အဆီက်ေဆးေတြေသာက္ေပမဲ႔ ပိန္မလာရတဲ႔အေၾကာင္းက…

ဒီေန႔ေခတ္ၾကီးထဲမွာ ခႏၶာကုိယ္ပိန္သြယ္လွပေစဖုိ႔ ထုတ္ထားတဲ႔အဆီက်ေဆး၊ပိန္ေဆးေတြအမ်ားၾကီးေပၚေနသလို အလြယ္တကူကုိယ္အေလးခ်ိန္ေလ်ွာ့ခ်လိုသူေတြဟာ ဒီေဆးေတြကုိမွီ၀ဲသံုးစြဲေလ့ရွိၾကပါတယ္။ဒီလုိသံုးစြဲၾကတဲ႔အခါမွာ တစ္ခ်ိဳ႔ကေတာ့အစြမ္းထက္စြာပဲ ပိန္သြားတယ္။ဒါေပမဲ႔ တစ္ခ်ိဳ႔ကက် မပိန္ဘူး။ဒီတုိင္းကဒီတုိင္းပဲ။ပုိျပီးေတာင္၀လာေသးတယ္ စသျဖင့္ ရွိတတ္ၾကပါတယ္။ဒါက ဘာေၾကာင့္လဲ??

လူတစ္ေယာက္နဲ႔တစ္ေယာက္ခႏၶာကိုယ္ဖြဲ႔စည္းပံုမတူတဲ႔အတြက္ သူက ၁၀ရက္နဲ႔၀ိတ္က်ေပမဲ႔ ကုိယ္က ရက္ ၂၀မွ၀ိတ္က်တာမ်ိဳးလည္းရွိတတ္တယ္။ဒီေဆးေသာက္ပံုေသာက္နည္းမွားေနတဲ႔အတြက္ေၾကာင့္ ၀ိတ္မက်တာလည္းျဖစ္ရင္ျဖစ္ႏုိင္တယ္။ျပီးေတာ့ အဆီက်ေဆးေတြေသာက္ေပမဲ႔ ပိန္မလာဘူးဆုိတာ တကယ္ေတာ့ ဒီအခ်က္ေတြနဲ႔ျငိေနတဲ႔အတြက္ေၾကာင့္ပါပဲ။

*အယံုၾကည္လြန္ေနျခင္း
ဒီေဆးေလးေသာက္ရံုနဲ႔ ကုိယ္အေလးခ်ိန္အလြယ္တကူက်သြားမယ္လုိ႔ယံုၾကည္ေနတာက ၀ိတ္မက်ရျခင္းရဲ႔အေၾကာင္းတစ္ခုပါပဲ။ဒါေတြက ပိန္ဖုိ႔အတြက္ရည္ရြယ္ထုတ္လုပ္ထားတာမွန္ေပမဲ႔ ဒါကုိ အလြန္အမင္းယံုၾကည္အားကုိးျပီး ကုိယ္စားခ်င္တာေတြခ်ည္းစားေနရင္ ၀ိတ္က်ဖုိ႔ဆုိတာ ေ၀လာေ၀းပါပဲ။အဆီအဆိမ့္အစားအစာေတြမေလ်ွာ့ပဲ ေဆးတစ္ခုတည္းအားကုိးေနရံုနဲ႔ ၀ိတ္မက်ပါဘူး။ပုိျပီးေတာင္၀ိတ္တက္လာပါဦးမယ္။အဆီက်ေဆးေသာက္မယ္ဆုိရင္ ကုိယ္စားတဲ႔အစားအစာကုိလည္းခ်င့္ခ်ိန္ေျပာင္းလဲစားသံုးဖုိ႔လိုအပ္ျပီး ကိုယ္လက္ေလ့က်င့္ခန္းလည္းပံုမွန္တြဲလုပ္ေပးမယ္ဆုိရင္ ထိေရာက္တ့ဲရလဒ္ကုိရရွိလာမွာပါ။

*မတည့္ေပမဲ႔ ထပ္ေသာက္ေနျခင္း
အဆီက်ေဆးမွာပါ၀င္တဲ႔အရာေတြဟာ တစ္ခ်ိဳ႔လူေတြနဲ႔တည့္ေပမဲ႔ ႏွလံုးေရာဂါ၊ရင္တုန္မူးေ၀ျဖစ္တတ္တဲ႔ေရာဂါစတဲ႔ေရာဂါေတြရွိေနရင္ ဒီေဆးေတြက အမ်ားအားျဖင့္ မတည့္ပါဘူး။အဲ႔ဒီအခါ ေအာ့အန္တာမ်ိဳးေတြျဖစ္လာမယ္။အလြန္အမင္း၀မ္းသြားတာမ်ိဳးေတြျဖစ္လာမယ္။ဒီလုိျဖစ္ေနရဲ႔နဲ႔ဆက္ေသာက္ေနမယ္ဆုိရင္ပိန္လာမွာမဟုတ္ပဲ ဆုိးက်ိဳးကပုိျဖစ္လာမွာပါေနာ္။ဒါက သင္နဲ႔ဓာတ္မတည့္ဘူးဆုိတဲ႔အေၾကာင္းသတိေပးေနတာပါ။၀ိတ္က်ျခင္းရဲ႔အစမဟုတ္ပါဘူး။

*ေသာက္လိုက္၊ရပ္လိုက္နဲ႔သံသရာလည္ေနတယ္
အဆီက်ေဆးကုိေသာက္တယ္။ပိန္သြားတယ္။ပိန္သြားတဲ႔ခဏရပ္လုိက္တယ္။ျပန္၀လာရင္ ထပ္ေသာက္တယ္ စသျဖင့္ ေသာက္လုိက္ရပ္လိုက္ ျပန္ေသာက္လုိက္သံသရာဟာ သင္၀ိတ္မက်ျခင္းရဲ ႔တရားခံလည္းျဖစ္ပါတယ္။လူအနည္းစုကသာ အဆီက်ေဆးကုိစစခ်င္း တစ္ေန႔တစ္လံုး ၊ေနာက္ပုိင္းက်ေတာ့ ရက္ျခားစီစသျဖင့္ အစားေလးလည္းထိန္း၊အဆီက်ေဆးလည္းေသာက္ရင္း ပံုမွန္ျဖတ္သန္းသြားၾကတာပါ။အဲ့ဒီလိုမဟုတ္ပဲ ေသာက္လုိက္ ရပ္လိုက္လုပ္ေနမွန္ဆုိရင္၀ိတ္က က်လိုက္၊တက္လိုက္ သံသရာလည္ေနမွာအမွန္ပါပဲ။

*ေဆးေသာက္ဖုိ႔ ေမ့ေလ်ာေနတတ္ျခင္း
ဘယ္လိုေဆးမ်ိဳးမဆုိ ေဆးပတ္လည္ေအာင္ေသာက္ေပးဖုိ႔လုိပါတယ္။အဲ႔လိုမဟုတ္ပဲ သံုးရက္ျခားတစ္ခါေလာက္ေမ့ေနမယ္။ႏွစ္ရက္ျခားတစ္ခါေလာက္ေမ့ျပီးမေသာက္ျဖစ္ျပန္ဘူးဆုိရင္ ဒါက ပံုမွန္အလုပ္လုပ္မွာမဟုတ္ပါဘူး။အက်ိဳးသက္ေရာက္မႈလည္းရွိမွာမဟုတ္ပါဘူး။ဒါေၾကာင့္ေဆးေသာက္မယ္ဆုိရင္လည္း မေမ့ေလ်ာပဲေသာက္ျဖစ္ေအာင္ၾကိဳးစားပါ။

*အဆီက်ေဆးနဲ႔မွ ပိန္မယ္ထင္ေနျခင္း
အဆီက်ေဆးေသာက္ဖုိ႔စဥ္းစားထားရင္ အရင္ဆံုးကုိယ္ဘာေတြလုပ္ျပီးျပီလဲ ေလ့က်င့္ခန္းပံုမွန္
လုပ္ၾကည့္ျပီးျပီလား အစားနဲ႔ထိန္းျပီးခ်ၾကည့္ျပီးျပီလား?စသျဖင့္ ကုိယ္လုပ္ႏုိင္တာမွန္သမ်ွလုပ္ၾကည့္ထားဖုိ႔လိုအပ္တယ္လုိ႔ေျပာခ်င္ပါတယ္။ဘာလို႔လဲဆုိေတာ့ အားလံုးသိၾကတဲ႔အတိုင္း ဒီအဆီက်ေဆးဆုိတာ အစစ္ရွိသလုိ အတုေတြကလည္းေပါမ်ားေနတာပါ။ကုိယ္က အတုမိတဲ႔အခါဒီေဆးေတြရဲ ႔Side effect ေတြၾကံဳရပါလိမ့္မယ္။ဒီလုိမလိုအပ္တဲ႔ဆုိးက်ိဳးေတြမျဖစ္ခ်င္ရင္ ကုိယ္ေသာက္မယ့္ေဆးအေၾကာင္းေသခ်ာသိထားဖုိ႔၊စံုစမ္းဖုိ႔လိုအပ္ျပီး ဒီေဆးေတြကုိအားမကုိးခင္ကုိယ္လုပ္ႏုိင္သေလာက္ အရင္လုပ္ၾကည့္ပါဦးလို႔တုိက္တြန္းခ်င္ပါတယ္။ဘာလို႔လဲဆုိေတာ့ ဒီအဆီက်ေဆးေတြမပါလည္း သင္၀ိတ္က်ေအာင္လုပ္ႏုိင္လုိ႔ပါ။

အဆီက်ေဆးေသာက္မယ့္အစား အစားေလးပံုမွန္ထိန္း ေလ့က်င့္ခန္းေလးပံုမွန္လုပ္ေပးသြားရင္အေကာင္းဆံုးပါ။ဒါေပမဲ႔ အခိ်န္လည္းမေပးႏုိင္ဘူး။အစားလည္းမျဖတ္ႏုိင္ဘူးဆုိရင္ စစ္မွန္တဲ႔အဆီက်ေဆးကုိေရြးခ်ယ္၀ယ္ယူျပီး ဒီအေပၚက အခ်က္ေလးေတြကုိေရွာင္ကာ ေသခ်ာမွန္ကန္စြာေသာက္သံုးေပးဖုိ႔လိုအပ္ပါတယ္။

Unicode

ဒီနေ့ခေတ်ကြီးထဲမှာ ခန္ဓာကိုယ်ပိန်သွယ်လှပစေဖို့ ထုတ်ထားတဲ့အဆီကျဆေး၊ပိန်ဆေးတွေအများကြီးပေါ်နေသလို အလွယ်တကူကိုယ်အလေးချိန်လျှော့ချလိုသူတွေဟာ ဒီဆေးတွေကိုမှီဝဲသုံးစွဲလေ့ရှိကြပါတယ်။ဒီလိုသုံးစွဲကြတဲ့အခါမှာ တစ်ချို့ကတော့အစွမ်းထက်စွာပဲ ပိန်သွားတယ်။ဒါပေမဲ့ တစ်ချို့ကကျ မပိန်ဘူး။ဒီတိုင်းကဒီတိုင်းပဲ။ပိုပြီးတောင်ဝလာသေးတယ် စသဖြင့် ရှိတတ်ကြပါတယ်။ဒါက ဘာကြောင့်လဲ??

လူတစ်ယောက်နဲ့တစ်ယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူတဲ့အတွက် သူက ၁ဝရက်နဲ့ဝိတ်ကျပေမဲ့ ကိုယ်က ရက် ၂ဝမှဝိတ်ကျတာမျိုးလည်းရှိတတ်တယ်။ဒီဆေးသောက်ပုံသောက်နည်းမှားနေတဲ့အတွက်ကြောင့် ၀ိတ်မကျတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်။ပြီးတော့ အဆီကျဆေးတွေသောက်ပေမဲ့ ပိန်မလာဘူးဆိုတာ တကယ်တော့ ဒီအချက်တွေနဲ့ငြိနေတဲ့အတွက်ကြောင့်ပါပဲ။

*အယုံကြည်လွန်နေခြင်း
ဒီဆေးလေးသောက်ရုံနဲ့ ကိုယ်အလေးချိန်အလွယ်တကူကျသွားမယ်လို့ယုံကြည်နေတာက ၀ိတ်မကျရခြင်းရဲ့အကြောင်းတစ်ခုပါပဲ။ဒါတွေက ပိန်ဖို့အတွက်ရည်ရွယ်ထုတ်လုပ်ထားတာမှန်ပေမဲ့ ဒါကို အလွန်အမင်းယုံကြည်အားကိုးပြီး ကိုယ်စားချင်တာတွေချည်းစားနေရင် ၀ိတ်ကျဖို့ဆိုတာ ဝေလာဝေးပါပဲ။အဆီအဆိမ့်အစားအစာတွေမလျှော့ပဲ ဆေးတစ်ခုတည်းအားကိုးနေရုံနဲ့ ၀ိတ်မကျပါဘူး။ပိုပြီးတောင်ဝိတ်တက်လာပါဦးမယ်။အဆီကျဆေးသောက်မယ်ဆိုရင် ကိုယ်စားတဲ့အစားအစာကိုလည်းချင့်ချိန်ပြောင်းလဲစားသုံးဖို့လိုအပ်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်းပုံမှန်တွဲလုပ်ပေးမယ်ဆိုရင် ထိရောက်တဲ့ရလဒ်ကိုရရှိလာမှာပါ။

*မတည့်ပေမဲ့ ထပ်သောက်နေခြင်း
အဆီကျဆေးမှာပါဝင်တဲ့အရာတွေဟာ တစ်ချို့လူတွေနဲ့တည့်ပေမဲ့ နှလုံးရောဂါ၊ရင်တုန်မူးဝေဖြစ်တတ်တဲ့ရောဂါစတဲ့ရောဂါတွေရှိနေရင် ဒီဆေးတွေက အများအားဖြင့် မတည့်ပါဘူး။အဲ့ဒီအခါ အော့အန်တာမျိုးတွေဖြစ်လာမယ်။အလွန်အမင်းဝမ်းသွားတာမျိုးတွေဖြစ်လာမယ်။ဒီလိုဖြစ်နေရဲ့နဲ့ဆက်သောက်နေမယ်ဆိုရင်ပိန်လာမှာမဟုတ်ပဲ ဆိုးကျိုးကပိုဖြစ်လာမှာပါနော်။ဒါက သင်နဲ့ဓာတ်မတည့်ဘူးဆိုတဲ့အကြောင်းသတိပေးနေတာပါ။၀ိတ်ကျခြင်းရဲ့အစမဟုတ်ပါဘူး။

*သောက်လိုက်၊ရပ်လိုက်နဲ့သံသရာလည်နေတယ်
အဆီကျဆေးကိုသောက်တယ်။ပိန်သွားတယ်။ပိန်သွားတဲ့ခဏရပ်လိုက်တယ်။ပြန်ဝလာရင် ထပ်သောက်တယ် စသဖြင့် သောက်လိုက်ရပ်လိုက် ပြန်သောက်လိုက်သံသရာဟာ သင်ဝိတ်မကျခြင်းရဲ ့တရားခံလည်းဖြစ်ပါတယ်။လူအနည်းစုကသာ အဆီကျဆေးကိုစစချင်း တစ်နေ့တစ်လုံး ၊နောက်ပိုင်းကျတော့ ရက်ခြားစီစသဖြင့် အစားလေးလည်းထိန်း၊အဆီကျဆေးလည်းသောက်ရင်း ပုံမှန်ဖြတ်သန်းသွားကြတာပါ။အဲ့ဒီလိုမဟုတ်ပဲ သောက်လိုက် ရပ်လိုက်လုပ်နေမှန်ဆိုရင်ဝိတ်က ကျလိုက်၊တက်လိုက် သံသရာလည်နေမှာအမှန်ပါပဲ။

*ဆေးသောက်ဖို့ မေ့လျောနေတတ်ခြင်း
ဘယ်လိုဆေးမျိုးမဆို ဆေးပတ်လည်အောင်သောက်ပေးဖို့လိုပါတယ်။အဲ့လိုမဟုတ်ပဲ သုံးရက်ခြားတစ်ခါလောက်မေ့နေမယ်။နှစ်ရက်ခြားတစ်ခါလောက်မေ့ပြီးမသောက်ဖြစ်ပြန်ဘူးဆိုရင် ဒါက ပုံမှန်အလုပ်လုပ်မှာမဟုတ်ပါဘူး။အကျိုးသက်ရောက်မှုလည်းရှိမှာမဟုတ်ပါဘူး။ဒါကြောင့်ဆေးသောက်မယ်ဆိုရင်လည်း မမေ့လျောပဲသောက်ဖြစ်အောင်ကြိုးစားပါ။

*အဆီကျဆေးနဲ့မှ ပိန်မယ်ထင်နေခြင်း
အဆီကျဆေးသောက်ဖို့စဉ်းစားထားရင် အရင်ဆုံးကိုယ်ဘာတွေလုပ်ပြီးပြီလဲ လေ့ကျင့်ခန်းပုံမှန်
လုပ်ကြည့်ပြီးပြီလား အစားနဲ့ထိန်းပြီးချကြည့်ပြီးပြီလား?စသဖြင့် ကိုယ်လုပ်နိုင်တာမှန်သမျှလုပ်ကြည့်ထားဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း ဒီအဆီကျဆေးဆိုတာ အစစ်ရှိသလို အတုတွေကလည်းပေါများနေတာပါ။ကိုယ်က အတုမိတဲ့အခါဒီဆေးတွေရဲ ့Side effect တွေကြုံရပါလိမ့်မယ်။ဒီလိုမလိုအပ်တဲ့ဆိုးကျိုးတွေမဖြစ်ချင်ရင် ကိုယ်သောက်မယ့်ဆေးအကြောင်းသေချာသိထားဖို့၊စုံစမ်းဖို့လိုအပ်ပြီး ဒီဆေးတွေကိုအားမကိုးခင်ကိုယ်လုပ်နိုင်သလောက် အရင်လုပ်ကြည့်ပါဦးလို့တိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီအဆီကျဆေးတွေမပါလည်း သင်ဝိတ်ကျအောင်လုပ်နိုင်လို့ပါ။

အဆီကျဆေးသောက်မယ့်အစား အစားလေးပုံမှန်ထိန်း လေ့ကျင့်ခန်းလေးပုံမှန်လုပ်ပေးသွားရင်အကောင်းဆုံးပါ။ဒါပေမဲ့ အချိန်လည်းမပေးနိုင်ဘူး။အစားလည်းမဖြတ်နိုင်ဘူးဆိုရင် စစ်မှန်တဲ့အဆီကျဆေးကိုရွေးချယ်ဝယ်ယူပြီး ဒီအပေါ်က အချက်လေးတွေကိုရှောင်ကာ သေချာမှန်ကန်စွာသောက်သုံးပေးဖို့လိုအပ်ပါတယ်။

119 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.