ဒီေန႔အတြက္ သင္ဘာေတြအေကာင္းဆံုးလုပ္ျပီးျပီလဲ?

မနက္ျဖန္ဆိုတာ မေသခ်ာတဲ့လူ႔ဘ၀ကုိပုိင္ဆုိင္ထားတာပါ။ဒါေၾကာင့္ မနက္ျဖန္အတြက္၊ေနာင္အနာဂတ္အတြက္ေတြ ၾကိဳတင္စီမံကိန္းခ်ျပီးေဆြးေႏြးေနတာေတြရပ္လိုက္ပါဦး။ဒီေန႔တစ္ေန႔တာအတြက္ေရာ အေကာင္းဆံုးလုပ္ျပီးျပီလား အရင္ဆန္းစစ္ၾကည့္ပါ။

ဒီေန႔ဘယ္သူ႔ကုိစိတ္ဆုိးေဒါသထြက္ေအာင္လုပ္မိခဲ႔လဲ? ဘယ္သူ႔ကုိ ေစတနာနဲ႔လမ္းျပေပးခဲ႔ျပီးျပီလဲ? မိဘေတြအေပၚမွာေရာ ေကာင္းေကာင္းမြန္မြန္ဆက္ဆံမိခဲ႔ရဲ႔လား?ကုိယ့္မိဘအတြက္ ဘာေကာင္းတာေတြလုပ္ေပးျပီးျပီလဲ?ေမာင္ႏွမေဆြမ်ိဳးေတြအေပၚမွာေရာ ေႏြးေႏြးေထြးေထြးဆက္ဆံခဲ႔ရဲ႔လား?ဘယ္သူ႔ကုိ ကူညီေပးခဲ႔ျပီးျပီလဲ? လက္ရွိအလုပ္အတြက္ေရာ အေကာင္းဆံုးလုပ္ေပးခဲ႔ရဲ႔လား? စသျဖင့္ေပါ့။

ကုိယ့္ရဲ႔ဒီေန႔တစ္ေန႔တာေလးအက်ိဳးရွိေအာင္လုပ္ဖုိ႔မေမ့ပါနဲ႔။မနက္ခင္းႏုိးလာျပီဆုိရင္ စိတ္ေလးရွင္းရွင္းထား။ဘယ္သူ႔အေပၚမွာမွ စိတ္မခုနဲ႔၊ေဒါသမထြက္နဲ႔၊အရာရာကုိအေကာင္းျမင္ျပီး တစ္ျခားသူအေပၚေစတနာအျပည့္နဲ႔ဆက္ဆံျပဳမူပါ။ကုိယ့္အေပၚစိတ္ဆုိးစိတ္ခုေအာင္ေျပာထားဆုိထားသူေတြအေပၚလည္းနာက်ည္းမေနပဲ ခြင့္လႊတ္ေပးလိုက္ပါ။ဒီအပူေတြကုိသံသရာထိမယူသြားပါနဲ႔။

ေတာင္းပန္ရမယ့္လူကုိေတာင္းပန္၊ခြင့္လႊတ္ရမယ့္လူကုိခြင့္လႊတ္ပါ။တစ္ေယာက္နဲ႔တစ္ေယာက္အမုန္းပြားေနတာေတြရပ္ျပီး အနားမွာရွိတဲ႔သူေတြကုိတန္ဖုိးထားပါ။ေနာက္မွလုပ္မယ္ဆုိတဲ႔အေတြးေတြကုိရပ္လို႔ ဒီေန႔တစ္ေန႔တာအတြက္ပဲ အေကာင္းဆံုးဘယ္လုိလုပ္ရမလဲစဥ္းစားပါ။

အိပ္မက္ေတြ၊အနာဂတ္ေတြ၊ပန္းတုိင္ေတြအသာထားလုိ႔ ဒီေန႔တစ္ေန႔တာရဲ႔႔ပန္းတုိင္ကုိသာ အေကာင္းဆံုးျဖတ္သန္းႏုိင္ဖုိ႔ၾကိဳးစားပါ။ကုိယ္ခ်စ္ရတဲ႔သူေတြကုိလည္းခ်စ္တယ္ဆုိတာသိေစပါ။အခ်ိန္လြန္မွ ဘာမွေျပာလုိ႔မရပါဘူးေနာ္။ညအိပ္ရာ၀င္ခါနီးမွာ ကုိယ္ဒီေန႔အတြက္ ေနာင္တရစရာမရွိေအာင္ လုပ္ခဲ့ျပီးျပီလားစဥ္းစားပါ။စိတ္ဆုိးေဒါသထြက္ျပီး ပူပင္ေသာကေတြနဲ႔အိပ္ရာမ၀င္ပါနဲ႔။မ်က္စိတစ္မွိတ္ဆုိတဲ႔အခ်ိန္အတြင္း ဘာမဆုိျဖစ္သြားႏုိင္တာမို႔လို႔ လက္ရွိအခ်ိန္ေလးကုိ တန္ဖုိးထားျပီးအေကာင္းဆံုးနဲ႔အက်ိဳးရွိရွိျဖတ္သန္းၾကပါလို႔တိုက္တြန္းအၾကံျပဳလိုက္ပါတယ္။

ကုိယ့္ရဲ႔ေန႔ရက္တိုင္းကုိ ပန္းခ်ီကားတစ္ခ်ပ္လိုလွပေအာင္ျခယ္မႈန္းပါ။ေနာက္ဆံတင္းစရာမရွိေအာင္ ဖန္တီးပါ။

Unicode

မနက်ဖြန်ဆိုတာ မသေချာတဲ့လူ့ဘဝကိုပိုင်ဆိုင်ထားတာပါ။ဒါကြောင့် မနက်ဖြန်အတွက်၊နောင်အနာဂတ်အတွက်တွေ ကြိုတင်စီမံကိန်းချပြီးဆွေးနွေးနေတာတွေရပ်လိုက်ပါဦး။ဒီနေ့တစ်နေ့တာအတွက်ရော အကောင်းဆုံးလုပ်ပြီးပြီလား အရင်ဆန်းစစ်ကြည့်ပါ။

ဒီနေ့ဘယ်သူ့ကိုစိတ်ဆိုးဒေါသထွက်အောင်လုပ်မိခဲ့လဲ? ဘယ်သူ့ကို စေတနာနဲ့လမ်းပြပေးခဲ့ပြီးပြီလဲ? မိဘတွေအပေါ်မှာရော ကောင်းကောင်းမွန်မွန်ဆက်ဆံမိခဲ့ရဲ့လား?ကိုယ့်မိဘအတွက် ဘာကောင်းတာတွေလုပ်ပေးပြီးပြီလဲ?မောင်နှမဆွေမျိုးတွေအပေါ်မှာရော နွေးနွေးထွေးထွေးဆက်ဆံခဲ့ရဲ့လား?ဘယ်သူ့ကို ကူညီပေးခဲ့ပြီးပြီလဲ? လက်ရှိအလုပ်အတွက်ရော အကောင်းဆုံးလုပ်ပေးခဲ့ရဲ့လား? စသဖြင့်ပေါ့။

ကိုယ့်ရဲ့ဒီနေ့တစ်နေ့တာလေးအကျိုးရှိအောင်လုပ်ဖို့မမေ့ပါနဲ့။မနက်ခင်းနိုးလာပြီဆိုရင် စိတ်လေးရှင်းရှင်းထား။ဘယ်သူ့အပေါ်မှာမှ စိတ်မခုနဲ့၊ဒေါသမထွက်နဲ့၊အရာရာကိုအကောင်းမြင်ပြီး တစ်ခြားသူအပေါ်စေတနာအပြည့်နဲ့ဆက်ဆံပြုမူပါ။ကိုယ့်အပေါ်စိတ်ဆိုးစိတ်ခုအောင်ပြောထားဆိုထားသူတွေအပေါ်လည်းနာကျည်းမနေပဲ ခွင့်လွှတ်ပေးလိုက်ပါ။ဒီအပူတွေကိုသံသရာထိမယူသွားပါနဲ့။

တောင်းပန်ရမယ့်လူကိုတောင်းပန်၊ခွင့်လွှတ်ရမယ့်လူကိုခွင့်လွှတ်ပါ။တစ်ယောက်နဲ့တစ်ယောက်အမုန်းပွားနေတာတွေရပ်ပြီး အနားမှာရှိတဲ့သူတွေကိုတန်ဖိုးထားပါ။နောက်မှလုပ်မယ်ဆိုတဲ့အတွေးတွေကိုရပ်လို့ ဒီနေ့တစ်နေ့တာအတွက်ပဲ အကောင်းဆုံးဘယ်လိုလုပ်ရမလဲစဉ်းစားပါ။

အိပ်မက်တွေ၊အနာဂတ်တွေ၊ပန်းတိုင်တွေအသာထားလို့ ဒီနေ့တစ်နေ့တာရဲ့့ပန်းတိုင်ကိုသာ အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ကြိုးစားပါ။ကိုယ်ချစ်ရတဲ့သူတွေကိုလည်းချစ်တယ်ဆိုတာသိစေပါ။အချိန်လွန်မှ ဘာမှပြောလို့မရပါဘူးနော်။ညအိပ်ရာဝင်ခါနီးမှာ ကိုယ်ဒီနေ့အတွက် နောင်တရစရာမရှိအောင် လုပ်ခဲ့ပြီးပြီလားစဉ်းစားပါ။စိတ်ဆိုးဒေါသထွက်ပြီး အိပ်ရာမဝင်ပါနဲ့။မျက်စိတစ်မှိတ်ဆိုတဲ့အချိန်အတွင်း ဘာမဆိုဖြစ်သွားနိုင်တာမို့လို့ လက်ရှိအချိန်လေးကို တန်ဖိုးထားပြီးအကောင်းဆုံးနဲ့အကျိုးရှိရှိဖြတ်သန်းကြပါလို့တိုက်တွန်းအကြံပြုလိုက်ပါတယ်။

ကိုယ့်ရဲ့နေ့ရက်တိုင်းကို ပန်းချီကားတစ်ချပ်လိုလှပအောင်ခြယ်မှုန်းပါ။နောက်ဆံတင်းစရာမရှိအောင် ဖန်တီးပါ။

 

164 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.