ခြေဆီနံ့ပြင်းပြင်းကြီးတွေကိုတာ့တာ လုပ်လိုက်ရအောင်…

ခြေထောက်ကထွက်တဲ့ခြေဆီအနံ့ ဆိုးဆိုးတွေဟာ ဘယ်နေရာရောက်ရောက်အနှောက်ယှက်တစ်ခုပါပဲ။ ဘယ်သူပဲဖြစ်ဖြစ်ခြေဆီအနံ့တွေကိုမုန်းတီးရွံရှာတတ်ကြပါတယ်။ ဆိုတော့ဒီခြေဆီအနံ့တွေကိုပျောက်ကင်းစေဖို့ဘာတွေလုပ်သင့်သလဲ…

1. ခြေထောက်မှန်မှန်ဆေးပါ

 ခြေထောက်မှန်မှန်ဆေးပါ ခြေထောက်ကို ဘယ်နေရာကပြန်လာပြန်လာ အပြင်ကပြန်လာတာနဲ့ဆေးကြောတတ်တဲ့အကျင့်ဖြစ်အောင်ကြိုးစားပါ။ ခြေထောက်ဆီထွက်တယ်ဆိုတာ ခြေထောက်ရဲ့တစ်နေ့ပတ်လုံးကပ်တွယ်နေတဲ့အညစ်ကြေးတွေဖုန်တွေကြောင့်လည်းဖြစ်နိုင်တာမလို့ ခြေထောက်ကို မှန်မှန်ဆေးတတ်တဲ့ အကျင့်လေးကို မွေးမြူပါ ။

2. ဖိနပ်ကိုစည်းစနစ်တကျစီးပါ

 ဖိနပ်ကိုစည်းစနစ်တကျစီးပါ   ဖိနပ်မစည်းခင် ဖိနပ်ထားတဲ့အခါ တစ်ရံနဲ့တစ်ရံကိုထပ်ထားတာမျိုး၊ တစ်ဖက်ပေါ်တစ်ဖက်တင်ထားတာမျိုးတွေမလုပ်မိပါစေနဲ့ ။ ဒီလိုထားခြင်းဟာ ဖိနပ်ရဲ့အနံ့အသက်ရောရုပ်ဆင်းကိုပါပျက်စီးစေပါတယ်။ ခြေဆီထွက်ခြင်းရဲ့အဓိကအကြောင်းရင်းထဲမှာ ဖိနပ်ကို ပြောင်းစီးဖို့လည်းလိုပါတယ်။ တစ်ချို့က ဒီတစ်ရံကို မပြတ်မချင်းဆေးကြောခြင်းလည်းမရှိ ဒါကိုပဲထပ်တလဲလဲစီးတက်ကြပါတယ်။ ကြာတော့ဖိနပ်နဲ့ခြေထောက်ကချွေးတွေဟာ အထိများလာပြီး ဖိနပ်မှာရောခြေထောက်မှာပါ ခြေဆီနံ့တွေထွက်လာတတ်ပါတယ်။

3. ဆားနဲ့နှစ်ရက်ခြားတစ်ခါလောက်သန့်စင်ပေးပါ

ဆားနဲ့နှစ်ရက်ခြားတစ်ခါလောက်သန့်စင်ပေးပါသူများထက်ခြေဆီပိုထွက်တက်ပြီးခြေဆီအနံ့ပြင်းတဲ့သူတွေဟာ တစ်ပတ်ကို နှစ်ရက်လောက်ခြေထောက်ကိုရေနွေးနဲ့ဆားနဲ့စိမ်ပြီး ဆေးပေးပါ။ ခြေဖ၀ါးရဲ့ချွေးပေါက်လေးတွေ ကောင်းမွန်စွာပွင့်ထွက်လာပြီး ခြေဆီနံ့လေးတွေထွက်တာကိုသက်သာစေပါတယ်။

4. ခြေချောင်းကြားတွေကိုလေ၀င်အောင်ထားပါ

 ခြေချောင်းကြားတွေကိုလေ၀င်အောင်ထားပါ ခြေဖ၀ါးမှာရှိတဲ့ခြေချောင်းလေးတွေကို တစ်ချောင်းနဲ့တစ်ချောင်းကြားထဲလေ၀င်အောင်လုပ်ဆောင်ပေးပါ။ တစ်ခါတရံမှာခြေချောင်လေးတွေကြားမှာ ချွေးတွေအောင်းနေတက်ပြီး အဲ့ဒီချွေးတွေကနေတစ်ဆင့်အနံ့အသက်တွေဖြစ်စေတာမို့ ခြေချောင်းတွေကို အမြဲလေ၀င်စေပြီး ချွေတွေအောင်းမနေစေဖို့လိုပါတယ်။

5. Spary သုံးပေးပါ

 Spary သုံးပေးပါဒါကတော့ရိုးရှင်းပါတယ်။ အပေါ်ကနည်းလမ်းတွေလုပ်ပြီးသွားပြီးနောက်မှာနောက်ဆုံးအဆင့်ကတော့ခြေဖ၀ါးကို Sparyဖြန်းပေးဖို့ပါပဲ။ အနံ့သိပ်မပြင်း၊ အဆီသိပ်မများပဲအေးအေးမြမြလေး ဖြစ်စေတဲ့ Spary မျိုးကိုခြေဖ၀ါးကို တစ်ခါတရံဖြန်းဖြန်းပေးဖို့လိုပါတယ်။

75 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.