နာျကည္းျပီဆိုရင္ျပန္ကိုလွည္႔မျကည္႔ခ်င္ေတာ႔တဲ႔သူတစ္ေယာက္ရဲ႕စိတ္ထဲမွာ

သိပ္ကိုေျကာက္ဖို႕ေကာင္းတဲ႔စိတ္ခံစားခ်က္ျကီးပါပဲ…ဒီလုိစိတ္ခံစားခ်က္ျကီးကိုပိုင္ဆုိင္ထားတဲ႔လူတစ္ခ်ိဳ႕ဟာ သနားဖို႕ေကာင္းတယ္လုိ႕လည္းေျပာရမလို တကယ္ကိုလည္းမာနျကီးတဲ႔အံ့ဖြယ္လူသားေတြပါ( ကိုယ္တုိင္မလုိ႕ပိုသိတယ္) ။ ေလာကျကီးမွာ လူတစ္ေယာက္ကိုျကိုက္ဖို႕လြယ္တယ္ ခ်စ္ဖုိ႕ လည္းအဲ႔ေလာက္မခက္ေသးဘူး ဒါပင္မဲ႔ တအားျကီးမုန္းတီးနာျကည္းသြားဖုိ႕ဆုိတာကေဘးကလူေတြကသာျကည္႔ရင္လြယ္တယ္ထင္ရတာခံစားရတဲ႔သူကသိပ္ကိုပင္ပန္းခဲ႔တာရယ္ 🙁  ဒီလုိလူေတြက ခ်စ္တစ္ဆံုးမုန္းတစ္သတ္လူမ်ိဳးေတြပါ။ ေက်းဇူးလည္းအရမ္းသိတတ္က်သလုိ သူတုိ႕အေပၚမေကာင္းရင္လည္းအမွတ္ေတးျကီးတတ္ျကပါေသးတယ္။ ဒီလုိလူေတြနဲ႕စိတ္က ေပ်ာ႔ရင္ဖေယာင္းမာရင္သံေခ်ာင္းပါပဲ။ တကယ္ျကီးမုန္းတီးသြားရင္ လမ္းေတြ႕တာေတာင္ လံုး၀လွည္႔မျကည္႔ခ်င္ေလာက္ေအာင္ Neglect လုပ္လုိက္တာပါ။ သူ႕ဘာသာေသေသရွင္ရွင္ ကိုယ္႔စိတ္ကိုနာက်င္ေအာင္လုပ္ခဲ႔လုိ႕ ဂရုစိုက္ခ်င္စိတ္ကိုမရွိေတာ႔တာမ်ိဳးပါ။ ဒါဆိုအျငိဳးျကီးေတာ႔ကလဲ႕စားေရာေခ်ခ်င္လားဆိုေတာ႔…အဲ႔လုိစိတ္ကိုမရွိပဲ လံုး၀ကိုဘ၀ထဲကထုတ္ပစ္လုိက္တာမ်ိဳးပါ။ ခ်စ္တတ္တဲ႔သူေတြ နာျကည္းတဲ႔အခါပိုလုိ႕ျပင္းထန္တတ္တယ္ဆိုတာအမွန္ပါပဲ…ဆိုေတာ႔ ဒီလုိလူမ်ိဳးကိုယ္ျဖစ္ေနျပီဆုိရင္ကိုယ္႔ဘ၀ကိုေအးခ်မ္းေစဖို႕ အတတ္နုိင္ဆံုးစိတ္ကိုေပါ႔ေပါ႔ပါးပါးနဲ႕ကိုယ္႔ဘ၀အတြက္ ဘာမွအေထာက္ကူမျပဳပဲ အျပစ္တင္ဖ်က္စီးခဲ႔တဲ႔သူေတြကိုေမ႔ေပ်ာက္လုိက္ျပီးကိုယ္႔နားရွိေနတဲ႔သူေတြ၊ နဲ႕အတူေပ်ာ္ရႊင္ျပီးအတၱကင္းတဲ႔ဘ၀ကိုဖန္တီးပံုေဖာ္လုိက္ပါ…ဒါဆုိသင္႔ဘ၀အရမ္းေအးခ်မ္းသြားပါလိမ္႔မယ္…

Unicode

သိပ်ကိုကြောက်ဖို့ကောင်းတဲ့စိတ်ခံစားချက်ကြီးပါပဲ…ဒီလိုစိတ်ခံစားချက်ကြီးကိုပိုင်ဆိုင်ထားတဲ့လူတစ်ချို့ဟာ သနားဖို့ကောင်းတယ်လို့လည်းပြောရမလို တကယ်ကိုလည်းမာနကြီးတဲ့အံ့ဖွယ်လူသားတွေပါ( ကိုယ်တိုင်မလို့ပိုသိတယ်) ။ လောကကြီးမှာ လူတစ်ယောက်ကိုကြိုက်ဖို့လွယ်တယ် ချစ်ဖို့ လည်းအဲ့လောက်မခက်သေးဘူး ဒါပင်မဲ့ တအားကြီးမုန်းတီးနာကြည်းသွားဖို့ဆိုတာကဘေးကလူတွေကသာကြည့်ရင်လွယ်တယ်ထင်ရတာခံစားရတဲ့သူကသိပ်ကိုပင်ပန်းခဲ့တာရယ် 🙁  ဒီလိုလူတွေက ချစ်တစ်ဆုံးမုန်းတစ်သတ်လူမျိုးတွေပါ။ ကျေးဇူးလည်းအရမ်းသိတတ်ကျသလို သူတို့အပေါ်မကောင်းရင်လည်းအမှတ်တေးကြီးတတ်ကြပါသေးတယ်။ ဒီလိုလူတွေနဲ့စိတ်က ပျော့ရင်ဖယောင်းမာရင်သံချောင်းပါပဲ။ တကယ်ကြီးမုန်းတီးသွားရင် လမ်းတွေ့တာတောင် လုံးဝလှည့်မကြည့်ချင်လောက်အောင် Neglect လုပ်လိုက်တာပါ။ သူ့ဘာသာသေသေရှင်ရှင် ကိုယ့်စိတ်ကိုနာကျင်အောင်လုပ်ခဲ့လို့ ဂရုစိုက်ချင်စိတ်ကိုမရှိတော့တာမျိုးပါ။ ဒါဆိုအငြိုးကြီးတော့ကလဲ့စားရောချေချင်လားဆိုတော့…အဲ့လိုစိတ်ကိုမရှိပဲ လုံးဝကိုဘဝထဲကထုတ်ပစ်လိုက်တာမျိုးပါ။ ချစ်တတ်တဲ့သူတွေ နာကြည်းတဲ့အခါပိုလို့ပြင်းထန်တတ်တယ်ဆိုတာအမှန်ပါပဲ…ဆိုတော့ ဒီလိုလူမျိုးကိုယ်ဖြစ်နေပြီဆိုရင်ကိုယ့်ဘဝကိုအေးချမ်းစေဖို့ အတတ်နိုင်ဆုံးစိတ်ကိုပေါ့ပေါ့ပါးပါးနဲ့ကိုယ့်ဘဝအတွက် ဘာမှအထောက်ကူမပြုပဲ အပြစ်တင်ဖျက်စီးခဲ့တဲ့သူတွေကိုမေ့ပျောက်လိုက်ပြီးကိုယ့်နားရှိနေတဲ့သူတွေ၊ နဲ့အတူပျော်ရွှင်ပြီးအတ္တကင်းတဲ့ဘဝကိုဖန်တီးပုံဖော်လိုက်ပါ…ဒါဆိုသင့်ဘဝအရမ်းအေးချမ်းသွားပါလိမ့်မယ်…

554 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.