ဘာစကားမွကိုခြန္းတုံ႕မျပန္ခ်င္ေတာ႔ေလာက္ေအာင္နာက်င္ရတဲ႔အခိုက္အတန္႔မ်ိဳးခံစားဖူးျကလား…

တစ္ခါတစ္ရံကိုယ္တုိင္းလည္းခံစားဖူးပါတယ္။ ဘာဆိုဘာမွျပန္ေျပာခ်င္ ခြန္းတံု႕မျပန္ခ်င္ေတာ႔ပဲ ပါးစပ္ျကီးပိတ္ျပီး ရင္ထဲနာက်င္လြန္းအားျကီးတဲ႔အခိုက္အတန္႕မ်ိဳး၊ ဘာမွကိုေျပာခ်င္စိတ္မရွိေတာ႔ေလာက္ေအာင္ကို စိတ္ပ်က္မုန္းတီးသြားတဲ႔ Feeling မ်ိဳး၊ ျကံုဖူးျကမွာပါ။ ဘယ္ေလာက္ပဲျပည္႔စံုစြာေမြးဖြားလာရေမြးဖြာလာရ လူတုိင္းမွာ နာက်င္မႈေတြကတစ္ခုမဟုတ္တစ္ခုရွိခဲ႔ျကမွာပါပဲ။ တစ္စံုတစ္ခုကိုပဲျဖစ္ျဖစ္ တစ္စံုတစ္ေယာက္အေပၚပဲျဖစ္ျဖစ္ ဒီလိုျပန္လွည္႔မျကည္႔ခ်င္ေတာ႔ေလာက္ေအာင္စိတ္ပ်က္နာက်ည္းရျခင္းရဲ႕အဓိကအေျကာင္းရင္းကေတာ႔ ကိုယ္စိတ္ပ်က္နာက်ည္းသြားပါတယ္ဆိုတဲ႔အရာအေပၚကို ဦးစြာ စိတ္နွစ္ျပီးေမ်ွာ္လင္႔ခ်က္ျကီးစြာထားခဲ႔လုိ႕႔ပါပဲ။ အစတည္းက ေမ်ွာ္လင္႔ခ်က္နည္းရင္ ဒဏ္ရာနည္းပါတယ္။ အစတည္းကသိပ္ျပီးနွစ္နွစ္ကာကာရယ္လို႕စိတ္ထဲထည္႔မထားခဲ႔ရင္ ခံစားရသက္သာပါတယ္။ ဒီလုိတစ္စံုတစ္ခုအေပၚ မွာ ဘာမွကိုမေျပာခ်င္ေတာ႔ေလာက္ေအာင္ နာက်င္သြားျပီဆိုရင္ေတာ႔ သင္ဒီအရာေပၚအစက ျမတ္နိုးခဲ႔လို႕ ယံုျကည္လြန္းခဲ႔လို႕ အရမ္းျကီးေမ်ွာ္လင္႔ခဲ႔မိလို႕ဆိုတာ ေသခ်ာပါျပီ။ ဒါေျကာင္႔ဒီလုိနာက်င္မႈတစ္ခါရတုိင္းသင္ခန္းစာတစ္ခုလို႕ထပ္မွတ္ရင္း အျကိမ္ျကိမ္နာက်င္ဖူးတဲ႔သူေတြဟာ အရမ္းေတြကိုရင္႔က်က္သြားတတ္ျကတာပါ။ ကိုယ္႔ဘ၀မွာဒီိလိုအခိုက္အတန္႕ေတြျဖစ္လာတိုင္း ဦးဆံုးစိတ္ေအး ေခါင္းေအးထားျပီး ဖယ္သင္႔တာကိုဖယ္ရွားလုပ္သင္႔တာကို ဆံုးျဖတ္ခ်က္ခိုင္ခိုင္မာမာခ်လုပ္ျပီး ျပန္လည္စတင္ဖုိ႕အားေမြးလုိက္ပါ။ ေနာက္တစ္ခုက ဒီလုိစြံ႕အသြားေလာက္တဲ႔နာက်င္မႈမ်ိဳးကို သင္တစ္ေယာက္တည္းခံစားဖူးတာရယ္မဟုတ္ပါဘူး….

Unicode

တစ်ခါတစ်ရံကိုယ်တိုင်းလည်းခံစားဖူးပါတယ်။ ဘာဆိုဘာမှပြန်ပြောချင် ခွန်းတုံ့မပြန်ချင်တော့ပဲ ပါးစပ်ကြီးပိတ်ပြီး ရင်ထဲနာကျင်လွန်းအားကြီးတဲ့အခိုက်အတန့်မျိုး၊ ဘာမှကိုပြောချင်စိတ်မရှိတော့လောက်အောင်ကို စိတ်ပျက်မုန်းတီးသွားတဲ့ Feeling မျိုး၊ ကြုံဖူးကြမှာပါ။ ဘယ်လောက်ပဲပြည့်စုံစွာမွေးဖွားလာရမွေးဖွာလာရ လူတိုင်းမှာ နာကျင်မှုတွေကတစ်ခုမဟုတ်တစ်ခုရှိခဲ့ကြမှာပါပဲ။ တစ်စုံတစ်ခုကိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်အပေါ်ပဲဖြစ်ဖြစ် ဒီလိုပြန်လှည့်မကြည့်ချင်တော့လောက်အောင်စိတ်ပျက်နာကျည်းရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ ကိုယ်စိတ်ပျက်နာကျည်းသွားပါတယ်ဆိုတဲ့အရာအပေါ်ကို ဦးစွာ စိတ်နှစ်ပြီးမျှော်လင့်ချက်ကြီးစွာထားခဲ့လို့့ပါပဲ။ အစတည်းက မျှော်လင့်ချက်နည်းရင် ဒဏ်ရာနည်းပါတယ်။ အစတည်းကသိပ်ပြီးနှစ်နှစ်ကာကာရယ်လို့စိတ်ထဲထည့်မထားခဲ့ရင် ခံစားရသက်သာပါတယ်။ ဒီလိုတစ်စုံတစ်ခုအပေါ် မှာ ဘာမှကိုမပြောချင်တော့လောက်အောင် နာကျင်သွားပြီဆိုရင်တော့ သင်ဒီအရာပေါ်အစက မြတ်နိုးခဲ့လို့ ယုံကြည်လွန်းခဲ့လို့ အရမ်းကြီးမျှော်လင့်ခဲ့မိလို့ဆိုတာ သေချာပါပြီ။ ဒါကြောင့်ဒီလိုနာကျင်မှုတစ်ခါရတိုင်းသင်ခန်းစာတစ်ခုလို့ထပ်မှတ်ရင်း အကြိမ်ကြိမ်နာကျင်ဖူးတဲ့သူတွေဟာ အရမ်းတွေကိုရင့်ကျက်သွားတတ်ကြတာပါ။ ကိုယ့်ဘဝမှာဒီိလိုအခိုက်အတန့်တွေဖြစ်လာတိုင်း ဦးဆုံးစိတ်အေး ခေါင်းအေးထားပြီး ဖယ်သင့်တာကိုဖယ်ရှားလုပ်သင့်တာကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလုပ်ပြီး ပြန်လည်စတင်ဖို့အားမွေးလိုက်ပါ။ နောက်တစ်ခုက ဒီလိုစွံ့အသွားလောက်တဲ့နာကျင်မှုမျိုးကို သင်တစ်ယောက်တည်းခံစားဖူးတာရယ်မဟုတ်ပါဘူး….

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.