မိန္းကေလးေတြကိုတန္ဖုိးထားပါ…

မိန္းကေလးတုိင္းကိုတန္ဖိုးထားပါ…မိန္းမဆုိတာရွိေနလုိ႕သင္တုိ႕ေလာကျကီးထဲမွာလူရယ္လုိ႕ျဖစ္လာတယ္ဆိုတာကိုမေမ႔လုိက္ပါနဲ႕။ ကိုယ္ခ်စ္တဲ႔မိန္းကေလးကိုလည္းတန္ဖိုးထားပါ၊ ကိုယ္နဲ႕မပတ္သတ္ပင္မဲ႔လည္း ဘယ္လုိပတ္၀န္းက်င္မွာျဖစ္ျဖစ္ က်င္လည္ေနတဲ႔မိန္းမတုိင္းကို တန္ဖိုရွိရွိဆက္ဆံျကပါ။ မိန္းကေလးေတြဆိုတာ ေယာက္်ားေလးေတြအစခံဖို႕ ေယာက္်ားေလးေတြ နဲ႕တန္းမတူလို႕ အနိႈ္င္းခံ တန္းအညိွခံဖုိ႕ လူျဖစ္လာျကတာမဟုတ္ပါဘူး။ အရင္ေခတ္ေတြတုန္းကဆုိ မိန္းကေလးတစ္ေယာက္ကိုစေနာက္ဖုိ႕ေနေနသာသာ တစ္အားလွလြန္းလို႕ျကည္႔ခ်င္ရင္ေတာင္ လူမိသြားရင္မ်က္လံုးလႊဲတတ္ျကတာမ်ိဳးပါ။ အမေလး အခုမ်ားေတာ႔ ဘယ္ေနရာေရာက္ေရာက္ျဖတ္သြားျဖတ္လာမိန္းကေလးလည္းထုိင္ေနရာကေနပါးစပ္သရမ္းျပီးထေျပာလုိက္တာပဲ…ညီမေလး ဘယ္သြားမလို႕လဲ…လွတယ္ေနာ္…တစ္ေယာက္တည္းလား ..ဒီလိုစေနာက္တာကတစ္မ်ိဳး ရိုင္းရိုင္းစိုင္းစိုင္းေအာက္လံုးေတြေျပာျပီးေလွာင္တာကတစ္ဖံု သားေျပာမယားေျပာ ေျပာတာကပါေသး …(ေယာက္်ားေလးတုိင္းမလုပ္ဘူးေနာ္၊ လုပ္တဲ႕သူေတြကိုေျပာတာပါ) ခင္ဗ်ားတုိ႕ကေတာ႔စတဲ႔သေဘာနဲ႕ပဲေျပာလုိက္တာပဲ ေပါ႔ပါ႔ပါးပါးစကားလံုးေတြထြက္သြားတာပဲ …ခံရတဲ႔မိန္းကေလးေတြ ျကားလုိက္ရတဲ႔မိန္းကေလးေတြကေတာ႔ သင္တုိ႕ရဲ႕အစေနာက္စကားေတြေျကာင္႔ဘယ္သြားသြား မလံုမလဲျဖစ္ေနျကတာအမွန္ပါပဲ…ျပန္ေျပာရင္လည္းအရွက္ကကြဲအံုးမယ္၊ ေျပာတဲ႔စကားေတြကိုလည္းမျကားခ်င္ဘူး..ကဲ ေနာက္ဆံုးေတာ႔မိန္းကေလးေတာ္ေတာ္မ်ားမ်ားကတစ္ေယာက္တည္းသြားရင္ အျမဲနားျကပ္ေလးနဲ႕ျဖစ္ကုန္ျကေတာ႔တာပဲ။ သူတုိ႕အတြက္စိတ္ပိုင္းဆုိင္ရာမလံုျခံဳတဲ႔ေနရာမွာသူတုိ႕ဘယ္ေပ်ာ္ေတာ႔မလဲ…သူတုိ႕ကိုအေဖေတြအစ္ကိုေတြလိုမေစာင္႔ေရွာက္ရမဲ႔အစားကိုယ္႔နုိင္ငံကတစ္ေရတည္းေသာက္တစ္ေျမတည္းေနတဲ႔သူေတြကေတာင္ေျပာဆုိေနတာ ဘယ္လုိလုပ္လုံျခံဳတယ္ခံစားရေတာ႔မလဲ..သင္တုိ႕ပဲစဥ္းစားျကည္႔လုိက္ပါ…မိန္းကေလးတုိင္းကို ကိုယ္႔အေမကိုယ္႔နွမ ဘာနဲ႕မွကိုယ္ခ်င္းမစာတတ္တဲ႔အဆံုးက်ရင္ ငါသာမိန္းကေလးတစ္ေယာက္ျဖစ္ခဲ႔ရင္ ဆိုတာမ်ိဳးထိေတြးျပီးကိုယ္ခ်င္းစာျကည္႔လုိက္ရင္ ဒီလုိစေနာက္ျဖစ္ေတာ႔မယ္မထင္ပါဘူး…ဘာပဲျဖစ္ျဖစ္မိန္းကေလးေတြကိုတန္ဖိုးထားတတ္ပါေစ…

Unicode

မိန်းကလေးတိုင်းကိုတန်ဖိုးထားပါ…မိန်းမဆိုတာရှိနေလို့သင်တို့လောကကြီးထဲမှာလူရယ်လို့ဖြစ်လာတယ်ဆိုတာကိုမမေ့လိုက်ပါနဲ့။ ကိုယ်ချစ်တဲ့မိန်းကလေးကိုလည်းတန်ဖိုးထားပါ၊ ကိုယ်နဲ့မပတ်သတ်ပင်မဲ့လည်း ဘယ်လိုပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကျင်လည်နေတဲ့မိန်းမတိုင်းကို တန်ဖိုရှိရှိဆက်ဆံကြပါ။ မိန်းကလေးတွေဆိုတာ ယောက်ျားလေးတွေအစခံဖို့ ယောက်ျားလေးတွေ နဲ့တန်းမတူလို့ အနှို်င်းခံ တန်းအညှိခံဖို့ လူဖြစ်လာကြတာမဟုတ်ပါဘူး။ အရင်ခေတ်တွေတုန်းကဆို မိန်းကလေးတစ်ယောက်ကိုစနောက်ဖို့နေနေသာသာ တစ်အားလှလွန်းလို့ကြည့်ချင်ရင်တောင် လူမိသွားရင်မျက်လုံးလွှဲတတ်ကြတာမျိုးပါ။ အမလေး အခုများတော့ ဘယ်နေရာရောက်ရောက်ဖြတ်သွားဖြတ်လာမိန်းကလေးလည်းထိုင်နေရာကနေပါးစပ်သရမ်းပြီးထပြောလိုက်တာပဲ…ညီမလေး ဘယ်သွားမလို့လဲ…လှတယ်နော်…တစ်ယောက်တည်းလား ..ဒီလိုစနောက်တာကတစ်မျိုး ရိုင်းရိုင်းစိုင်းစိုင်းအောက်လုံးတွေပြောပြီးလှောင်တာကတစ်ဖုံ သားပြောမယားပြော ပြောတာကပါသေး …(ယောက်ျားလေးတိုင်းမလုပ်ဘူးနော်၊ လုပ်တဲ့သူတွေကိုပြောတာပါ) ခင်ဗျားတို့ကတော့စတဲ့သဘောနဲ့ပဲပြောလိုက်တာပဲ ပေါ့ပါ့ပါးပါးစကားလုံးတွေထွက်သွားတာပဲ …ခံရတဲ့မိန်းကလေးတွေ ကြားလိုက်ရတဲ့မိန်းကလေးတွေကတော့ သင်တို့ရဲ့အစနောက်စကားတွေကြောင့်ဘယ်သွားသွား မလုံမလဲဖြစ်နေကြတာအမှန်ပါပဲ…ပြန်ပြောရင်လည်းအရှက်ကကွဲအုံးမယ်၊ ပြောတဲ့စကားတွေကိုလည်းမကြားချင်ဘူး..ကဲ နောက်ဆုံးတော့မိန်းကလေးတော်တော်များများကတစ်ယောက်တည်းသွားရင် အမြဲနားကြပ်လေးနဲ့ဖြစ်ကုန်ကြတော့တာပဲ။ သူတို့အတွက်စိတ်ပိုင်းဆိုင်ရာမလုံခြုံတဲ့နေရာမှာသူတို့ဘယ်ပျော်တော့မလဲ…သူတို့ကိုအဖေတွေအစ်ကိုတွေလိုမစောင့်ရှောက်ရမဲ့အစားကိုယ့်နိုင်ငံကတစ်ရေတည်းသောက်တစ်မြေတည်းနေတဲ့သူတွေကတောင်ပြောဆိုနေတာ ဘယ်လိုလုပ်လုံခြုံတယ်ခံစားရတော့မလဲ..သင်တို့ပဲစဉ်းစားကြည့်လိုက်ပါ…မိန်းကလေးတိုင်းကို ကိုယ့်အမေကိုယ့်နှမ ဘာနဲ့မှကိုယ်ချင်းမစာတတ်တဲ့အဆုံးကျရင် ငါသာမိန်းကလေးတစ်ယောက်ဖြစ်ခဲ့ရင် ဆိုတာမျိုးထိတွေးပြီးကိုယ်ချင်းစာကြည့်လိုက်ရင် ဒီလိုစနောက်ဖြစ်တော့မယ်မထင်ပါဘူး…ဘာပဲဖြစ်ဖြစ်မိန်းကလေးတွေကိုတန်ဖိုးထားတတ်ပါစေ…

382 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.