တစ်လအတွင်း ခန္ဓာကိုယ်ပုံကျလှပသွားစေမယ့် ၅မိနစ်စာလေ့ကျင့်ခန်း
*Full Plank
*Elbow Plank
*Raised Leg Plank
*Side Plank
*Full Plank
*Elbow Plank
Unicode
ကမ္ဘာတစ်ဝန်းလုံးက ကိုယ်အလေးချိန်ချတဲ့နည်းလမ်းတွေထဲမှာ Plank လို့ခေါ်တဲ့လေ့ကျင့်ခန်းက နာမည်အကြီးဆုံးနဲ့ထိရောက်မှုအရှိဆုံးပါပဲ။Plank လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးက အဆီပိုတွေကိုကျဆင်းစေပြီး ကျစ်လစ်စေပါတယ်။ဒီလေ့ကျင့်ခန်းက တကယ်လည်းထိရောက်သလို
လုပ်နိုင်တဲ့လူလည်း တကယ်ကိုရှားပါတယ်။ဒါကြောင့်လည်း ဒီ Plank က နာမည်ကြီးနေတာပေါ့။
၅မိနစ် Plank လေ့ကျင့်ခန်းကို တစ်လလုံးသေချာလုုပ်သွားမယ်ဆိုရင် အကျိုးကျေးဇူးကသေချာပေါက်ပြန်ရမှာပါပဲ။ဘယ်လိုလဲ အချိန် ၅မိနစ်စာ Challenge ကို လုပ်ဖို့အဆင်သင့်ပဲလား?သေချာ try ကြည့်နိုင်ဖို့ ၅မိနစ်စာ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။
*Full Plank
Full Plank ဆိုတာတော့ အများစုလုပ်ဖူးကြပါတယ်။ဒီ Plank ကို ၁မိနစ်လုပ်ပါ။စစချင်းဆို ၁မိနစ်လုံးဝမရနိုင်လောက်ပါဘူး။ဖြည်းဖြည်းချင်းစီကြိုးစားကြည့်ပါ။ဒီနေ့ ၁မိနစ်မရရင် နောက်နေ့ ၁မိနစ်ပေါ့။
*Elbow Plank
ဒါကိုတော့ စက္ကန့်သုံးဆယ်လုပ်ပါ။တံတောင်ဆစ်နဲ့ခြေဖျားကိုအားပြုပြီး စက္ကန့် ၃ဝလောက်ငြိမ်ငြိမ်လေးနေပါ။
*Raised Leg Plank
ဒါက Elbow Plank ကိုမှ ခြေတစ်ဖက်မြှောက်ပေးရမှာပါ။ဒါလည်းစက္ကန့် ၃ဝပါပဲ။ညာဘက်ခြေထောက်မြှောက်ပြီးရင်ဘယ်ဘက်ခြေထောက်မြှောက်ပါ။တစ်ဖက်ကိုစက္ကန့် ၃ဝစီနော်။
*Side Plank
ဘေးတစ်စောင်းအနေအထားနဲ့ပုံထဲမှာပြထားသလို စက္ကန့် ၃ဝနေပါ။ဒါက ခါး၊လက်မောင်းနဲ့ပေါင်ကအဆီတွေကိုသိသိသာသာကျစေပါတယ်။ဘယ်တံတောင်ဆစ်ကိုအားပြုပြီးရင် ညာဘက်တံတောင်ဆစ်ကိုအားပြုပြီး နောက်ထပ်စက္ကန့် ၃၀ ဘေးတစ်စောင်းနေပါ။ဒီဘေးတစ်စောင်းအနေအထား
Plank က အတော်ကြီးကိုထိရောက်မှုရှိတယ်လို့သိရပါတယ်။
*Full Plank
ဒါက ပထမဆုုံးစလုပ်တဲ့လေ့ကျင့်ခန်းကိုပဲပြန်လုပ်ရမှာပါ။ဒီတစ်ခါတော့စက္ကန့် ၃ဝပါပဲ။
*Elbow Plank
ဒီလေ့ကျင့်ခန်းကိုလည်းပြန်လုပ်ပေးပါ။ဒီတစ်ခါတော့ Full Plank နဲ့ပြောင်းပြန် ၁မိနစ်ဖြစ်သွားပါပြီ။
ကဲ ဒီ ၅မိနစ်စာလေ့ကျင့်ခန်းလေးကို တစ်လလောက်သေချာစွဲမြဲလုပ်နိုင်တယ်ဆိုရင် တစ်လပြည့်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်ရဲ ့ထူးခြားမှုတွေကိုသေချာလက်တွေ့မြင်ရပါလိမ့်မယ်။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.