ကုိယ့္လူကုိ စႏုိက္ေၾကာ္ခ်င္ေနတဲ႔သူငယ္ခ်င္းေတြရန္က ဒီလုိကာကြယ္ၾကမယ္

သူငယ္ခ်င္းတုိင္းကုိမဆုိလိုပါဘူးေနာ္။ကိုယ့္အေပၚ တကယ္ခင္တဲ႔သူငယ္ခ်င္းေကာင္းဆုိတာ ဒီလုိမ်ိဳးကုိယ့္ခ်စ္သူကုိ မထိတထိက်ီစယ္တာ၊ဆြဲေဆာင္တာမ်ိဳးလုပ္မွာ မဟုတ္ပါဘူး။ကုိယ့္ခ်စ္သူကုိ ကုိယ္မရွိတဲ႔အခ်ိန္စကားသြားေျပာတာမ်ိဳး၊သူတုိ႔ဓာတ္ပံုေတြသြားျပျပီး လွလားေမးတာမ်ိဳး၊ကုိယ့္ကုိအကူအညီမေတာင္းပဲ ကုိယ့္ခ်စ္သူကုိသြားျပီးအကူအညီေတာင္းတာမ်ိဳးလုပ္ေနၾကတဲ႔သူငယ္ခ်င္းရွိေနျပီလား?ဒါဆုိရင္ ပထမဆံုးအခ်က္အေနနဲ႔သူတုိ႔ကသင့္အေပၚ သူငယ္ခ်င္းေကာင္းမပီသဘူးဆုိတာ ထင္ရွားေနပါျပီ။ကုိယ့္ခ်စ္သူကုိ သူငယ္ခ်င္းနဲ႔မိတ္ဆက္ေပးမိလို႔ သူငယ္ခ်င္းစႏုိက္ေၾကာ္တာ
ခံလိုက္ရတဲ႔မိန္းကေလးေတြဆုိတာလည္းရွိၾကမွာပါ။ဒီလုိအေျခအေနမ်ိဳးကုိ ကုိယ္ကရိပ္မိေနျပီဆုိရင္ ဒီလုိေလးေတြကာကြယ္ထားဖုိ႔လိုေနပါျပီ။

*မိန္းကေလးခ်င္းကုိယ္ခ်င္းစာတတ္တဲ႔အသိ၀င္ေအာင္ မသိမသာလုပ္ပါ
ကုိယ့္ခ်စ္သူကုိ အလုခံလုိက္ရတာ၊သူငယ္ခ်င္းဆီကေနာက္ေက်ာဓားနဲ႔ထုိးခံရတာဟာ ဘယ္ေလာက္နာက်င္ရေၾကာင္း၊ဘယ္ေလာက္ခံစားရခက္ေၾကာင္းသူတုိ႔ကုိ စကားပါးပါးေလးထည့္ေျပာတာမ်ိဳး၊အဲ႔ဒီမိန္းကေလးရဲ႔ ဘက္ကုိလည္း နားလည္ခံစားၾကည့္ဖုိ႔ နည္းနည္းခ်င္းစီၾကံဳတုိင္းေျပာသြားပါ။
ကုိယ္ခ်င္းစာတဲ႔စိတ္သာရွိလာမယ္ဆုိရင္ စနုိက္ေၾကာ္ဖုိ႔စဥ္းစားေနတဲ႔စိတ္ကေလ်ာ့သြားပါလိမ့္မယ္။

*ကိုယ္နဲ႔ဆုိ သူက ကမာၻမွာကံအေကာင္းဆံုးလူလုိ႔ခံစားရတယ္ဆုိတဲ႔အေၾကာင္းေျပာျပပါ
စႏုိက္ေၾကာ္ခ်င္တဲ႔သူေတာင္သင္တုိ႔စံုတြဲကုိ အားက်ျပီးမျပတ္ေစခ်င္တဲ႔စိတ္မ်ိဳးျဖစ္လာေအာင္ ကုိယ္နဲ႔ဆုိ သူကဘယ္လိုေပ်ာ္ရႊင္တယ္ဆုိတဲ႔အေၾကာင္း၊သူဘာၾကိဳက္တယ္၊ကုိယ္ဘာၾကိဳက္တယ္အေသးစိတ္ကအစ သိေနတဲ႔အေၾကာင္း၊ႏွစ္ေယာက္အတူရွိေနရင္ ဘယ္လိုစိတ္ခ်မ္းသာရတယ္၊သူက ဘယ္လိုေတြေတာင္ဂရုစုိက္ေပးတယ္ဆုိတဲ႔အေၾကာင္း ၾကံဳတုိင္းထည့္ၾကြားပါ။

*ေနာင္အနာဂတ္အစီအစဥ္ေတြဘယ္လုိရွိတယ္ဆုိတဲ႔အေၾကာင္းေျပာျပပါ
ဒါေတြက ပံုမွန္ဆုိ သူငယ္ခ်င္းေတြကုိ ေျပာျပစရာေတာ့မလိုေပမဲ႔ သူက ကုိယ့္ခ်စ္သူကုိစႏုိက္ေၾကာ္ခ်င္ေနတဲ႔ပံုေပါက္ေနျပီဆုိရင္ ေျပာသာေျပာပါ။သင္တုိ႔ႏွစ္ေယာက္မွာ ဘယ္လိုအနာဂတ္အစီအစဥ္ေတြရွိတယ္။ႏွစ္ေယာက္အတူ လုပ္မယ့္အလုပ္ေတြ၊သြားမယ့္ခရီးေတြစသျဖင့္ အနာဂတ္အစီအစဥ္ေတြအေၾကာင္းစကားဆက္မိတုိင္းေျပာပါ။ဒါဆုိသူ႔မွာ သင့္ခ်စ္သူနဲ႔ နီးမယ့္အခြင့္အေရးမ်ိဳး၊သင့္ခ်စ္သူက သူ႔ကုိစိတ္ယုိင္လာမယ့္အေျခအေနမ်ိဳးမရွိဘူးဆုိတာသေဘာေပါက္သြားပါလိမ့္မယ္။

*သူလုပ္သမ်ွ သင္အကုန္သိေနတယ္လုိ႔ မသိမသာေျပာပါ
သူဘာလုပ္လုပ္သင္အကုန္သိတယ္။ေဖ့ဘြတ္ခ္ပတ္စ္ေ၀ါ့ကအစ သူဘယ္အခ်ိန္မွာဘယ္သြားတတ္တယ္၊ဘယ္လိုအက်င့္မ်ိဳးရွိတယ္ဆုိတာကုိ မသိမသာထည့္ထည့္ေျပာပါ။အဲ႔ဒါမွ သူ သင့္ခ်စ္သူကုိစကားေတြသြားသြားေျပာတာ၊အကူအညီေတြသြားသြားေတာင္းတတ္တာ သင္လည္းသိေနမွာပဲဆုိတဲ႔အေတြးမ်ိဳး၀င္သြားမွာပါ။အဲ႔ဒါဆုိ ေနာက္ဆုိ သြားစကားေျပာမွာမဟုတ္ေတာ့ပါဘူး။မ်က္ႏွာမေျပာင္ဘူးဆုိရင္ေပါ့။သင္တုိ႔ႏွစ္ေယာက္က တစ္ေယာက္ကုိတစ္ေယာက္လည္းယံုၾကည္မႈအျပည့္ရွိတယ္၊တစ္ေယာက္ကုိတစ္ေယာက္ဘယ္ေလာက္ထိအေလးထားၾကတယ္ဆုိတာသာ ေသခ်ာသိေအာင္ျပလိုက္ပါ

***ပထမဆံုး အေနနဲ႔ သင္လုပ္ရမွာက သင့္ခ်စ္သူကေရာ ဘယ္လိုအေျခအေနမ်ိဳးလဲဆုိတာဆန္းစစ္ဖုိ႔ပါပဲ။ကုိယ္က သြားျပီးတုိက္ရိုက္ရွင္းခ်လိုက္မယ္ဆုိရင္ ကုိယ့္ခ်စ္သူကုိ ႏုိင္ေအာင္ထိန္းေပါ့ဆုိတဲ႔စကားနဲ႔သင္ပဲ အရွက္ရပါလိမ့္မယ္။ဒါေၾကာင့္ကုိယ့္ခ်စ္သူရဲ ႔အေျခအေနကုိလည္းဆန္းစစ္ျပီးအေပၚက အခ်က္ေလးေတြနဲ႔ သူတုိ႔ဘာသူတုိ႔ ျပန္ထိန္းတတ္ေအာင္ လုပ္ပါ။ဒါက ႏွစ္ဦးႏွစ္ဖက္မ်က္ႏွာမပ်က္ရေစတဲ႔နည္းေလးပါပဲ။ျပီးေတာ့ ကုိယ္က ဒီ Relationship ကုိထိန္းသိမ္းခ်င္တာျဖစ္တဲ႔အတြက္ ကုိယ့္ခ်စ္သူကလည္း ဘယ္လုိစိတ္အေျခအေနလဲဆုိတာသိဖုိ႔လိုပါတယ္။သူ႔စိတ္က မပါပဲနဲ႔ သင္လိုခ်င္သလို ဒီ RS ကုိျပန္ျပီးထိန္းသိမ္းလိ႔ုမရဘူးဆုိတာ သတိရပါ။

အဆင္ေျပၾကဖုိ႔ေမ်ွာ္လင့္ပါတယ္ေနာ္

Unicode

သူငယ်ချင်းတိုင်းကိုမဆိုလိုပါဘူးနော်။ကိုယ့်အပေါ် တကယ်ခင်တဲ့သူငယ်ချင်းကောင်းဆိုတာ ဒီလိုမျိုးကိုယ့်ချစ်သူကို မထိတထိကျီစယ်တာ၊ဆွဲဆောင်တာမျိုးလုပ်မှာ မဟုတ်ပါဘူး။ကိုယ့်ချစ်သူကို ကိုယ်မရှိတဲ့အချိန်စကားသွားပြောတာမျိုး၊သူတို့ဓာတ်ပုံတွေသွားပြပြီး လှလားမေးတာမျိုး၊ကိုယ့်ကိုအကူအညီမတောင်းပဲ ကိုယ့်ချစ်သူကိုသွားပြီးအကူအညီတောင်းတာမျိုးလုပ်နေကြတဲ့သူငယ်ချင်းရှိနေပြီလား?ဒါဆိုရင် ပထမဆုံးအချက်အနေနဲ့သူတို့ကသင့်အပေါ် သူငယ်ချင်းကောင်းမပီသဘူးဆိုတာ ထင်ရှားနေပါပြီ။ကိုယ့်ချစ်သူကို သူငယ်ချင်းနဲ့မိတ်ဆက်ပေးမိလို့ သူငယ်ချင်းစနိုက်ကြော်တာ
ခံလိုက်ရတဲ့မိန်းကလေးတွေဆိုတာလည်းရှိကြမှာပါ။ဒီလိုအခြေအနေမျိုးကို ကိုယ်ကရိပ်မိနေပြီဆိုရင် ဒီလိုလေးတွေကာကွယ်ထားဖို့လိုနေပါပြီ။

*မိန်းကလေးချင်းကိုယ်ချင်းစာတတ်တဲ့အသိဝင်အောင် မသိမသာလုပ်ပါ
ကိုယ့်ချစ်သူကို အလုခံလိုက်ရတာ၊သူငယ်ချင်းဆီကနောက်ကျောဓားနဲ့ထိုးခံရတာဟာ ဘယ်လောက်နာကျင်ရကြောင်း၊ဘယ်လောက်ခံစားရခက်ကြောင်းသူတို့ကို စကားပါးပါးလေးထည့်ပြောတာမျိုး၊အဲ့ဒီမိန်းကလေးရဲ့ ဘက်ကိုလည်း နားလည်ခံစားကြည့်ဖို့ နည်းနည်းချင်းစီကြုံတိုင်းပြောသွားပါ။
ကိုယ်ချင်းစာတဲ့စိတ်သာရှိလာမယ်ဆိုရင် စနိုက်ကြော်ဖို့စဉ်းစားနေတဲ့စိတ်ကလျော့သွားပါလိမ့်မယ်။

*ကိုယ်နဲ့ဆို သူက ကမ္ဘာမှာကံအကောင်းဆုံးလူလို့ခံစားရတယ်ဆိုတဲ့အကြောင်းပြောပြပါ
စနိုက်ကြော်ချင်တဲ့သူတောင်သင်တို့စုံတွဲကို အားကျပြီးမပြတ်စေချင်တဲ့စိတ်မျိုးဖြစ်လာအောင် ကိုယ်နဲ့ဆို သူကဘယ်လိုပျော်ရွှင်တယ်ဆိုတဲ့အကြောင်း၊သူဘာကြိုက်တယ်၊ကိုယ်ဘာကြိုက်တယ်အသေးစိတ်ကအစ သိနေတဲ့အကြောင်း၊နှစ်ယောက်အတူရှိနေရင် ဘယ်လိုစိတ်ချမ်းသာရတယ်၊သူက ဘယ်လိုတွေတောင်ဂရုစိုက်ပေးတယ်ဆိုတဲ့အကြောင်း ကြုံတိုင်းထည့်ကြွားပါ။

*နောင်အနာဂတ်အစီအစဉ်တွေဘယ်လိုရှိတယ်ဆိုတဲ့အကြောင်းပြောပြပါ
ဒါတွေက ပုံမှန်ဆို သူငယ်ချင်းတွေကို ပြောပြစရာတော့မလိုပေမဲ့ သူက ကိုယ့်ချစ်သူကိုစနိုက်ကြော်ချင်နေတဲ့ပုံပေါက်နေပြီဆိုရင် ပြောသာပြောပါ။သင်တို့နှစ်ယောက်မှာ ဘယ်လိုအနာဂတ်အစီအစဉ်တွေရှိတယ်။နှစ်ယောက်အတူ လုပ်မယ့်အလုပ်တွေ၊သွားမယ့်ခရီးတွေစသဖြင့် အနာဂတ်အစီအစဉ်တွေအကြောင်းစကားဆက်မိတိုင်းပြောပါ။ဒါဆိုသူ့မှာ သင့်ချစ်သူနဲ့ နီးမယ့်အခွင့်အရေးမျိုး၊သင့်ချစ်သူက သူ့ကိုစိတ်ယိုင်လာမယ့်အခြေအနေမျိုးမရှိဘူးဆိုတာသဘောပေါက်သွားပါလိမ့်မယ်။

*သူလုပ်သမျှ သင်အကုန်သိနေတယ်လို့ မသိမသာပြောပါ
သူဘာလုပ်လုပ်သင်အကုန်သိတယ်။ဖေ့ဘွတ်ခ်ပတ်စ်ဝေါ့ကအစ သူဘယ်အချိန်မှာဘယ်သွားတတ်တယ်၊ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာကို မသိမသာထည့်ထည့်ပြောပါ။အဲ့ဒါမှ သူ သင့်ချစ်သူကိုစကားတွေသွားသွားပြောတာ၊အကူအညီတွေသွားသွားတောင်းတတ်တာ သင်လည်းသိနေမှာပဲဆိုတဲ့အတွေးမျိုးဝင်သွားမှာပါ။အဲ့ဒါဆို နောက်ဆို သွားစကားပြောမှာမဟုတ်တော့ပါဘူး။မျက်နှာမပြောင်ဘူးဆိုရင်ပေါ့။သင်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်းယုံကြည်မှုအပြည့်ရှိတယ်၊တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ထိအလေးထားကြတယ်ဆိုတာသာ သေချာသိအောင်ပြလိုက်ပါ

***သတိထားရမှာက သွားပြီးဝုန်းဒိုင်းကြဲတာမျိုးမလုပ်မိဖို့ပါပဲ။ပထမဆုံး အနေနဲ့ သင်လုပ်ရမှာက သင့်ချစ်သူကရော ဘယ်လိုအခြေအနေမျိုးလဲဆိုတာဆန်းစစ်ဖို့ပါပဲ။ကိုယ်က သွားပြီးတိုက်ရိုက်ရှင်းချလိုက်မယ်ဆိုရင် ကိုယ့်ချစ်သူကို နိုင်အောင်ထိန်းပေါ့ဆိုတဲ့စကားနဲ့သင်ပဲ အရှက်ရပါလိမ့်မယ်။ဒါကြောင့်ကိုယ့်ချစ်သူရဲ ့အခြေအနေကိုလည်းဆန်းစစ်ပြီးအပေါ်က အချက်လေးတွေနဲ့ သူတို့ဘာသူတို့ ပြန်ထိန်းတတ်အောင် လုပ်ပါ။ဒါက နှစ်ဦးနှစ်ဖက်မျက်နှာမပျက်ရစေတဲ့နည်းလေးပါပဲ။ပြီးတော့ ကိုယ်က ဒီ Relationship ကိုထိန်းသိမ်းချင်တာဖြစ်တဲ့အတွက် ကိုယ့်ချစ်သူကလည်း ဘယ်လိုစိတ်အခြေအနေလဲဆိုတာသိဖို့လိုပါတယ်။သူ့စိတ်က မပါပဲနဲ့ သင်လိုချင်သလို ဒီ RS ကိုပြန်ပြီးထိန်းသိမ်းလို့မရဘူးဆိုတာ သတိရပါ။

အဆင်ပြေကြဖို့မျှော်လင့်ပါတယ်နော်

165 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.