ယူတို့ရဲ့အချစ်ရေးလေးအမြဲကံကောင်းအောင် ဒါလေးတွေလုပ်ကြည့်ပါလား?
*ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိပါ
*နှုတ်ခမ်းနီ
*အိတ်ဆောင်မှန်
*Ishtar 
Unicode
ငွေကြေးအတွက် ကံကောင်းစေတဲ့အဆောင်လေးတွေရှိတာကြားဖူးတယ်ဆိုရင် အချစ်ရေးမှာလည်းကံကောင်းစေတဲ့အဆောင်လေးတွေရှိတယ်ဆိုတာမမေ့သင့်ဘူးနော်။လူတိုင်းက ငွေရေးကြေးရေးကံမကောင်းရင်တောင် အချစ်ရေးလေးတော့ ကံကောင်းချင်ပါတယ်။ဒါကြောင့် ကမ္ဘာပေါ်မှာ
အကောင်းဆုံးအချစ်ရေးကံကောင်းစေတဲ့အဆောင်လေးတွေကို ဗဟုသုတအနေနဲ့ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။Single တွေလည်းလုပ်လို့ရသလို RS ဆိုလည်းအချစ်တွေပိုတိုးလာတာပေါ့
*ကိုယ့်ကိုုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိပါ
အချစ်ဆိုတာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိတာနဲ့ဆက်စပ်နေပါတယ်။မနက်တိုင်းမှန်ကြည့်တဲ့အခါ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်ချက်အပြည့်ရှိစေမယ့်စကားတစ်ခုခုကို အပြုံးလေးနဲ့ပြောပါ။ဒါက အရေးအကြီးဆုံးအဆောင်ပါပဲ။ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိမှ ဘာမဆိုအဆင်ပြေသွားနိုင်တာပါ။
*လက်သန်းမှာလက်စွပ်ဝတ်ဆင်ပါ
လက်သန်းမှာလက်စွပ်ဝတ်ဆင်တာက အချစ်ရေးနဲ့ဆက်စပ်နေပါတယ်သေးတယ်။ဘယ်လိုဆက်စပ်လဲဆိုတော့ဘယ်ဘက်လက်သန်းမှာလက်စွပ်ဝတ်ဆင်ထားမယ်ဆိုရင် အချစ်ရေးမှာ အမြဲပျော်ရွှင်ရစေပါတယ်တဲ့။ပျော်ရွှင်မှုတွေမဆုံးရှုံးနိုင်ဘူးလို့သိရပါတယ်။
*နှုတ်ခမ်းနီ
ဒီည်းလမ်းကတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေဆီက ဆင်းသက်လာတာပါ။ထိရောက်မှုအရှိဆုံးအဆောင်တစ်မျိုးလို့လည်းပြောကြပါတယ်။ဘယ်လိုလုပ်ရမှာလဲဆိုတော့ Lip Cream အသစ်တစ်ဘူးမှာ ကိုယ်ချစ်တဲ့လူရဲ ့နာမည်ရယ် “LOVE” ဆိုတဲ့စာလုံးရယ်ကို ပင်အပ်လေးနဲ့ စာထွင်းလိုက်ပါ။
အဲ့ဒီ Lip cream ကိုဘယ်သူ့ကိုမှပြလို့မရပါဘူးနော်။စမ်းကြည့်ကြည့်ပေါ့
*အိတ်ဆောင်မှန်
အမြဲဆောင်ထားလေ့ရှိလား?အိတ်ဆောင်မှန်ရဲ့တစ်ဖက်ခြမး်မှာ ကိုယ်ချစ်တဲ့သူရဲ့နာမည်အစစာလုံးကိုပန်းရောင်လက်သည်းနီနဲ့ရေးပါ။ပြီးရင် အဲ့ဒီမှန်ကိုတစ်ခြားဘယ်သူ့ကိုမှမပြပဲ ၁ပတ်သိမ်းထားပါ။တစ်ပတ်ပြည့်ရင် လက်သည်းဖျက်ဆေးနဲ့ဖျက်ပစ်လိုက်လို့ရပါပြီ။မှန်ဆိုတာ ရောင်ပြန်ဟပ်တဲ့သဘောရှိလို့ မှန်ကြည့်တဲ့အခါတိုင်းကိုယ်ချစ်တဲ့သူနဲ့ပတ်သက်လို့တစ်ခုခုတွေးဖို့လည်းမမေ့ပါနဲ့။
*Ishtar
ဒီနည်းလေးက နည်းနည်းတော့လွယ်သလိုလိုု ခက်သလိုလို။ကိုယ်ချစ်တဲ့လူရဲ ့နောက်ကျောကိုကြည့်ပြီး စိတ်ထဲကနေ “Ishtar ကျွန်တော့်ကိုအချစ်တွေပေးပါ”လို့ ရေရွတ်ပါ။Ishtar ဆိုတာ အချစ်နတ်သမီးတစ်ပါးပါ။ဒါကြောင့် ဒီစာသားကိုရွတ်ရင်း ကိုယ်ချစ်တဲ့လူရဲ့ နောက်ကျောကိုကြည့်မယ်ဆိုရင် သူကလည်းသင့်အပေါ်မှာခံစားချက်ရှိလာပါလိမ့်မယ်တဲ့။
အချစ်ရေးမှာကံကောင်းတဲ့သူတစ်ယောက်ဖြစ်အောင် ဒီထဲကနည်းလမ်းတစ်ခုခုကိုသုံးကြည့်နော်
626 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.