အသက်၂၀၀န်းကျင်မိန်းကလေးတိုင်းမဖြစ်မနေဘ၀မှာလုပ်သင့်တဲ့အရာတွေက
Unicode
လူဆိုတာသူ့အသက်ရွယ်အပိုင်းခြားအလိုက်လုပ်သင့်လုပ်ထိုက်တာတွေကို မဆိုင်းမငံ့ပဲလုပ်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့တစ်ချို့အရာတွေက အချိန်နှောင်းအသက်ရွယ်ကြီးသွားမှလုပ်ဖို့လည်းမသင့်တော် အဆင်မပြေတော့တဲ့အရာတွေအများကြီးပါ။ ဒါကြောင့်သူ့အရွယ်အပိုင်းခြားနဲ့သူလုပ်သင့်လုပ်ထိုက်တာတွေ ကိုယ်စိတ်ထဲရှိတဲ့ဟာတွေကို ရဲရဲကြီးသာလုပ်ဆောင်လိုက်ဖို့ပဲအကြံပေးပါရစေ( ထိခိုက်ပျက်စီးစေတာမျိုးမပါ) ဆိုတော့ ဘယ်လိုအရာမျိုးတွေကို အသက်၂ဝကျော်အရွယ်မိန်းကလေးတွေဘဝမှုလုပ်ဆောင်သင့်သလဲဆိုတာ….
(၁) အလှပရေးရာကို ဂရုစိုက်ပါ
မိန်းကလေးတိုင်းကတော့ အိုတယ် ငယ်တယ်ရယ် မရှိအရွယ်သုံးပါးလုံးလှချင်နေတတ်ကြတာပါပဲ ။ဒါပင်မဲ့ လှချင်တိုင်းလည်းအရွယ်ကရှိသေးတယ်လေ ။ ဒါကြောင့်ပျိုမျစ်နုနယ်လွန်းတဲ့ဒီလို အရွယ်မှာ ရှိသမျှပိုင်ဆိုင်ထားသမျှ သဘာဝအလှတွေကို ဖော်ပြတတ်ဖို့အရေးကြီးပါတယ်။ နောက်မှ ငါသာငယ်ရင် ဒါမျိုးလေးလုပ်မှာဆိုတာမျိုးနဲ့နောင်တမရပါစေနဲ့။
(၂) အလုပ်တစ်နေရာကနေတစ်နေရာ ပိုကောင်းတဲ့နေရာကိုပြောင်းရွေ့အခြေချဖို့ဝန်မလေးပါနဲ့
အလုပ်တစ်နေရာကနေတစ်နေရာကောင်းတဲ့နေရာတွေကိုကူးပြောင်းဖို့အဆင်ပြေပါ့မလား ဘာညာတွေးပူမနေပါနဲ့။ ငယ်တုန်းမှာနေရာကောင်းကိုရှာပါ ၊ ကြီးလာတဲ့အချိန်မှာအခြေခိုင်ဖို့ ငယ်တုန်းရွေးချယ်တတ်ဖို့လိုပါတယ်။
(၃) သူငယ်ချင်းတွေနဲ့စုပြီးခရီးသွားပါ
သူငယ်ချင်းတွေနဲ့စိတ်တူကိုယ်တူခရီးစုသွားပြီး မိတ်ဆွေသစ်တွေနဲ့နေရာသစ်တွေမှာမိတ်ဖွဲ့ပါ။ လူသစ်တွေဆီကနေ သင်ခန်းစာအသစ်တွေ အတွေ့ကြုံသစ်တွေကိုမျှဝေယူပါ။
(၄) ကိုယ့်ရဲ့ဆံပင် ပုံစံ အဝတ်စားပုံစံတွေကိုတစ်သတ်မှတ်ထဲမထားပဲပြောင်းလဲကြည့်ပါ
တစ်သတ်မတ်ကြီးတည်းမသွားပဲ ငယ်တုန်းရွယ်တုန်း နုတုန်းလှတုန်းမှာ ကိုယ့်ရဲ့စတိုင်ကို အပြောင်းလဲလေးတွေဖန်တီးကြည့်ပါ။
(၅) လေ့လာမှုအသစ်တွေကိုစတင်လေ့လာဖို့ဝန်မလေးပါနဲ့
သိပ်ကို ဦးနှောက်ညဏ်ရွှင်နေတဲ့ အချိန်ကာလတစ်ခုမှာ လေ့လာမှုအသစ်တွေကိုလုပ်ကိုင်ဖို့ စတင်ဖို့ဝန်မလေးပါနဲ့။ သင်တကယ်လုပ်ချင်တဲ့အချိန်ကျရင် ဦးနှောက်ကမှတ်နိုင်စွမး်ရင်ရှိချင်မှရှိတော့မှာပါ။
369 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.