ပရိသတ္ေတြလံုး၀မထင္မွတ္ထားတဲ့အရာတစ္ခုလုပ္ခဲ႔တဲ႔ Kissing Booth မင္းသမီးေခ်ာ

Netflix ရဲ႔ တရွိန္ထုိးေအာင္ျမင္မႈရရွိခဲ႔တဲ႔ ‘Kissing Booth’ ဇာတ္ကားေလးကုိ ပရိသတ္ေတြမွတ္မိၾကမယ္ထင္ပါတယ္။မင္းသမီးကလည္းငယ္ငယ္ေခ်ာေခ်ာ၊မင္းသားကလည္း အရမ္းေခ်ာ ဒီၾကားထဲမွာရုပ္ရွင္ရုိက္ရင္း သူတုိ႔စံုတြဲေလးက အျပင္မွာလည္းတကယ္ခ်စ္သူေတြျဖစ္နဲ႔ အေတာ္ေလးကုိ ဒီဇာတ္ကားကနာမည္ၾကီးခဲ႔တာပါ။

အခုေျပာခ်င္တာကေတာ့ အဲ့ဒီဇာတ္ကားထဲက မင္းသမီးေခ်ာေလး Joey King ဟာ ပရိသတ္ေတြမထင္ထားတဲ႔အျပဳအမူတစ္ခုကုိလုပ္ခဲ႔တယ္ဆုိတာပါပဲ။

အသက္ ၁၉ႏွစ္အရြယ္ “Kissing Booth” မင္းသမီးဟာ မၾကာခင္ရုိက္ကူးေတာ့မယ့္ဇာတ္လမ္းတြဲ “The Act” အတြက္ တကယ္ၾကီးကတံုးတံုးခဲ႔ပါတယ္တဲ႔။အင္စတာဂရမ္မွာ ဆံပင္ေတြအကုန္ညွပ္ခ်၊ကတံုးတံုးေနတဲ႔ဗီဒီယုိေလးတင္ခဲ႔တာျဖစ္ပါတယ္။သူမရုိက္ကူးရမယ့္ဇာတ္လမ္းအတြက္တကယ္အသက္၀င္ပီျပင္ေအာင္ၾကိဳးစားခဲ႔တာပါ။

ျပီးေတာ့ ဇာတ္ရုပ္ပီျပင္ဖုိ႔ကတံုးတံုးခဲ႔တာဟာ ဒါ ပထမဆံုးအၾကိမ္မဟုတ္ပါဘူး။အသက္ ၁၁ ႏွစ္တုန္းက “The Dark Knight Rises” အတြက္ကတံုးတံုးခဲ႔ဖူးျပီး အသက္ ၁၄ႏွစ္တုန္းက “Wish I Was Here” ဇာတ္ကားအတြက္ ကတံုးတံုးခဲ႔ဖူးပါတယ္။အခု ၁၉ႏွစ္မွာေတာ့ တတိယအၾကိမ္ေျမာက္ကတံုးတံုးခဲ႔တာပါ။

ဆံႏြယ္လွလွေလးေတြရွိတုန္းကလည္း ငယ္ရြယ္ႏုပ်ိဳမႈနဲ႔ေခ်ာေမာလွပခဲ႔သလို ကတံုးတုံးျပီးသြားေတာ့လည္းသူမရဲ ႔ပံုက ႏုပ်ိဳလွပေနဆဲပါပဲလုိ႔ ပရိသတ္ေတြက Comment ေတြေရးသားကာ ခ်ီးက်ဴးစကားေျပာခဲ႔ၾကပါတယ္။သူမ်ားေတြဆံပင္နည္းနည္းေလးညွပ္ဖုိ႔ေတာင္မ၀ံ႔မရဲျဖစ္ေနခ်ိန္၊ဆံပင္အတုစြပ္လို႔ရေပမဲ႔လည္းမစြပ္ပဲ ပရိသတ္အတြက္ ေသခ်ာခ်ျပခ်င္တဲ့စိတ္ေလးက အႏုပညာရွင္ပီသတယ္ဆုိတာသက္ေသျပလိုက္တာပါပဲ။

ဒီလုိကတံုးတံုးလိုက္တာနဲ႔ပတ္သက္ျပီး ဘယ္လိုခံစားရလဲလုိ႔ေမးျမန္းတဲ႔ Allure magazine ရဲ ႔အင္တာဗ်ဴးမွာ “ကြ်န္မက ဘယ္တုန္းကမွ ကြ်န္မဆံပင္ေတြကုိ မႏွေျမာခဲ႔ဖူးပါဘူး”လုိ႔ေျပာျပခဲ႔ပါေသးတယ္။အသက္ငယ္ေပမဲ႔ အလုပ္ကုိေသခ်ာေကာင္းမြန္ေအာင္လုပ္တတ္တာ ျမင္ေနရပါတယ္။Joey King ကုိခ်စ္တဲ႔  ပရိသတ္ေတြအတြက္သူမရဲ႔ပံုရိပ္တစ္ခ်ိဳ႔ကုိ ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

Unicode

Netflix ရဲ့ တရှိန်ထိုးအောင်မြင်မှုရရှိခဲ့တဲ့ ‘Kissing Booth’ ဇာတ်ကားလေးကို ပရိသတ်တွေမှတ်မိကြမယ်ထင်ပါတယ်။မင်းသမီးကလည်းငယ်ငယ်ချောချော၊မင်းသားကလည်း အရမ်းချော ဒီကြားထဲမှာရုပ်ရှင်ရိုက်ရင်း သူတို့စုံတွဲလေးက အပြင်မှာလည်းတကယ်ချစ်သူတွေဖြစ်နဲ့ အတော်လေးကို ဒီဇာတ်ကားကနာမည်ကြီးခဲ့တာပါ။

အခုပြောချင်တာကတော့ အဲ့ဒီဇာတ်ကားထဲက မင်းသမီးချောလေး Joey King ဟာ ပရိသတ်တွေမထင်ထားတဲ့အပြုအမူတစ်ခုကိုလုပ်ခဲ့တယ်ဆိုတာပါပဲ။

အသက် ၁၉နှစ်အရွယ် “Kissing Booth” မင်းသမီးဟာ မကြာခင်ရိုက်ကူးတော့မယ့်ဇာတ်လမ်းတွဲ “The Act” အတွက် တကယ်ကြီးကတုံးတုံးခဲ့ပါတယ်တဲ့။အင်စတာဂရမ်မှာ ဆံပင်တွေအကုန်ညှပ်ချ၊ကတုံးတုံးနေတဲ့ဗီဒီယိုလေးတင်ခဲ့တာဖြစ်ပါတယ်။သူမရိုက်ကူးရမယ့်ဇာတ်လမ်းအတွက်တကယ်အသက်ဝင်ပီပြင်အောင်ကြိုးစားခဲ့တာပါ။

ပြီးတော့ ဇာတ်ရုပ်ပီပြင်ဖို့ကတုံးတုံးခဲ့တာဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။အသက် ၁၁ နှစ်တုန်းက “The Dark Knight Rises” အတွက်ကတုံးတုံးခဲ့ဖူးပြီး အသက် ၁၄နှစ်တုန်းက “Wish I Was Here” ဇာတ်ကားအတွက် ကတုံးတုံးခဲ့ဖူးပါတယ်။အခု ၁၉နှစ်မှာတော့ တတိယအကြိမ်မြောက်ကတုံးတုံးခဲ့တာပါ။

ဆံနွယ်လှလှလေးတွေရှိတုန်းကလည်း ငယ်ရွယ်နုပျိုမှုနဲ့ချောမောလှပခဲ့သလို ကတုံးတုံးပြီးသွားတော့လည်းသူမရဲ ့ပုံက နုပျိုလှပနေဆဲပါပဲလို့ ပရိသတ်တွေက Comment တွေရေးသားကာ ချီးကျူးစကားပြောခဲ့ကြပါတယ်။သူများတွေဆံပင်နည်းနည်းလေးညှပ်ဖို့တောင်မဝံ့မရဲဖြစ်နေချိန်၊ဆံပင်အတုစွပ်လို့ရပေမဲ့လည်းမစွပ်ပဲပရိသတ်အတွက် သေချာချပြချင်တဲ့စိတ်လေးက အနုပညာရှင်ပီသတယ်ဆိုတာသက်သေပြလိုက်တာပါပဲ။

ဒီလိုကတုံးတုံးလိုက်တာနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲလို့မေးမြန်းတဲ့ Allure magazine ရဲ ့အင်တာဗျူးမှာ “ကျွန်မက ဘယ်တုန်းကမှ ကျွန်မဆံပင်တွေကို မနှမြောခဲ့ဖူးပါဘူး”လို့ပြောပြခဲ့ပါသေးတယ်။အသက်ငယ်ပေမဲ့ အလုပ်ကိုသေချာကောင်းမွန်အောင်လုပ်တတ်တာ မြင်နေရပါတယ်။Joey King ကိုချစ်တဲ့  ပရိသတ်တွေအတွက်သူမရဲ့ပုံရိပ်တစ်ချို့ကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

131 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.