လက္သည္းပံုစံေတြကေျပာျပေနတဲ႔ လူတစ္ေယာက္ရဲ႔စိတ္ေနစိတ္ထား

လူတုိင္းမွာမတူညီတဲ့လက္သည္းပံုစံေတြရွိၾကပါတယ္။တစ္ခ်ိဳ႔က လံုး၀န္းတယ္၊တစ္ခ်ိဳ႔ကေတာ့ေလးေထာင့္၊တစ္ခ်ိဳ႔ကေသးတယ္စသျဖင့္အမ်ိဳးမ်ိဳးရွိၾကပါတယ္။ဒီလုိလက္သည္းပံုစံေတြကေန သင့္အေၾကာင္းကိုခန္႔မွန္းေျပာဆုိႏုိင္တယ္ဆုိရင္ေရာ…

နာမည္ေက်ာ္သိပၸံပညာရွင္တစ္ေယာက္ လူေတြရဲ႔လက္သည္းပံုစံကုိၾကည့္ျပီး သူတုိ႔ရဲ႔စိတ္ေနစိတ္ထားေတြ၊အက်င့္စရုိက္ေတြကုိခန္႔မွန္းေဖာ္ျပခဲ႔တာပါ။ကုိယ့္လက္သည္းပံုစံနဲ႔တုိက္ျပီးမွန္ရဲ႔လား ၾကည့္လိုက္ပါဦး။

*က်ယ္ျပန္႔ျပီးရွည္လ်ားတယ္။ေထာင့္မွန္စတုဂံပံုလက္သည္းပံုစံ


ပံုထဲမွာျပထားသလို လက္သည္းပုိင္ရွင္ဟာ ေသြးေအးတယ္။တည္ျငိမ္တယ္။ကုိယ္ပုိင္လြတ္လပ္တဲ႔အေတြးအေခၚနဲ႔အမွီအေခၚကင္းတယ္။ဒီလုိလက္သည္းပုိင္ရွင္ေတြဟာ ကုိယ္ေျပာတဲ႔စကား၊ကုိယ္လုပ္တဲ႔လုပ္ရပ္အေပၚမွာ တာ၀န္ယူစိတ္အျပည့္ရွိတယ္။ေခါင္းေဆာင္အျဖစ္ေမြးဖြားလာတဲ႔သူေတြပါပဲ။

*ေသးငယ္ျပီးေလးေထာင့္ပံုစံလက္သည္း


ဒီလုိေသးငယ္ျပီးေလးေထာင့္ပံုစံလက္သည္းပုိင္ဆုိင္ထားသူေတြဟာ ထက္ျမက္သလုိ ႏူးညံ႔ေပ်ာ့ေပ်ာင္းတယ္။ဟာသဥာဏ္ရႊင္ျပီး လူအမ်ားစုကုိစုရံုးေစႏုိင္တဲ႔အစြမ္းရွိတယ္။စိတ္ခံစားခ်က္အလြယ္တကူေပါက္ကြဲလြယ္တယ္။သူတုိ႔က ဘယ္ေနရာမဆုိေလာဘတၾကီးရွိသလို အျငင္းအခံုလည္းသန္တယ္။

*ရွည္ျပီးက်ဥ္းေျမာင္းတဲ႔လက္သည္းပံုစံ


ဒီလုိလက္သည္းပုိင္ရွင္ေတြကေတာ့ တစ္ကုိယ္ေကာင္းဆန္တတ္ျပီး ကုိယ့္အတြက္အက်ိဳးရွိမယ့္အလုပ္ကုိသာလုပ္တတ္တယ္။ဘ၀ကုိေပါ့ေပါ့ပါးပါးေနရတာသေဘာက်ျပီး တစ္ျခားသူေတြရဲ႔ အာရံုစုိက္မႈလည္းလိုခ်င္ၾကတယ္။တစ္ခါတစ္ေလ ကုိယ့္ဘ၀ကုိယ္မေက်နပ္တဲ႔စိတ္လည္းရွိတတ္ၾကတယ္။

*ပုတုိတိုလက္သည္း


ဒီလုိပုတုိတုိလက္သည္းပုိင္ရွင္ေတြက တစ္ခုခုဆုိစိတ္အားထက္သန္လြန္းတယ္။မယံုႏုိင္စရာေကာင္းေလာက္္ေအာင္ဟာသဥာဏ္လည္းရႊင္တတ္ၾကတယ္။လက္သည္းပုိျပီးပုတိုေလ သူတုိ႔ကုိယ္တုိင္ေရာ တစ္ျခားသူေတြကုိပါ အင္တုိက္အားတက္စိတ္အားထက္သန္လာေအာင္ တြန္းပိ႔ုေလပါပဲ။ကုိယ္ပုိင္လမ္းကုိအျမဲတမ္းခ်ဲ႔ထြင္ေနသူေတြျဖစ္ျပီး တစ္ပါးသူရဲ ႔လမ္းျပမႈမလိုေလာက္ေအာင္ ကုိယ္ပုိင္ဥာဏ္္နဲ႔ျပည့္စံုသူေတြလည္းျဖစ္တယ္။

*ဗာဒံေစ့လိုရွည္ေျမာေျမာလက္သည္းပုံစံ


ဒီလုိလက္သည္းပုိင္ရွင္ေတြက စိတ္သေဘာထားႏူးညံ႔တယ္။စိတ္ကူးယဥ္ဆန္တယ္။တစ္ျခားသူေတြအတြက္သူတုိ႔က အေရးပါတဲ႔သူေတြျဖစ္ခ်င္ၾကတယ္။စိတ္ထိခိုက္ခံစားလြယ္တတ္တယ္။အဲဒါေၾကာင့္လည္းတစ္ျခားသူေတြက သူတုိ႔အေပၚအလြယ္တကူအမွားျပဳလုပ္တတ္ၾကတယ္။အလြယ္တကူအကူအညီေတာင္းဆုိတတ္ၾကတယ္။

*ၾတိဂံလိုလက္သည္းပံုစံ


ပံုထဲမွာျပထားသလို ၾတိဂံပံုစံလက္သည္းရွိတဲ႔သူဟာ တီထြင္ဥာဏ္စြမ္းရွိတယ္။စိတ္သေဘာထားႏူးညံ႔ေပ်ာ့ေပ်ာင္းျပီးစိတ္ခံစားခ်က္လည္းေျပာင္းလြယ္တယ္။စိတ္အတက္အက်လည္းျမန္တယ္။သူတုိ႔က နာမည္ေက်ာ္ၾကားခ်င္တယ္။သူတုိ႔ကုိ တစ္ျခားသူေတြကမွတ္မိေနေစခ်င္တယ္။က်ရွံဳးမႈဆုိတဲ႔စကားကုိ မုန္းၾကတယ္။

ကဲ ဘယ္လိုလဲ မွန္ရဲ႔လား

Unicode

လူတိုင်းမှာမတူညီတဲ့လက်သည်းပုံစံတွေရှိကြပါတယ်။တစ်ချို့က လုံးဝန်းတယ်၊တစ်ချို့ကတော့လေးထောင့်၊တစ်ချို့ကသေးတယ်စသဖြင့်အမျိုးမျိုးရှိကြပါတယ်။ဒီလိုလက်သည်းပုံစံတွေကနေ သင့်အကြောင်းကိုခန့်မှန်းပြောဆိုနိုင်တယ်ဆိုရင်ရော…

နာမည်ကျော်သိပ္ပံပညာရှင်တစ်ယောက် လူတွေရဲ့လက်သည်းပုံစံကိုကြည့်ပြီး သူတို့ရဲ့စိတ်နေစိတ်ထားတွေ၊အကျင့်စရိုက်တွေကိုခန့်မှန်းဖော်ပြခဲ့တာပါ။ကိုယ့်လက်သည်းပုံစံနဲ့တိုက်ပြီးမှန်ရဲ့လား ကြည့်လိုက်ပါဦး။

*ကျယ်ပြန့်ပြီးရှည်လျားတယ်။ထောင့်မှန်စတုဂံပုံလက်သည်းပုံစံ
ပုံထဲမှာပြထားသလို လက်သည်းပိုင်ရှင်ဟာ သွေးအေးတယ်။တည်ငြိမ်တယ်။ကိုယ်ပိုင်လွတ်လပ်တဲ့အတွေးအခေါ်နဲ့အမှီအခေါ်ကင်းတယ်။ဒီလိုလက်သည်းပိုင်ရှင်တွေဟာ ကိုယ်ပြောတဲ့စကား၊ကိုယ်လုပ်တဲ့လုပ်ရပ်အပေါ်မှာ တာဝန်ယူစိတ်အပြည့်ရှိတယ်။ခေါင်းဆောင်အဖြစ်မွေးဖွားလာတဲ့သူတွေပါပဲ။

*သေးငယ်ပြီးလေးထောင့်ပုံစံလက်သည်း
ဒီလိုသေးငယ်ပြီးလေးထောင့်ပုံစံလက်သည်းပိုင်ဆိုင်ထားသူတွေဟာ ထက်မြက်သလို နူးညံ့ပျော့ပျောင်းတယ်။ဟာသဉာဏ်ရွှင်ပြီး လူအများစုကိုစုရုံးစေနိုင်တဲ့အစွမ်းရှိတယ်။စိတ်ခံစားချက်အလွယ်တကူပေါက်ကွဲလွယ်တယ်။သူတို့က ဘယ်နေရာမဆိုလောဘတကြီးရှိသလို အငြင်းအခုံလည်းသန်တယ်။

*ရှည်ပြီးကျဉ်းမြောင်းတဲ့လက်သည်းပုံစံ
ဒီလိုလက်သည်းပိုင်ရှင်တွေကတော့ တစ်ကိုယ်ကောင်းဆန်တတ်ပြီး ကိုယ့်အတွက်အကျိုးရှိမယ့်အလုပ်ကိုသာလုပ်တတ်တယ်။ဘဝကိုပေါ့ပေါ့ပါးပါးနေရတာသဘောကျပြီး တစ်ခြားသူတွေရဲ့ အာရုံစိုက်မှုလည်းလိုချင်ကြတယ်။တစ်ခါတစ်လေ ကိုယ့်ဘဝကိုယ်မကျေနပ်တဲ့စိတ်လည်းရှိတတ်ကြတယ်။

*ပုတိုတိုလက်သည်း
ဒီလိုပုတိုတိုလက်သည်းပိုင်ရှင်တွေက တစ်ခုခုဆိုစိတ်အားထက်သန်လွန်းတယ်။မယုံနိုင်စရာကောင်းလောက််အောင်ဟာသဉာဏ်လည်းရွှင်တတ်ကြတယ်။လက်သည်းပိုပြီးပုတိုလေ သူတို့ကိုယ်တိုင်ရော တစ်ခြားသူတွေကိုပါ အင်တိုက်အားတက်စိတ်အားထက်သန်လာအောင် တွန်းပို့လေပါပဲ။ကိုယ်ပိုင်လမ်းကိုအမြဲတမ်းချဲ့ထွင်နေသူတွေဖြစ်ပြီး တစ်ပါးသူရဲ ့လမ်းပြမှုမလိုလောက်အောင် ကိုယ်ပိုင်ဉာဏ််နဲ့ပြည့်စုံသူတွေလည်းဖြစ်တယ်။

*ဗာဒံစေ့လိုရှည်မြောမြောလက်သည်းပုံစံ
ဒီလိုလက်သည်းပိုင်ရှင်တွေက စိတ်သဘောထားနူးညံ့တယ်။စိတ်ကူးယဉ်ဆန်တယ်။တစ်ခြားသူတွေအတွက်သူတို့က အရေးပါတဲ့သူတွေဖြစ်ချင်ကြတယ်။စိတ်ထိခိုက်ခံစားလွယ်တတ်တယ်။အဲဒါကြောင့်လည်းတစ်ခြားသူတွေက သူတို့အပေါ်အလွယ်တကူအမှားပြုလုပ်တတ်ကြတယ်။အလွယ်တကူအကူအညီတောင်းဆိုတတ်ကြတယ်။

*တြိဂံလိုလက်သည်းပုံစံ
ပုံထဲမှာပြထားသလို တြိဂံပုံစံလက်သည်းရှိတဲ့သူဟာ တီထွင်ဉာဏ်စွမ်းရှိတယ်။စိတ်သဘောထားနူးညံ့ပျော့ပျောင်းပြီးစိတ်ခံစားချက်လည်းပြောင်းလွယ်တယ်။စိတ်အတက်အကျလည်းမြန်တယ်။သူတို့က နာမည်ကျော်ကြားချင်တယ်။သူတို့ကို တစ်ခြားသူတွေကမှတ်မိနေစေချင်တယ်။ကျရှုံးမှုဆိုတဲ့စကားကို မုန်းကြတယ်။

ကဲ ဘယ်လိုလဲ မှန်ရဲ့လား

477 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.