ကုိယ့္အေပၚမေကာင္းတဲ႔လူတစ္ေယာက္ကုိ စြန္႔လႊတ္ဖုိ႔ခက္ခဲေနတာလား??

တစ္စံုတစ္ေယာက္ကုိခ်စ္ေနရဲ႔သားနဲ႔ လမ္းခြဲလိုက္ရတဲ႔ခံစားခ်က္က အရမ္းကုိနာက်င္ရတယ္ဆုိတာ ခံစားဖူးသူတုိင္းသိၾကပါတယ္။ခ်စ္ေနတယ္ဆုိ ဘာလို႔လမ္းခြဲဖုိ႔လိုလဲ?ဒီလူတစ္ေယာက္က ကုိယ္သူ႔အေပၚေကာင္းသလို ကုိယ့္အေပၚ ျပန္မေကာင္းဘူး။ကုိယ့္အေပၚသစၥာမရွိဘူး။ကုိယ့္ကုိအျမဲမ်က္ရည္က်ေအာင္လုပ္တယ္။ဒါဆုိရင္ ဘယ္ေလာက္ခ်စ္ခ်စ္ ကုိယ့္အေပၚမေကာင္းတဲ႔လူတစ္ေယာက္ကုိ ထားပစ္ခဲ႔ဖုိ႔၊ကုိယ့္အေပၚမေကာင္းတဲ႔သူတစ္ေယာက္နဲ႔လမ္းခြဲဖုိ႔ သတိၱရွိရပါမယ္။
ဘာလို႔လဲ…

မင္းက သူ႔ထက္ပုိေကာင္းတဲ႔လူနဲ႔ေတြ႔ဆံုဖုိ႔ ထုိက္တန္လို႔ပါ
ဒီလူေၾကာင့္အျမဲစိတ္ညစ္ရတယ္၊စိတ္ဆင္းရဲရတယ္ဆုိေပမဲ႔ ဒီလူနဲ႔ရွိခဲ႔တဲ႔အမွတ္တရေတြ၊
ေပ်ာ္ရႊင္မႈေတြကုိ မေမ့လုိက္ႏုိင္ဘူး။မစြန္႔လႊတ္ႏုိင္ဘူးျဖစ္ေနလား?ဘ၀တစ္ေလ်ွာက္လံုးမွာ လူေတြအမ်ားၾကီးနဲ႔ေတြ႔ဆံုရဦးမွာပါ။သူ႔ထက္ သင့္ဘ၀ကုိပုိျပီးေပ်ာ္ရႊင္စရာေတြေပးႏုိင္တဲ႔သူဆုိတာထပ္ျပီးေတြ႔လာရဦးမယ္ဆုိတာ မေမ့လုိက္ပါနဲ႔

ကုိယ့္အေပၚမေကာင္းတဲ႔လူကုိ ခ်စ္တယ္ဆုိတဲ႔စိတ္တစ္ခုနဲ႔ ဆက္ျပီးတြဲဦးမလုိ႔လား?သင္ ပင္ပန္းလြန္းပါတယ္။

*စြန္႔လႊတ္ၾကည့္ပါ
ကုိယ္ခ်စ္ရတဲ႔လူတစ္ေယာက္ကုိစြန္႔လႊတ္လိုက္ရတာ မနာက်င္ဘူးလုိ႔ေျပာရင္ညာတာပါပဲ။မစြန္႔လႊတ္ခ်င္ဘူး။ဒါေပမဲ႔ သူ႔ရဲ ႔အျပဳအမူေတြက ကုိယ့္ကုိနာက်င္ေစတယ္။သူ႔ရဲ ႔အျပဳအမူေတြက ကုိယ္သူ႔အေပၚအယံုအၾကည္ကင္းမဲ႔လာေစတယ္။သူ႔ေၾကာင့္နာက်င္ရတယ္။သူ႔အေပၚလည္းယံုၾကည္မႈဆက္မရွိေတာ့ဘူး။ဒါဆုိ ဒီ RS မွာ သင့္အခ်စ္တစ္ခုကလြဲလုိ႔ဘာက်န္ေသးလဲ?ကုိယ္သူ႔ကုိတကယ္စြန္႔လႊတ္ႏုိင္လား မစြန္႔လႊတ္ႏုိင္ဘူးလားဆုိတာ စြန္႔လႊတ္ၾကည့္မွသိမွာပါ။

*နာက်င္ရမွာကုိလက္ခံပါ
ဒီလူနဲ႔လမ္းခြဲလိုက္တဲ႔အခါ အရင္လုိေပ်ာ္စရာေကာင္းတဲ႔အခ်ိန္ေတြျပန္မရႏုိင္ေတာ့ဘူး၊သူကုိယ့္အေပၚမေကာင္းေပမဲ႔ အတူတူရွိခဲ႔တဲ့အခ်ိန္ေတြမွာႏွစ္ေယာက္သားေပ်ာ္ရႊင္ခဲ႔ရတာပဲလုိ႔ေတြးျပီး နာက်င္ခံစားရမွာကုိေၾကာက္ေနလား။ဒီေပ်ာ္ရႊင္မႈေတြေနာက္ထပ္မရွိႏုိင္ေတာ့ဘူးလုိ႔ေတြးမိရင္ ဒီစိတ္ဆင္းရဲမႈ၊ဒီမယံုၾကည္မႈေတြကလည္း ကပ္ပါလာမွာကုိသတိရပါ။ကုိယ္မယံုၾကည္ႏုိင္တဲ႔လူတစ္ေယာက္နဲ႔ေရွ႔ဆက္ေလ်ွာက္ဖုိ႔ဆုိတာ အင္မတန္ခက္ခဲပါတယ္။ဒါေၾကာင့္လမ္းခြဲလုိက္ရင္နာက်င္ခံစားရမွာကုိ မေၾကာက္ပါနဲ႔။နာက်င္မႈက အခိ်န္အၾကာၾကီးျဖစ္မေနႏုိင္ပါဘူး။

*ငုိပါ
သူကုိယ့္အေပၚဘယ္လုိပဲမေကာင္းခဲ့ပါေစ ဒီမေကာင္းတဲ႔လူတစ္ေယာက္အတြက္မငုိဘူးလုိ႔တင္းမထားပါနဲ႔။ငို္ခ်င္ေပမဲ႔တင္းထားရတာက ပုိျပီးစိတ္ပင္ပန္းပါတယ္။နာက်င္ခံစားရတာေတြေပ်ာက္ဖုိ႔သင္လုပ္ႏုိင္တာက ငုိတာပါပဲ။ဒီလုိအခ်ိန္မွာ သန္မာျပေနစရာမလိုပါဘူး။ငိုလိုက္ပါ။အဆင္ေျပသလို ဟန္ေဆာင္ျပေနတာေတြရပ္ျပီး ငုိပါ။ငိုုျပီးတဲ႔ေနာက္မွာ အရာရာကရွင္းရွင္းလင္းလင္းျဖစ္သြားျပီး ျပန္ျပီးျပံဳးရယ္ႏုိင္လာပါလိမ့္မယ္။

*ေပ်ာ္ရႊင္မႈက သင့္ရဲ ႔ထိန္းခ်ဳပ္မႈေအာက္မွာပါပဲ
ခ်စ္သူရည္းစားနဲ႔ျပတ္သြားတာက ကမာၻပ်က္သြားတာမဟုတ္ေသးပါဘူး။ေသမတက္နာက်င္ခံစားရတယ္ဆုိေပမဲ႔ မေသေသးဘူးမဟုတ္လား။ျပီးေတာ့ဒီလုိလူတစ္ေယာက္ေၾကာင့္ အျမဲလိုလိုပူေဆြးေနဖုိ႔လည္းသင့္မာနက ခြင့္ျပဳမွာမဟုတ္ပါဘူး။ေပ်ာ္ရႊင္စရာေတြအမ်ားၾကီးပါ။အထူးသျဖင့္ ကုိယ့္ကုိစိတ္ဆင္းရဲေစတဲ႔Relationship တစ္ခုကေနရုန္းထြက္ႏုိင္ခဲ႔ျပီဆုိရင္ ေပ်ာ္ေပ်ာ္ေနသင့္တယ္မဟုတ္လား။ခ်စ္တဲ႔သူေတြကုိရွာပါ။ေပ်ာ္ရႊင္စရာေတြကုိဖန္တီးပါ။ေပ်ာ္ရႊင္မႈဆုိတာသင့္စိတ္ရဲ႔ထိန္းခ်ဳပ္မႈထဲမွာပါပဲ။

Unicode

တစ်စုံတစ်ယောက်ကိုချစ်နေရဲ့သားနဲ့ လမ်းခွဲလိုက်ရတဲ့ခံစားချက်က အရမ်းကိုနာကျင်ရတယ်ဆိုတာ ခံစားဖူးသူတိုင်းသိကြပါတယ်။ချစ်နေတယ်ဆို ဘာလို့လမ်းခွဲဖို့လိုလဲ?ဒီလူတစ်ယောက်က ကိုယ်သူ့အပေါ်ကောင်းသလို ကိုယ့်အပေါ် ပြန်မကောင်းဘူး။ကိုယ့်အပေါ်သစ္စာမရှိဘူး။ကိုယ့်ကိုအမြဲမျက်ရည်ကျအောင်လုပ်တယ်။ဒါဆိုရင် ဘယ်လောက်ချစ်ချစ် ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်ကို ထားပစ်ခဲ့ဖို့၊ကိုယ့်အပေါ်မကောင်းတဲ့သူတစ်ယောက်နဲ့လမ်းခွဲဖို့ သတ္တိရှိရပါမယ်။
ဘာလို့လဲ…

မင်းက သူ့ထက်ပိုကောင်းတဲ့လူနဲ့တွေ့ဆုံဖို့ ထိုက်တန်လို့ပါ
ဒီလူကြောင့်အမြဲစိတ်ညစ်ရတယ်၊စိတ်ဆင်းရဲရတယ်ဆိုပေမဲ့ ဒီလူနဲ့ရှိခဲ့တဲ့အမှတ်တရတွေ၊
ပျော်ရွှင်မှုတွေကို မမေ့လိုက်နိုင်ဘူး။မစွန့်လွှတ်နိုင်ဘူးဖြစ်နေလား?ဘဝတစ်လျှောက်လုံးမှာ လူတွေအများကြီးနဲ့တွေ့ဆုံရဦးမှာပါ။သူ့ထက် သင့်ဘဝကိုပိုပြီးပျော်ရွှင်စရာတွေပေးနိုင်တဲ့သူဆိုတာထပ်ပြီးတွေ့လာရဦးမယ်ဆိုတာ မမေ့လိုက်ပါနဲ့

ကိုယ့်အပေါ်မကောင်းတဲ့လူကို ချစ်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ ဆက်ပြီးတွဲဦးမလို့လား?သင် ပင်ပန်းလွန်းပါတယ်။

*စွန့်လွှတ်ကြည့်ပါ
ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကိုစွန့်လွှတ်လိုက်ရတာ မနာကျင်ဘူးလို့ပြောရင်ညာတာပါပဲ။မစွန့်လွှတ်ချင်ဘူး။ဒါပေမဲ့ သူ့ရဲ ့အပြုအမူတွေက ကိုယ့်ကိုနာကျင်စေတယ်။သူ့ရဲ ့အပြုအမူတွေက ကိုယ်သူ့အပေါ်အယုံအကြည်ကင်းမဲ့လာစေတယ်။သူ့ကြောင့်နာကျင်ရတယ်။သူ့အပေါ်လည်းယုံကြည်မှုဆက်မရှိတော့ဘူး။ဒါဆို ဒီ RS မှာ သင့်အချစ်တစ်ခုကလွဲလို့ဘာကျန်သေးလဲ?ကိုယ်သူ့ကိုတကယ်စွန့်လွှတ်နိုင်လား မစွန့်လွှတ်နိုင်ဘူးလားဆိုတာ စွန့်လွှတ်ကြည့်မှသိမှာပါ။

*နာကျင်ရမှာကိုလက်ခံပါ
ဒီလူနဲ့လမ်းခွဲလိုက်တဲ့အခါ အရင်လိုပျော်စရာကောင်းတဲ့အချိန်တွေပြန်မရနိုင်တော့ဘူး၊သူကိုယ့်အပေါ်မကောင်းပေမဲ့ အတူတူရှိခဲ့တဲ့အချိန်တွေမှာနှစ်ယောက်သားပျော်ရွှင်ခဲ့ရတာပဲလို့တွေးပြီး နာကျင်ခံစားရမှာကိုကြောက်နေလား။ဒီပျော်ရွှင်မှုတွေနောက်ထပ်မရှိနိုင်တော့ဘူးလို့တွေးမိရင် ဒီစိတ်ဆင်းရဲမှု၊ဒီမယုံကြည်မှုတွေကလည်း ကပ်ပါလာမှာကိုသတိရပါ။ကိုယ်မယုံကြည်နိုင်တဲ့လူတစ်ယောက်နဲ့ရှေ့ဆက်လျှောက်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ဒါကြောင့်လမ်းခွဲလိုက်ရင်နာကျင်ခံစားရမှာကို မကြောက်ပါနဲ့။နာကျင်မှုက အချိန်အကြာကြီးဖြစ်မနေနိုင်ပါဘူး။

*ငိုပါ
သူကိုယ့်အပေါ်ဘယ်လိုပဲမကောင်းခဲ့ပါစေ ဒီမကောင်းတဲ့လူတစ်ယောက်အတွက်မငိုဘူးလို့တင်းမထားပါနဲ့။ငို်ချင်ပေမဲ့တင်းထားရတာက ပိုပြီးစိတ်ပင်ပန်းပါတယ်။နာကျင်ခံစားရတာတွေပျောက်ဖို့သင်လုပ်နိုင်တာက ငိုတာပါပဲ။ဒီလိုအချိန်မှာ သန်မာပြနေစရာမလိုပါဘူး။ငိုလိုက်ပါ။အဆင်ပြေသလို ဟန်ဆောင်ပြနေတာတွေရပ်ပြီး ငိုပါ။ငိုုပြီးတဲ့နောက်မှာ အရာရာကရှင်းရှင်းလင်းလင်းဖြစ်သွားပြီး ပြန်ပြီးပြုံးရယ်နိုင်လာပါလိမ့်မယ်။

*ပျော်ရွှင်မှုက သင့်ရဲ ့ထိန်းချုပ်မှုေအောက်မှာပါပဲ
ချစ်သူရည်းစားနဲ့ပြတ်သွားတာက ကမ္ဘာပျက်သွားတာမဟုတ်သေးပါဘူး။သေမတက်နာကျင်ခံစားရတယ်ဆိုပေမဲ့ မသေသေးဘူးမဟုတ်လား။ပြီးတော့ဒီလိုလူတစ်ယောက်ကြောင့် အမြဲလိုလိုပူဆွေးနေဖို့လည်းသင့်မာနက ခွင့်ပြုမှာမဟုတ်ပါဘူး။ပျော်ရွှင်စရာတွေအများကြီးပါ။အထူးသဖြင့် ကိုယ့်ကိုစိတ်ဆင်းရဲစေတဲ့Relationship တစ်ခုကနေရုန်းထွက်နိုင်ခဲ့ပြီဆိုရင် ပျော်ပျော်နေသင့်တယ်မဟုတ်လား။ချစ်တဲ့သူတွေကိုရှာပါ။ပျော်ရွှင်စရာတွေကိုဖန်တီးပါ။ပျော်ရွှင်မှုဆိုတာသင့်စိတ်ရဲ့ထိန်းချုပ်မှုထဲမှာပါပဲ။

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.