မန်ယူမနိုင် ရဲကိုမဲခဲ့မိလို့ ထောင်နုတ်ခမ်းဝရောက်နေရရှာတဲ့ ၀က်စ်ဟမ်းနောက်ခံလူ ဘယ်သူများလဲ

news_c1.jpg

ပြီးခဲ့တဲ့ စနေနေ့ညက ကစားသွားခဲ့တဲ့ မန်ယူ ၃-၁ ၀က်စ်ဟမ်းပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ လန်ဒန်မြို့ခံကလပ် ၀က်စ်ဟမ်း ရဲ့ နောက်ခံကစားသမား ဂျိမ်းစ်တွမ်ကင်ဟာ လန်ဒန်အရှေ့မြောက်ပိုင်း၊ အက်ဆက်စ်မှာရှိတဲ့ နာမည်ကျော်Sugar Hut နိုက်ကလပ်ဆီကို တနင်္ဂနွေနံနက်လင်းအားကြီးအချိန်မှာ ရောက်သွားခဲ့ပါတယ်။ ဘောလုံးပွဲရှုံးလာခဲ့တဲ့အရှိန်ကြောင့်လို့ ဆိုရမလားတော့မသိဘူး။ သောက်ရင်းနဲ့ အလွန်အကျွံတွေဖြစ်လာခဲ့ ရင်း ဘေးပတ်ဝန်းကျင်ကိုပါ အနှောက်အယှက်ဖြစ်လာစေခဲ့တာကြောင့် ရဲစခန်းကိုအကြောင်းကြားခဲ့ကာ တာဝန်ရှိသူများရောက်ရှိလာခဲ့ကြပါတယ်။ အရက်တန်ခိုးနဲ့ သတ္တိတွေကောင်းနေခဲ့တဲ့ ၀က်စ်ဟမ်းနောက်ခံက စားသမားဟာ လာရောက်ထိန်းသိမ်းတဲ့ရဲတွေကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် ၀တ္တရားနှောက့်ယှက်မှု၊ အရက်မူးလွန်ပြီး မလျော်မကန်ပြုမူခဲ့မှုများနဲ့ တရားစွဲဆိုထားခဲ့ပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဂျိမ်းစ် တွမ်ကင်ကို အာမခံနဲ့ ပြန်လွတ်ပေးထားပြီး လာမယ့် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ(၉)ရက်မှာ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စအပေါ်မှာ အက်ဆက်စ်ရဲစခန်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “Sugar Hut နိုက်ကလပ်ကနေ ကျွန်တော် တို့စခန်းဆီကို တနင်္လာနံနက်အစောပိုင်းမှာ ဆူပူမှုတစ်ခုရှိတယ်ဆိုပြီး ဆက်သွယ်အကြောင်းကြားမှုကြောင့် သွားရောက်ခဲ့ကြပါတယ်။ အဲဒီကိုရောက်ရှိခဲ့ပြီး (၂၄)နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးဖို့လုပ်ဆောင်ခဲ့ကြရာမှာ ပြန်လည်ခုခံခဲ့ပြီးတိုက်ခိုက်ခဲ့တာကြောင့် သက်ဆိုင်ရာပုဒ်မများနဲ့ တရားစွဲထားလိုက်ပါပြီ”လို့ အတည်ပြုပေးခဲ့ ပါတယ်။ ဂျိမ်းစ်တွမ်ကင်ဟာ ၀က်စ်ဟမ်းအကယ်ဒမီကနေ တက်လှမ်းလာခဲ့သူဖြစ်ပြီး ၂၀၀၈ခုနှစ်ကနေ စတင် ကာ စီနီယာအသင်းမှာ ကစားခွင့်ရလာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ (၁၄၂)ပွဲကစားပေးထားပြီး (၇) ဂိုးသွင်းနိုင်ခဲ့ကာ အင်္ဂလန်လက်ရွေးစင်မှာ တစ်နေ့ကစားခွင့်ရဖို့ရှိနေတဲ့ ဂျိမ်းစ်တွမ်ကင်ရဲ့ အနာဂတ်ကတော့ မလိုလားအပ်တဲ့ အမှားတစ်ခုကြောင့် မှောင်မိုက်သွားမှာ ကို မလိုလားမိတာအမှန်ပါပဲ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.