Lee Seung Gi ေျပာျပလာတဲ႔ သူ႔ရဲ ႔အေကာင္းဆံုးအရည္အခ်င္းဆုိတာ…

ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲမင္းသားေခ်ာ Lee Seung Gi ဟာ ရုပ္ရည္တင္ေခ်ာတာမဟုတ္ဘူးေနာ္။သူ႔ရဲ႔ အလုပ္အေပၚထားတဲ႔စိတ္၊သူ႔ေအာင္ျမင္မႈေတြအေပၚမွာလည္း သာယာျပီးမာနေထာင္လႊားတတ္တာမ်ိဳးလည္းမရွိပဲ ပရိသတ္ကုိသာအေကာင္းဆံုးခ်ျပခ်င္တဲ႔စိတ္ကလည္းေပၚလြင္ေနပါတယ္။

စက္တင္ဘာလတုန္းကေတာ့ L’Officiel Hommes YK Edition အတြက္ဓာတ္ပံုရိုက္ကူးေနရင္းအင္တာဗ်ဴးေျဖခဲ႔ရာကေန အႏုပညာအလုပ္အေပၚ သူဘယ္လိုသေဘာထားလဲဆုိတာသိခဲ႔ရတာပဲျဖစ္ပါတယ္။The weight of the crown ရုိက္တုန္းက စိတ္ဖိစီးမႈေတြအမ်ားၾကီးရခဲ႔တယ္လုိ႔သိရေပမဲ႔ အခုခ်ိန္မွာဆုိရင္ သူက သရုပ္ေဆာင္ေလာကမွာေရာ၊ဂီတေလာကမွာပါ ေအာင္ျမင္ေနပါျပီ။ဒီလုိစိတ္ဓာတ္က်စရာအခ်ိန္ေတြကုိေက်ာ္ျဖတ္ခဲ႔ျပီးေအာင္ျမင္လာတဲ႔ေနာက္ကြက္က လ်ွိဳ႔၀ွက္ခ်က္ကဘာမ်ားျဖစ္မလဲဆုိျပီးေမးခဲ႔တဲ႔အခါမွာ “ကြ်န္ေတာ္က အနုပညာနဲ႔ပတ္သက္လာရင္အျမဲတမ္းေလ့လာပါတယ္။စစ္မႈထမ္းေဆာင္ေနတဲ႔အခ်ိန္မွာေတာင္ အနားမယူပဲေလ့လာခဲ့တာပါ။ကြ်န္ေတာ့္ရဲ႔ အေကာင္းဆံုးစြမ္းရည္က ဘယ္အရာမဆုိ အေကာင္းဆံုးျဖစ္ေအာင္လုပ္တာပါပဲ”လုိ႔ေျပာျပခဲ႔ပါတယ္။

Lee Seung Gi ဟာ အသက္ ၃၁ႏွစ္ျပည့္သြားျပီျဖစ္သလုိ အႏုပညာေလာကထဲမွာလည္း က်င္လည္လာတာ ဒီႏွစ္ဆုိရင္ ၁၄ႏွစ္ျပည့္သြားပါျပီ။စစ္မႈထမ္းေဆာင္ျပီးတာနဲ႔ခ်က္ခ်င္းအႏုပညာေလာကထဲကုိ၀င္ကာ မင္းသမီး Oh Yeon Seo နဲ႔ A Korean Odyssey ကုိရုိက္ကူးခဲ႔ျပီး Master in the House ပရိုဂရမ္မွာလည္းပါ၀င္ခဲ႔တာျဖစ္ပါတယ္။Produce 48 မွာလည္း အစီအစဥ္တင္ဆက္သူအျဖစ္ရုိက္ကူးေနပါတယ္။အခုလက္ရွိ SBS ကရုိက္ကူးတဲ႔Vagabond ဇာတ္လမ္းတြဲမွာ Bae Suzy နဲ႔အတူတြဲဖက္သရုပ္ေဆာင္ေနျပီး ေနာက္ႏွစ္မွာထုတ္လႊင့္ျပသမွာပဲျဖစ္ပါတယ္။

Lee Seung Gi က “ပင္ပန္းေမာပန္းမႈေတြမရွိပဲ ေနာက္ထပ္ေျခလွမ္းတစ္လွမ္းခ်င္းစီလွမ္းနုိင္တဲ႔အခြင့္အေရးမ်ိဳးေပးလို႔ ကြ်န္ေတာ္ ဘုရားသခင္ကုိေက်းဇူးတင္ပါတယ္”ဆုိျပီးေျပာခဲ႔ပါေသးတယ္။

Unicode

နှုတ်ခမ်းနီမလေးတွေအသည်းစွဲမင်းသားချော Lee Seung Gi ဟာ ရုပ်ရည်တင်ချောတာမဟုတ်ဘူးနော်။သူ့ရဲ့ အလုပ်အပေါ်ထားတဲ့စိတ်၊သူ့အောင်မြင်မှုတွေအပေါ်မှာလည်း သာယာပြီးမာနထောင်လွှားတတ်တာမျိုးလည်းမရှိပဲ ပရိသတ်ကိုသာအကောင်းဆုံးချပြချင်တဲ့စိတ်ကလည်းပေါ်လွင်နေပါတယ်။

စက်တင်ဘာလတုန်းကတော့ L’Officiel Hommes YK Edition အတွက်ဓာတ်ပုံရိုက်ကူးနေရင်းအင်တာဗျူးဖြေခဲ့ရာကနေ အနုပညာအလုပ်အပေါ် သူဘယ်လိုသဘောထားလဲဆိုတာသိခဲ့ရတာပဲဖြစ်ပါတယ်။The weight of the crown ရိုက်တုန်းက စိတ်ဖိစီးမှုတွေအများကြီးရခဲ့တယ်လို့သိရပေမဲ့ အခုချိန်မှာဆိုရင် သူက သရုပ်ဆောင်လောကမှာရော၊ဂီတလောကမှာပါ အောင်မြင်နေပါပြီ။ဒီလိုစိတ်ဓာတ်ကျစရာအချိန်တွေကိုကျော်ဖြတ်ခဲ့ပြီးအောင်မြင်လာတဲ့နောက်ကွက်က လျှို့ဝှက်ချက်ကဘာများဖြစ်မလဲဆိုပြီးမေးခဲ့တဲ့အခါမှာ “ကျွန်တော်က အနုပညာနဲ့ပတ်သက်လာရင်အမြဲတမ်းလေ့လာပါတယ်။စစ်မှုထမ်းဆောင်နေတဲ့အချိန်မှာတောင် အနားမယူပဲလေ့လာခဲ့တာပါ။ကျွန်တော့်ရဲ့ အကောင်းဆုံးစွမ်းရည်က ဘယ်အရာမဆို အကောင်းဆုံးဖြစ်အောင်လုပ်တာပါပဲ”လို့ပြောပြခဲ့ပါတယ်။

Lee Seung Gi ဟာ အသက် ၃၁နှစ်ပြည့်သွားပြီဖြစ်သလို အနုပညာလောကထဲမှာလည်း ကျင်လည်လာတာ ဒီနှစ်ဆိုရင် ၁၄နှစ်ပြည့်သွားပါပြီ။စစ်မှုထမ်းဆောင်ပြီးတာနဲ့ချက်ချင်းအနုပညာလောကထဲကိုဝင်ကာ မင်းသမီး Oh Yeon Seo နဲ့ A Korean Odyssey ကိုရိုက်ကူးခဲ့ပြီး Master in the House ပရိုဂရမ်မှာလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။Produce 48 မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ်ရိုက်ကူးနေပါတယ်။အခုလက်ရှိ SBS ကရိုက်ကူးတဲ့Vagabond ဇာတ်လမ်းတွဲမှာ Bae Suzy နဲ့အတူတွဲဖက်သရုပ်ဆောင်နေပြီး နောက်နှစ်မှာထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။

Lee Seung Gi က “ပင်ပန်းမောပန်းမှုတွေမရှိပဲ နောက်ထပ်ခြေလှမ်းတစ်လှမ်းချင်းစီလှမ်းနိုင်တဲ့အခွင့်အရေးမျိုးပေးလို့ ကျွန်တော် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်”ဆိုပြီးပြောခဲ့ပါသေးတယ်။

189 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.