ခဏခဏကိုယ္႔ကိုယ္နာက်င္ေစျပီဆိုရင္ေတာ႔သူကိုယ္႔အေပၚေမတၱာမရွိတာေသခ်ာေနပါျပီ…

လူေတြကသူတို႕တကယ္ေမတၱာထားတဲ႔သူေတြအေပၚနာက်င္မႈမေပးခ်င္တတ္ျကပါဘူး။ ကိုယ္နွစ္ျခိဳက္တဲ႔သူကိုယ္အမွန္တကယ္ျမတ္နိုးတဲ႔သူေတြ ထိခိုက္နစ္နာ မွာမ်ိဳး၊ နာက်င္ခံစားရမွာမ်ိဳးကို ဘယ္သူမွ မလိုလားျကတာအမွန္ပါ။ တစ္ခါတစ္ရံကိုယ္ကဒီလူအေပၚသိပ္ျမတ္နုိးတန္ဖိုးထားမိေနျပီဆိုရင္ ကိုယ္႔အတၱေတြ ကိုယ္႔ေဒါသေတြ ကိုယ္႔တပ္မက္မႈေတြကိုေနာက္ပို႕ျပီး ကိုယ္ေမတၱာရွိတဲ႔သူေတြရဲ႕အေရးကိုပဲ ဦးစားေပးေတြးတတ္ျကပါတယ္။

ဒီအခ်က္ကိုသင္လက္ခံနားလည္ျပီဆိုရင္ေတာ႔သင္႔ဘ၀မွာ သင္႔ကို အျကိမ္ျကိမ္နာက်င္ေအာင္လုပ္လို႕ မ၀နုိင္ေသးတဲ႔သူေတြကို စြန္႔လႊတ္ဖို႕၀န္မေလးပါနဲ႕။ ထားပါ ေဒါသအေလ်ာက္ သူ႕ရဲ႕စကားေတြ သူ႕ရဲ႕လုပ္ရပ္ေတြက ကိုယ္႔အေပၚနာက်င္ေစခဲ႔တယ္ပဲ ထား…တစ္ခါ ရေသးတယ္ခြင္႔လႊတ္လိုက္ လူတုိင္းမွားတတ္ ေဒါသျဖစ္တတ္ျကတာကို ၊ ေနာက္တစ္ျကိမ္လား ရေသးတယ္ ကိုယ္႔ကိုနာက်င္ပင္ပန္းေစပင္မဲ႔လည္းကိုယ္ခြင္႔လႊတ္နုိင္ေသးတယ္ …သံုးခါေျမာက္လား ဒါဆုိရင္ေတာ႔ကတိေတာင္းရမဲ႔အဆင္႔ေရာက္ျပီ ေနာက္တစ္ျကိမ္ကိုယ္႔ကို နာက်င္မႈမေပးဖို႕သတိေပးရမဲ႔အခ်ိန္ေရာက္ျပီ ဒါကိုမွလြန္လာျပီးကိုယ္႔ဘ၀ ကိုယ္႔စိတ္ခံစားခ်က္ေတြကို နာက်င္ခံစားထိခိုက္ေအာင္လုပ္ေနျပီဆိုရင္ေတာ႔ဘယ္လုိအေျကာင္းျပခ်က္ပဲေပးေပး ဘယ္သူျကီးပဲျဖစ္ေနျဖစ္ေန ကိုယ္႔ဘ၀ထဲကထုတ္လုိက္ပါ။ ကိုယ္႔အေပၚတကယ္ေမတၱာေစတနာရွိျပီးကိုယ္႔ကိုတကယ္ျမတ္နိုးတဲ႔သူတိုင္းဟာ ကိုယ္ခဏခဏနာက်င္ေစဖို႕ သူမလုပ္ရက္ဘူး။ လုပ္မိမွာလည္းမဟုတ္ပါဘူး။ ဒါေျကာင္႔ကိုယ္႔အတြက္နာက်င္ရတဲ႔အရာေတြကို တြယ္ကပ္မေနပဲအမွန္တရားကိုျမင္ေအာင္ျကည္႔ျပီး ကိုယ္႔ဘ၀ကို အေကာင္းဆံုးဖန္တီးေနထိုင္နုိင္ျကပါေစ…

Unicode

လူတွေကသူတို့တကယ်မေတ္တာထားတဲ့သူတွေအပေါ်နာကျင်မှုမပေးချင်တတ်ကြပါဘူး။ ကိုယ်နှစ်ခြိုက်တဲ့သူကိုယ်အမှန်တကယ်မြတ်နိုးတဲ့သူတွေ ထိခိုက်နစ်နာ မှာမျိုး၊ နာကျင်ခံစားရမှာမျိုးကို ဘယ်သူမှ မလိုလားကြတာအမှန်ပါ။ တစ်ခါတစ်ရံကိုယ်ကဒီလူအပေါ်သိပ်မြတ်နိုးတန်ဖိုးထားမိနေပြီဆိုရင် ကိုယ့်အတ္တတွေ ကိုယ့်ဒေါသတွေ ကိုယ့်တပ်မက်မှုတွေကိုနောက်ပို့ပြီး ကိုယ်မေတ္တာရှိတဲ့သူတွေရဲ့အရေးကိုပဲ ဦးစားပေးတွေးတတ်ကြပါတယ်။ ဒီအချက်ကိုသင်လက်ခံနားလည်ပြီဆိုရင်တော့သင့်ဘဝမှာ သင့်ကို အကြိမ်ကြိမ်နာကျင်အောင်လုပ်လို့ မဝနိုင်သေးတဲ့သူတွေကို စွန့်လွှတ်ဖို့ဝန်မလေးပါနဲ့။ ထားပါ ဒေါသအလျောက် သူ့ရဲ့စကားတွေ သူ့ရဲ့လုပ်ရပ်တွေက ကိုယ့်အပေါ်နာကျင်စေခဲ့တယ်ပဲ ထား…တစ်ခါ ရသေးတယ်ခွင့်လွှတ်လိုက် လူတိုင်းမှားတတ် ဒေါသဖြစ်တတ်ကြတာကို ၊ နောက်တစ်ကြိမ်လား ရသေးတယ် ကိုယ့်ကိုနာကျင်ပင်ပန်းစေပင်မဲ့လည်းကိုယ်ခွင့်လွှတ်နိုင်သေးတယ် …သုံးခါမြောက်လား ဒါဆိုရင်တော့ကတိတောင်းရမဲ့အဆင့်ရောက်ပြီ နောက်တစ်ကြိမ်ကိုယ့်ကို နာကျင်မှုမပေးဖို့သတိပေးရမဲ့အချိန်ရောက်ပြီ ဒါကိုမှလွန်လာပြီးကိုယ့်ဘဝ ကိုယ့်စိတ်ခံစားချက်တွေကို နာကျင်ခံစားထိခိုက်အောင်လုပ်နေပြီဆိုရင်တော့ဘယ်လိုအကြောင်းပြချက်ပဲပေးပေး ဘယ်သူကြီးပဲဖြစ်နေဖြစ်နေ ကိုယ့်ဘဝထဲကထုတ်လိုက်ပါ။ ကိုယ့်အပေါ်တကယ်မေတ္တာစေတနာရှိပြီးကိုယ့်ကိုတကယ်မြတ်နိုးတဲ့သူတိုင်းဟာ ကိုယ်ခဏခဏနာကျင်စေဖို့ သူမလုပ်ရက်ဘူး။ လုပ်မိမှာလည်းမဟုတ်ပါဘူး။ ဒါကြောင့်ကိုယ့်အတွက်နာကျင်ရတဲ့အရာတွေကို တွယ်ကပ်မနေပဲအမှန်တရားကိုမြင်အောင်ကြည့်ပြီး ကိုယ့်ဘဝကို အကောင်းဆုံးဖန်တီးနေထိုင်နိုင်ကြပါစေ…

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.