အိမ္ေထာင္ရွင္ရာထူးပုိင္ဆုိင္သြားျပီျဖစ္တဲ႔ မင္းသား Jo Jung Suk

ကုိယ္ေတြရဲ႔မင္းသားေခ်ာတစ္ေယာက္ေတာ့ အိမ္ေထာင္ရွင္ၾကီးျဖစ္ျပန္ပါေရာလား။

ေတာင္ကုိရီးယားမင္းသား Jo Jung Suk ဟာ သူ႔ရဲ ႔ခ်စ္သူအဆုိေတာ္ Gummy နဲ႔ လက္ထပ္လိုက္ပါျပီတဲ႔။ဒီအေၾကာင္းကုိ ေအာက္တိုဘာ ၈ရက္ေန႔က Gummy ရဲ ႔ေအဂ်င္စီ C-JeS Entertainment ကေန “ဒီစံုတြဲေလးဟာ ဘ၀တစ္ေလ်ွာက္လံုး၀မ္းသာေပ်ာ္ရႊင္မႈ၊၀မ္းနည္းမႈေတြကုိ အတူတူမွ်ေ၀ခံစားသြားမယ္၊တစ္ေယာက္ကုိတစ္ေယာက္အျမဲေလးစားျပီး အျမဲဂရုစုိုက္သြားၾကမယ္လုိ႔ကတိသစၥာျပဳခဲ႔ျပီးပါျပီ။ပရိသတ္ေတြရဲ ႔ဂုဏ္ျပဳစကားသံေတြအတြက္လည္း ေက်းဇူးအမ်ားၾကီးတင္ပါတယ္။သူတုိ႔ႏွစ္ေယာက္အတူတူေလ်ွာက္ၾကမယ့္လမ္းအတြက္ ေႏြးေထြးတဲ႔အားေပးစကားေတြနဲ႔ဆုေတာင္းစကားေလးေတြ ထပ္ျပီးေျပာေပးဖုိ႔ေတာင္းဆုိပါတယ္”ဆုိျပီးအတည္ျပဳေၾကညာခဲ႔တာျဖစ္ပါတယ္။

Gummy နဲ႔ Jo Jung Suk ဟာ ၂၀၁၃ တုန္းကစတင္ေတြ႔ဆံုခဲ႔တာျဖစ္ျပီး ငါးႏွစ္တာခ်စ္သူေတြအျဖစ္အတူရွိခဲ႔ျပီးေနာက္မွာေတာ့ ဘ၀တစ္ေလ်ွာက္လံုးႏွစ္ေယာက္အတူရွိၾကဖုိ႔ဆံုးျဖတ္ခဲ႔ၾကတာျဖစ္ပါတယ္။လက္ထပ္ေတာ့မယ္ဆုိတဲ႔အေၾကာင္းကုိ ဇြန္လတုန္းက ပရိသတ္ေတြကုိ ကုိယ္စီစာလႊာေလးေတြနဲ႔ေၾကညာေပးခဲ႔ၾကတာပါ။

ဒီေန႔ဒီအခ်ိန္မွာေတာ့ သူတုိ႔စံုတြဲေလးဟာ ႏွစ္ဖက္မိဘေဆြမ်ိဳးအသုိင္းအ၀ုိင္း၊ရင္းႏွီးတဲ႔မိတ္ေဆြေတြနဲ႔သာ လက္ထပ္ပြဲကို အက်ဥ္းခ်ဳံးျပီးသီးသန္႔က်င္းပခဲ႔ၾကပါျပီ။သူတုိ႔ရဲ ႔မဂၤလာေဆာင္ဓာတ္ပံုေတြကုိေတာ့ ဇူလိုင္လတုန္းက ဂ်ယ္ဂ်ဴကြ်န္းမွာသြားေရာက္ရိုက္ကူးခဲ႔တာျဖစ္တယ္လုိ႔သိရပါတယ္။အသစ္စက္စက္ဇနီးေမာင္ႏွံေလးရဲ ႔ေပ်ာ္ရႊင္ေနတဲ႔ပံုရိပ္ေတြကုိၾကည့္လိုက္ပါဦး။

Congratulations …

Unicode

ကိုယ်တွေရဲ့မင်းသားချောတစ်ယောက်တော့ အိမ်ထောင်ရှင်ကြီးဖြစ်ပြန်ပါရောလား။

တောင်ကိုရီးယားမင်းသား Jo Jung Suk ဟာ သူ့ရဲ ့ချစ်သူအဆိုတော် Gummy နဲ့ လက်ထပ်လိုက်ပါပြီတဲ့။ဒီအကြောင်းကို အောက်တိုဘာ ၈ရက်နေ့က Gummy ရဲ ့အေဂျင်စီ C-JeS Entertainment ကနေ “ဒီစုံတွဲလေးဟာ ဘဝတစ်လျှောက်လုံးဝမ်းသာပျော်ရွှင်မှု၊ဝမ်းနည်းမှုတွေကို အတူတူမျှဝေခံစားသွားမယ်၊တစ်ယောက်ကိုတစ်ယောက်အမြဲလေးစားပြီး အမြဲဂရုစိုုက်သွားကြမယ်လို့ကတိသစ္စာပြုခဲ့ပြီးပါပြီ။ပရိသတ်တွေရဲ ့ဂုဏ်ပြုစကားသံတွေအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။သူတို့နှစ်ယောက်အတူတူလျှောက်ကြမယ့်လမ်းအတွက် နွေးထွေးတဲ့အားပေးစကားတွေနဲ့ဆုတောင်းစကားလေးတွေ ထပ်ပြီးပြောပေးဖို့တောင်းဆိုပါတယ်”ဆိုပြီးအတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

Gummy နဲ့ Jo Jung Suk ဟာ ၂၀၁၃ တုန်းကစတင်တွေ့ဆုံခဲ့တာဖြစ်ပြီး ငါးနှစ်တာချစ်သူတွေအဖြစ်အတူရှိခဲ့ပြီးနောက်မှာတော့ ဘဝတစ်လျှောက်လုံးနှစ်ယောက်အတူရှိကြဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကို ဇွန်လတုန်းက ပရိသတ်တွေကို ကိုယ်စီစာလွှာလေးတွေနဲ့ကြေညာပေးခဲ့ကြတာပါ။

ဒီနေ့ဒီအချိန်မှာတော့ သူတို့စုံတွဲလေးဟာ နှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝိုင်း၊ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့သာ လက်ထပ်ပွဲကို အကျဉ်းချုံးပြီးသီးသန့်ကျင်းပခဲ့ကြပါပြီ။သူတို့ရဲ ့မင်္ဂလာဆောင်ဓာတ်ပုံတွေကိုတော့ ဇူလိုင်လတုန်းက ဂျယ်ဂျူကျွန်းမှာသွားရောက်ရိုက်ကူးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အသစ်စက်စက်ဇနီးမောင်နှံလေးရဲ ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုကြည့်လိုက်ပါဦး။

Congratulations …

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.