ဒီတစ်ပတ်အပြင်ထွက်ရင် ဘာဝတ်ကြမလဲ

3391650_lookbook_today.jpg

          ဒီဇင်ဘာပိတ်ရက်မှာ အားလပ်ရက်ညဘက် အပြင်ထွက်လည်မယ်ဆိုပါစို့ ။ လုံခြုံရမယ်။ နွေးထွေးရမယ်။ ပြီးတော့ ချစ်ဖို့လည်းကောင်းရမယ်။ သက်သောင့်သက်သာလည်း ရှိရဦးမယ် ဆိုရင်တော့ အရိုးရှင်းဆုံးနဲ့ ဘယ်တော့မှမရိုးသွားတဲ့ ဒီဝတ်ဆင်နည်းကို လေ့လာကြည့်ပါ။

          ဒီအတွက်တော့ ပစ္စည်း ငါးမျိုးရှိရုံနဲ့ လောက်လောက်မှာဖြစ်ပြီး မိန်းကလေး အတော်များများနဲ့ လိုက်ဖက်နိုင်မယ်ထင်တဲ့အတွက် ရွေးချယ်ဖော်ပြလိုက်ပါတယ်။

(၁)     Snow cap hat လို ခေါင်းစွပ်လေးတွေဟာ ဆောင်းတွင်းရဲ့ အဆုံးသတ်ပါ။ သူတို့ကိုကြည့်ရတာ အလွန်အေးတဲ့ပုံ ပေါက်စေပါတယ်။ ပြီးတော့ ဦးခေါင်းကို နွေးထွေးစေဖို့အတွက်လည်း မခွဲမခွာ ရှိနေသင့်ပါတယ်။

(၂)     ဆောင်းတွင်းအတွက်တော့ အတွင်းမှာခံဝတ်မယ့် တီ-ရှပ်အတွက် သိပ်ပြီး ငွေကုန်ကြေးကျ ခံစရာ မလိုအပ်ပါဘူး။

(၃)     ဒီဆောင်းအတွက် အနွေးထည် တစ်ထည်ပဲ အသုံးပြုမယ်လို့ စိတ်ကူးထားရင်တော့ အနက်ရောင် သက္ကလပ်ကုတ်အင်္ကျံတစ်ထည်က အသင့်တော်ဆုံးပါပဲ။ သက္ကလပ်သား တွေက ဘယ်တော့မှ ရိုးမသွားတဲ့အပြင် အနက်ရောင်ကလည်း ဘာနဲ့တွဲဝတ်ဝတ် အဆင်ပြေတဲ့ အရောင်တစ်ခုပါ။

(၄)     တစ်နေ့တာလုံးကို အပြင်မှာကုန်ဆုံးမယ်ဆိုရင်တော့ အကြိုက်ဆုံး Jeans တွေကို မရွေးချယ်သင့်ပါဘူး။ ဒါတွေကသင့်ကို မသက်မသာ ဖြစ်စေပါတယ်။ အဲဒီအစား အနက်ရောင် ဆွဲသားဘောင်းဘီတစ်ထည်က နွေးထွေးစေပြီး ကွေးရဆန့်ရ လွယ်ကူစေပါတယ်။

(၅)     boots လည်ရှည်တွေက ခြေကျင်းဝတ်လောက်ရှိတဲ့ boots တွေထက် ပိုနွေးထွေးစေပြီး ဆီးနှင်းတွေနဲ့လည်း ပိုသင့်တော်ပါတယ်။ လမ်းလျှောက်ရာသီဖြစ်တဲ့ ဆောင်းရာသီမှာ ဒေါက်ဖိနပ်ထက် boots တွေက သင့်ကိုပိုပြီး လွတ်လပ်မှု ၊ သက်သောင့်သက်သာ ရှိမှုတို့ကို ပေးစွမ်းနိုင်မှာပါ။

          ဒီပစ္စည်းငါးမျိုးကိုသာ ဆောင်ထားပါ။ ဒီနှစ်ဆောင်းရာသီကို လွယ်ကူအဆင်ပြေစွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

Ref:seventeen

 

          

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.