဆက်ဆံရေးတွေကရော ဘယ်လိုလဲ ကိုယ့်အပေါ်လိုက်လိုက်လျောလျောရှိပါ့မလား စသည်ဖြင့်တွေးတောစိတ်ပူတတ်ကြပါတယ်။ ဒီလိုပူပန်တတ်တဲ့သူတွေကသေချာပါတယ် အလုပ်ကြောမနပ်သေးတာရော ငယ်ရွယ်ပြီးမရင့်ကျက်သေးတာရောဖြစ်နိုင်ပါတယ်။ တကယ်ကိုယ့်ရဲ့ Carrier အပေါ် ကျွမ်းကျင်သင့်သလောက်ကျွမ်းကျင်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအနည်းငယ်ထည့်လိုက်ရင် ဘယ်လုပ်ငန်းခွင်ကိုမဆို ပိုကောင်းရင်ကောင်းသလို ကိုယ့်တက်လမ်းရှိရင်ရှိသလိုပြောင်းလဲယူလို့ရပါတယ်။ အဓိကကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့…ဘယ်နေရာရောက်ရောက် ဘယ်သူတွေနဲ့တွေ့တွေ့ ဘယ်လုပ်ငန်းကို လုပ်ကိုင်လုပ်ကိုင် ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ထားတတ်ရင် ကိုယ့်တက်လမ်းက အော်တိုပွင့်နေမှာပါ…တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလို ကိုယ့်တက်လမ်းကိုအပိတ်ခံပြီး ငါဒီနေရာလေးမှာပဲအဆင်ပြေပါတယ်လေဆိုပြီးကျောက်ချပြီးမနေဖို့တော့အကြံပေးပါရစေ….

178 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.