သံုးပြင့္ဆုိင္ဇာတ္လမ္းရဲ႔တစ္စိတ္တစ္ပိုင္းအျဖစ္ ထပ္ျပီးျမင္ေတြ႔ရဦးမယ့္ Kwak Dong Yeon

“My ID is Gangnam Beauty” ဇာတ္လမ္းတြဲမွာပါဝင္ခဲ့တဲ့ မင္းသားေခ်ာ Kwak Dong Yeon ကိုမွတ္မိၾကေသးတယ္ဟုတ္!အဲ႔ဒီဇာတ္လမ္းတြဲမွာေခါင္းေဆာင္မင္းသားမဟုတ္ေပမဲ႔ ဆရာေခ်ာေခ်ာေလးကုိ ေၾကြၾကတဲ႔ပရိသတ္ေတြရွိေနပါတယ္။သူတုိ႔အတြက္သတင္းေကာင္းေလးလုိ႔ေျပာရမလား??

Moonlight Drawn by clouds၊ Fight My Way၊ Into the world again၊ Radio Romance စတဲ့ဇာတ္လမ္းတြဲေတြမွာ အရံေနရာကေနစတင္ပါ၀င္ခဲ႔ျပီး My ID is Gangnam Beauty ဇာတ္လမ္းတြဲမွာေတာ့ ပရိသတ္ေတြပိုျပီးသတိထားမိလာခဲ႔ပါတယ္။သူ႔ရဲ႔ၾကိဳးစားမႈေတြေၾကာင့္ Kwak Dong Yeon ဟာ မၾကာခင္ SBS က ရိုက္ကူးေတာ့မယ့္ဇာတ္လမ္းတြဲသစ္ ‘Revenge is back’ မွာ ပါ၀င္ဖုိ႔ကမ္းလွမ္းခံရျပီး သူကုိယ္တုိင္ကလည္းလက္ခံသရုပ္ေဆာင္မယ္လို႔ သူ႔ရဲ႕ေအဂ်င္စီ FNC Entertainment က ေအာက္တုိဘာ ၅ရက္ေန႔က အတည္ျပဳေၾကညာခဲ႔ပါတယ္။

ဒီဇာတ္လမ္းတြဲမွာ I’m not Robot မင္းသားေခ်ာ Yoo Seung Ho လည္းပါ၀င္မွာျဖစ္ျပီး မင္းသမီးကေတာ့ Jo Bo Ah ျဖစ္တယ္လို႔သိရပါတယ္။ဇာတ္လမ္းပံုစံက အထက္တန္းေက်ာင္းမွာ အၾကမ္းဖက္မႈနဲ႔မွားယြင္းစြာစြပ္စြံခဲ႔ရျပီးေက်ာင္းထုတ္ခံရတဲ႔ေက်ာင္းသားတစ္ေယာက္က သူ႔ကုိဒုကၡေပးခဲ႔တဲ႔အခ်စ္ဦးနဲ႔ေက်ာင္းသားတစ္ေယာက္ကုိ ျပန္ျပီးလက္စားေခ်တံု႔ျပန္ဖုိ႔ၾကိဳးစားတဲ႔ပံုစံေလးျဖစ္ပါတယ္။

ဒီဇာတ္လမ္းမွာ Yoo Seung Ho က ေက်ာင္းထုတ္ခံလိုက္ရတဲ႔ေက်ာင္းသားအျဖစ္ေခါင္းေဆာင္ေနရာကပါ၀င္မွာျဖစ္ျပီး မင္းသမီး Jo Bo Ah က သူ႔ရဲ ႔အခ်စ္ဦးအျဖစ္သရုပ္ေဆာင္မွာျဖစ္ပါတယ္။Kwak Dong Yeon ကေတာ့ Jo Bo Ah နဲ႔အတူ Yoo Seung Ho ကုိေက်ာင္းထုတ္ခံရေအာင္လုပ္လုိက္တဲ႔ေက်ာင္းသားတစ္ေယာက္အျဖစ္ Supporting Role ေနရာက ပါ၀င္မွာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲမွာလည္း သူ႔ကုိ သံုးပြင့္ဆုိင္အခ်စ္ဇာတ္လမ္းရဲ ႔တစ္စိတ္တစ္ပုိင္းအျဖစ္ျမင္ေတြ႔ရမွာပါ။

Revenge is Back ဇာတ္လမ္းတြဲကုိေတာ့ ဒီဇင္ဘာလမွာစတင္ျပသဖုိ႔ရည္ရြယ္ထားျပီး ေန႔ရက္အတိအက်ေတာ့ မသတ္မွတ္ရေသးပါဘူး။ပရိသတ္ေတြခ်စ္တဲ႔မင္းသား၊မင္းသမီးေတြခ်ည္းပဲျဖစ္တဲ႔အျပင္ ဇာတ္လမ္းေလးကလည္းဆန္းဆန္းေလးျဖစ္လုိ႔ အၾကိဳက္ေတြ႔ဦးမယ့္ဇာတ္လမ္းတြဲေကာင္းဆုိတာေသခ်ာပါတယ္။ေစာင့္ေမ်ွာ္အားေပးၾကဦးေနာ္

Unicode

“My ID is Gangnam Beauty” ဇာတ်လမ်းတွဲမှာပါဝင်ခဲ့တဲ့ မင်းသားချော Kwak Dong Yeon ကိုမှတ်မိကြသေးတယ်ဟုတ်!အဲ့ဒီဇာတ်လမ်းတွဲမှာခေါင်းဆောင်မင်းသားမဟုတ်ပေမဲ့ ဆရာချောချောလေးကို ကြွေကြတဲ့ပရိသတ်တွေရှိနေပါတယ်။သူတို့အတွက်သတင်းကောင်းလေးလို့ပြောရမလား??

Moonlight Drawn by clouds၊ Fight My Way၊ Into the world again၊ Radio Romance စတဲ့ဇာတ်လမ်းတွဲတွေမှာ အရံနေရာကနေစတင်ပါဝင်ခဲ့ပြီး My ID is Gangnam Beauty ဇာတ်လမ်းတွဲမှာတော့ ပရိသတ်တွေပိုပြီးသတိထားမိလာခဲ့ပါတယ်။သူ့ရဲ့ကြိုးစားမှုတွေကြောင့် Kwak Dong Yeon ဟာ မကြာခင် SBS က ရိုက်ကူးတော့မယ့်ဇာတ်လမ်းတွဲသစ် ‘Revenge is back’ မှာ ပါဝင်ဖို့ကမ်းလှမ်းခံရပြီး သူကိုယ်တိုင်ကလည်းလက်ခံသရုပ်ဆောင်မယ်လို့ သူ့ရဲ့အေဂျင်စီ FNC Entertainment က အောက်တိုဘာ ၅ရက်နေ့က အတည်ပြုကြေညာခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ I’m not Robot မင်းသားချော Yoo Seung Ho လည်းပါဝင်မှာဖြစ်ပြီး မင်းသမီးကတော့ Jo Bo Ah ဖြစ်တယ်လို့သိရပါတယ်။ဇာတ်လမ်းပုံစံက အထက်တန်းကျောင်းမှာ အကြမ်းဖက်မှုနဲ့မှားယွင်းစွာစွပ်စွံခဲ့ရပြီးကျောင်းထုတ်ခံရတဲ့ကျောင်းသားတစ်ယောက်က သူ့ကိုဒုက္ခပေးခဲ့တဲ့အချစ်ဦးနဲ့ကျောင်းသားတစ်ယောက်ကို ပြန်ပြီးလက်စားချေတုံ့ပြန်ဖို့ကြိုးစားတဲ့ပုံစံလေးဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ Yoo Seung Ho က ကျောင်းထုတ်ခံလိုက်ရတဲ့ကျောင်းသားအဖြစ်ခေါင်းဆောင်နေရာကပါဝင်မှာဖြစ်ပြီး မင်းသမီး Jo Bo Ah က သူ့ရဲ ့အချစ်ဦးအဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။Kwak Dong Yeon ကတော့ Jo Bo Ah နဲ့အတူ Yoo Seung Ho ကိုကျောင်းထုတ်ခံရအောင်လုပ်လိုက်တဲ့ကျောင်းသားတစ်ယောက်အဖြစ် Supporting Role နေရာက ပါဝင်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာလည်း သူ့ကို သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ ့တစ်စိတ်တစ်ပိုင်းအဖြစ်မြင်တွေ့ရမှာပါ။

Revenge is Back ဇာတ်လမ်းတွဲကိုတော့ ဒီဇင်ဘာလမှာစတင်ပြသဖို့ရည်ရွယ်ထားပြီး နေ့ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ပရိသတ်တွေချစ်တဲ့မင်းသား၊မင်းသမီးတွေချည်းပဲဖြစ်တဲ့အပြင် ဇာတ်လမ်းလေးကလည်းဆန်းဆန်းလေးဖြစ်လို့ အကြိုက်တွေ့ဦးမယ့်ဇာတ်လမ်းတွဲကောင်းဆိုတာသေချာပါတယ်။စောင့်မျှော်အားပေးကြဦးနော်

 

262 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.