သူ့ဘက်ကအချစ်တွေပေးဖို့မေ့နေရလောက်အောင်ကိုယ့်ဘက်ကတရားလွန်အချစ်တွေမဖန်တီးမိပါစေနဲ့


Unicode

တစ်ချို့စုံတွဲတွေရှိပါတယ်။ ကောင်လေးကကောင်မလေးကို မတရားချစ်တာ(သို့)ကောင်မလေးကကောင်လေးကိုမတရားချစ်တာမျိုး ရှင်းရှင်းပြောရမယ်ဆိုရင် တစ်ဖက်တည်းကအရမ်းတွေကိုပိုချစ်နေတာမျိုးပါ။ ကိုယ့်ချစ်သူအပေါ်ကိုယ်ချစ်တာ မကောင်းဘူးလားဆိုတော့မဟုတ်ဘူးကောင်းပါတယ်။ ဒါပင်မဲ့ တည်ငြိမ်ပြီးရေရှည် မြဲချင်တဲ့ RS တစ်ခုဟာ နှစ်ဦးနှစ်ဖက်ချစ်ခြင်းမေတ္တာတွေ အပေးအယူတွေကမျှတနေဖို့၊ မတိမ်းမယိမ်းဖြစ်နေဖို့တော့လိုပါတယ်။ ဒီလိုမဟုတ်ပဲ တစ်ဦးတည်းတစ်ဖက်တည်းက အချစ်တွေကို အလွန်အကြူးပေးမိတဲ့အခါ တစ်ဖက်ကဒါကိုမချစ်လို့မခံစားရပဲ မွန်းကြပ်မှုလို့ခံစားရနိုင်ပါတယ်။ အရမ်းချစ်တာများ အပြစ်လား…လို့ပြောလိမ့်မယ် …အရမ်းချစ်တာအပြစ်မဟုတ်ပါဘူး …ကိုယ်အရမ်းချစ်မိတဲ့သူကလည်းကိုယ့်အပေါ်ကိုယ့်လောက်မဟုတ်ရင်တောင် ကိုယ့်လောက်နီးနီးတော့ဖြစ်နေဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာလူတွေက သိပ်နီးလွန်းတဲ့အရာတွေကို မှုန်ပြီးမမြင်တတ်ကြပါဘူး။ ဒီလိုပဲ ရလွန်းအားကြီးနေတဲ့ဟာမျိုးတွေကိုလည်း အထူးတလည်တန်ဖိုးထားမနေတတ်တော့ပါဘူး။ ဒါကြောင့်ရပါများရင်တန်ဖိုးမထားခံရဘူး ဘာညာ သရကာဆိုတာတွေ ပြောလာတတ်ကြတာပါ။ ကိုယ်ဒါပေးလို့ ကိုယ့်ချစ်သူဆီကဒါပြန်ရရမယ်ဆိုတာမျိုးမျှော်လင့်ခိုင်းတာတော့မဟုတ်ပါဘူး။ ဒါပင်မဲ့ တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းမေတ္တာအပေးအယူကသိပ်ကိုကွာဟနေရင် ကြာရင်နှစ်ဦးစလုံးစိတ်ထိခိုက်စရာတွေဖြစ်လာကြမှာပါ။ ဒါကြောင့် ကိုယ် ့မေတ္တာကို နားလည်ခံစားပြီးတန်ဖိုးထားတတ်တဲ့သူကိုသာ ကိုယ့်မေတ္တာပေးပါ။ ကိုယ့်ရဲ့တစ်ဖက်စွန်းရောက်ချစ်ခြင်းမေတ္တာတွေကြောင့် သူ့ဘက်ကသင့်ကိုချစ်ပေးဖို့တန်ဖိုးထားပေးဖို့မေ့သွားလောက်အောက်ထိ အဖြစ်မခံပါနဲ။ စုံတွဲတိုင်းတူညီတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ အေးချမ်းတဲ့ RS Life ကိုပိုင်ဆိုင်နိုင်ကြဖို့ဆုတောင်းရင်း…

346 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.