ပရိသတ္ေတြအသိနည္းေသးတဲ႔ Ace Ji Hyo အေၾကာင္းေလး

Running Man ပရိသတ္ၾကီးအတြက္ RM အဖြဲ႔၀င္ျဖစ္သလုိ မင္းသမီးတစ္လက္ လည္းျဖစ္တဲ့ Song Ji Hyo နဲ႔ပတ္သက္တဲ႔အေၾကာင္းေလးေတြျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။RM ရဲ ႔ပရိသတ္ဆို ACE Ji Hyo ရဲ ႔လူသိနည္းေသးတဲ႔အခ်က္ေလးေတြကုိသိထားသင့္တယ္ေနာ္

*Song Ji Hyo ရဲ ႔ပထမဆံုးပြဲဦးထြက္ရုပ္ရွင္ကားက ၂၀၀၃ ခုႏွစ္တုန္းကရုိက္ကူးခဲ႔တဲ႔  Wishing Stairs ဇာတ္ကားပါ။ဒီဇာတ္ကားအတြက္ မိန္းကေလးအေယာက္၃၀၀၀ ထဲကမွ ေခါင္းေဆာင္မင္းသမီးအျဖစ္ ေရြးခ်ယ္ခံခဲ႔ရသူေလးျဖစ္ပါတယ္။

*variety pro လုိ႔ေတာင္တင္စားခံရတဲ႔ ACE Ji Hyo ျဖစ္ပါတယ္။RM စကတည္းက တစ္ဦးတည္းေသာမိန္းကေလး အျဖစ္ပါ၀င္ခဲ႔တာျဖစ္ျပီး အစီအစဥ္တစ္ခုလံုးကုိသူမက ထိန္းထားႏုိင္သူတစ္ေယာက္ပါ။Mong Ji-hyo (Blank Ji-hyo) ၊ Song Ji-yok ၊Ace ဆုိျပီးနာမည္ေျပာင္ေတြလည္း ရွိပါေသးတယ္။

*Ji Hyo က သူမရဲ ႔ေမာင္ေလးကုိလည္းအရမ္းခ်စ္တာပါတဲ႔။အျပင္ကုိထုတ္ေဖာ္မျပတတ္ေပမဲ႔ အစ္မၾကီးအမိရာပီသသူေလးပါ။အခုဆိုရင္ေတာ့ Ji Hyo ရဲ ႔ေမာင္ျဖစ္သူ Cheon Seong-moon က သူမလိုပဲ အႏုပညာေလာကထဲကုိ၀င္ေရာက္ေနပါျပီ။RM မွာလည္း မၾကာခဏဧည့္သည္အျဖစ္ပါ၀င္သလုိ အရမ္းခ်စ္ၾကတဲ႔ေမာင္နွမအျဖစ္လည္း အဖြဲ႔၀င္ေတြကသိၾကပါတယ္။

*သူမနဲ႔ပတ္သက္လို႔ထူးျခားခ်က္တစ္ခုကေတာ့ ဘယ္ေနရာေရာက္ေရာက္ အိပ္ခ်င္ျပီဆုိ အိပ္ေပ်ာ္တာပါပဲ။သူမရဲ႔မ်က္လံုးကုိပိတ္ျပီး ၃စကၠန္႔အတြင္းမွာအိပ္ေပ်ာ္သြားတတ္လို႔ sleepyhead လို႔လည္းေခၚၾကတယ္။တစ္ခါကဆုိ ၇မီတာေလာက္ရွည္တဲ႔ Jenga Stick ထိပ္ေပၚေရာက္ေနတာေတာင္အိပ္ေပ်ာ္တာ အားလံုးက အံ့ၾသလုိ႔။Sleeping Beauty ဆုိတာ ေခတ္သစ္ Ji Hyo ပါပဲ။

*အသက္ ၃၇ႏွစ္လုိ႔မထင္ရေလာက္ေအာင္ အသားအရည္ကုိအျမဲထိန္းသိမ္းသလို က်န္းမာေရးကိုလည္းလိုက္စားသူတစ္ေယာက္ပါ။သရုပ္ေဆာင္တာထက္ Ji Hyo က အလွအပဆုိင္ရာေၾကာ္ျငာေတြ၊ ဖက္ရွင္ေၾကာ္ျငာေတြရုိက္ကူးတာ ပုိျပီးေတြ႔ရပါတယ္။

* ပရိသတ္ေတြက သူမနဲ႔အျမဲတြဲတြဲစေလ့ရွိတဲ႔ Gary နဲ႔ပတ္သက္ျပီး Ji Hyo က “သူမ်ားေတြက ဘယ္လိုပဲ Gary ကုိရုပ္ဆုိးတယ္ျမင္ျမင္ သူမရဲ ႔Monday Couple ျဖစ္တဲ႔ Gary က ခ်စ္ဖုိ႔ေကာင္းျပီးဆြဲေဆာင္မႈရွိတယ္လို႔ထင္ပါတယ္တဲ့”။စိတ္သေဘာထားလည္း ပကတိျဖဴစင္သူေလး

*Ji Hyo တစ္ေယာက္ သူမရဲ ႔အင္တာတိန္းမန္႔က စီအီးအုိနဲ႔ခ်စ္သူေတြျဖစ္ေနတုန္းကဆို ပရိသတ္ေတြက သူမကုိစိတ္ဆိုးခဲ႔ၾကေသးတယ္လုိ႔သိရပါတယ္။ဘာလုိ႔လဲဆုိေတာ့ ပရိသတ္ေတြကသူမကုိ Gary နဲ႔ပဲ Couple ျဖစ္ေစခ်င္ၾကလုိ႔ပါတ႔ဲ။အခုလက္ရွိမွာေတာ့ အပ်ိဳၾကီး Song Ji Hyo ျဖစ္ေနပါတယ္ <3

အႏုပညာေလာကထဲကုိလည္းျဖည္းျဖည္းခ်င္းေျခလွမ္းခ်ေနတဲ႔ Song Ji Hyo ဟာ အခုလက္ရွိမွာလည္း Lovely Horribly ဆုိတဲ႔ ဇာတ္လမ္းတြဲကုိ မင္းသား Park Si-hoo နဲ႔တြဲဖက္ရုိက္ကူးေနပါတယ္။ဒီဇာတ္လမး္တြဲဟာလည္း ပရိသတ္ၾကည့္ရႈႏႈန္းမ်ားျပီးေအာင္ျမင္ေနတဲ႔ဇာတ္လမ္းတြဲတစ္ခုျဖစ္တယ္လုိ႔သိရပါတယ္။

ကဲ ဒီေလာက္ဆုိရင္ Ji Hyo ရဲ ႔ပရိသတ္ေတြလည္း ေက်နပ္ၾကလိမ့္မယ္ထင္ပါတယ္။

Unicode

Running Man ပရိသတ်ကြီးအတွက် RM အဖွဲ့ဝင်ဖြစ်သလို မင်းသမီးတစ်လက် လည်းဖြစ်တဲ့ Song Ji Hyo နဲ့ပတ်သက်တဲ့အကြောင်းလေးတွေပြန်ပြီးမျှဝေပေးချင်ပါတယ်။RM ရဲ ့ပရိသတ်ဆို ACE Ji Hyo ရဲ ့လူသိနည်းသေးတဲ့အချက်လေးတွေကိုသိထားသင့်တယ်နော်

*Song Ji Hyo ရဲ ့ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ကားက ၂၀၀၃ ခုနှစ်တုန်းကရိုက်ကူးခဲ့တဲ့  Wishing Stairs ဇာတ်ကားပါ။ဒီဇာတ်ကားအတွက် မိန်းကလေးအယောက်၃၀၀၀ ထဲကမှ ခေါင်းဆောင်မင်းသမီးအဖြစ် ရွေးချယ်ခံခဲ့ရသူလေးဖြစ်ပါတယ်။

*variety pro လို့တောင်တင်စားခံရတဲ့ ACE Ji Hyo ဖြစ်ပါတယ်။RM စကတည်းက တစ်ဦးတည်းသောမိန်းကလေး အဖြစ်ပါဝင်ခဲ့တာဖြစ်ပြီး အစီအစဉ်တစ်ခုလုံးကိုသူမက ထိန်းထားနိုင်သူတစ်ယောက်ပါ။Mong Ji-hyo (Blank Ji-hyo) ၊ Song Ji-yok ၊Ace ဆိုပြီးနာမည်ပြောင်တွေလည်း ရှိပါသေးတယ်။

*Ji Hyo က သူမရဲ ့မောင်လေးကိုလည်းအရမ်းချစ်တာပါတဲ့။အပြင်ကိုထုတ်ဖော်မပြတတ်ပေမဲ့ အစ်မကြီးအမိရာပီသသူလေးပါ။အခုဆိုရင်တော့ Ji Hyo ရဲ ့မောင်ဖြစ်သူ Cheon Seong-moon က သူမလိုပဲ အနုပညာလောကထဲကိုဝင်ရောက်နေပါပြီ။RM မှာလည်း မကြာခဏဧည့်သည်အဖြစ်ပါဝင်သလို အရမ်းချစ်ကြတဲ့မောင်နှမအဖြစ်လည်း အဖွဲ့ဝင်တွေကသိကြပါတယ်။

*သူမနဲ့ပတ်သက်လို့ထူးခြားချက်တစ်ခုကတော့ ဘယ်နေရာရောက်ရောက် အိပ်ချင်ပြီဆို အိပ်ပျော်တာပါပဲ။သူမရဲ့မျက်လုံးကိုပိတ်ပြီး ၃စက္ကန့်အတွင်းမှာအိပ်ပျော်သွားတတ်လို့ sleepyhead လို့လည်းခေါ်ကြတယ်။တစ်ခါကဆို ရမီတာလောက်ရှည်တဲ့ Jenga Stick ထိပ်ပေါ်ရောက်နေတာတောင်အိပ်ပျော်တာ အားလုံးက အံ့သြလို့။Sleeping Beauty ဆိုတာ ခေတ်သစ် Ji Hyo ပါပဲ။

*အသက် ၃ရနှစ်လို့မထင်ရလောက်အောင် အသားအရည်ကိုအမြဲထိန်းသိမ်းသလို ကျန်းမာရေးကိုလည်းလိုက်စားသူတစ်ယောက်ပါ။သရုပ်ဆောင်တာထက် Ji Hyo က အလှအပဆိုင်ရာကြော်ငြာတွေ၊ ဖက်ရှင်ကြော်ငြာတွေရိုက်ကူးတာ ပိုပြီးတွေ့ရပါတယ်။

* ပရိသတ်တွေက သူမနဲ့အမြဲတွဲတွဲစလေ့ရှိတဲ့ Gary နဲ့ပတ်သက်ပြီး Ji Hyo က “သူများတွေက ဘယ်လိုပဲ Gary ကိုရုပ်ဆိုးတယ်မြင်မြင် သူမရဲ ့Monday Couple ဖြစ်တဲ့ Gary က ချစ်ဖို့ကောင်းပြီးဆွဲဆောင်မှုရှိတယ်လို့ထင်ပါတယ်တဲ့”။စိတ်သဘောထားလည်း ပကတိဖြူစင်သူလေး

*Ji Hyo တစ်ယောက် သူမရဲ ့အင်တာတိန်းမန့်က စီအီးအိုနဲ့ချစ်သူတွေဖြစ်နေတုန်းကဆို ပရိသတ်တွေက သူမကိုစိတ်ဆိုးခဲ့ကြသေးတယ်လို့သိရပါတယ်။ဘာလို့လဲဆိုတော့ ပရိသတ်တွေကသူမကို Gary နဲ့ပဲ Couple ဖြစ်စေချင်ကြလို့ပါတဲ့။အခုလက်ရှိမှာတော့ အပျိုကြီး Song Ji Hyo ဖြစ်နေပါတယ် <3

အနုပညာလောကထဲကိုလည်းဖြည်းဖြည်းချင်းခြေလှမ်းချနေတဲ့ Song Ji Hyo ဟာ အခုလက်ရှိမှာလည်း Lovely Horribly ဆိုတဲ့ ဇာတ်လမ်းတွဲကို မင်းသား Park Si-hoo နဲ့တွဲဖက်ရိုက်ကူးနေပါတယ်။ဒီဇာတ်လမး်တွဲဟာလည်း ပရိသတ်ကြည့်ရှုနှုန်းများပြီးအောင်မြင်နေတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်လို့သိရပါတယ်။

ကဲ ဒီလောက်ဆိုရင် Ji Hyo ရဲ ့ပရိသတ်တွေလည်း ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။

 

240 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.