ကုိယ့္ဆုေတာင္းေတြျမန္ျမန္ျပည့္ဖုိ႔ ကံေကာင္းေစတဲ႔လက္ေဆာင္ေလးေတြ သံုးၾကည့္ပါ

ဆုေတာင္းတုိင္းျပည့္လား??လူတုိင္းက ဘ၀မွာအနည္းဆုံုးဆုတစ္ခုေလာက္ေတာ့ေတာင္းဖူးၾကမွာပါပဲ။ျဖစ္လာတာ မျဖစ္လာတာက သူ႔အပုိင္းေပါ့။ဒါေပမဲ႔ ကုိယ္ေတာင္းလုိက္တဲ႔ဆုေတြ ၁၀၀ မွာ ၈၀ရာခိုင္ႏႈန္းေလာက္ျပည့္ဖုိ႔မ်ားတဲ႔ ကံေကာင္းေစတဲ႔လက္ေဆာင္ေလးေတြရွိပါတယ္။ကုိယ္မျမင္ႏုိင္ေပမဲ႔အစြမ္းထက္တယ္ဆုိသလို ဒီလုိ magic charm ေလးေတြက သင့္ဆႏၵေတြ၊သင့္ဆုေတာင္းေတြ ျပည့္လာဖုိ႔ကူညီေပးႏုိင္ပါတယ္။တကယ္ဟုတ္မဟုတ္ စမ္းၾကည့္ၾကေနာ္။ကဲ ဒါျဖင့္ ဘယ္လုိလုပ္ရမလဲဆုိတာေျပာေတာ့မယ္

*Charm 1
ဒါက အရုိးရွင္းဆံုးနဲ႔အထိေရာက္ဆံုးလို႔ေျပာလုိ႔ရပါတယ္။လူတုိင္းမွ ာမသိစိတ္စြမ္းအားဆုိတာရွိတဲ႔အတြက္ သူ႔အခ်ိန္တန္တဲ႔အခါထိေရာက္မႈပုိရွိပါတယ္။သင္လုပ္ရမွာက ညအိပ္ရာမ၀င္ခင္ စိတ္ထဲကေန နက္နက္နဲနဲဆုေတာင္းဖုိ႔ပါပဲ။ျပီးရင္ ကုိယ့္ဆုေတာင္းေတြတကယ္ျဖစ္လာျပီဆုိတဲ႔အေၾကာင္း စိတ္ကူးယဥ္ၾကည့္ပါ။

*Charm 2
ဒုိင္ယာရီစာအုပ္နဲ႔ဆုေတာင္းၾကည့္ပါ။ “Prayer diary”ဆုိတာမ်ိဳးရွိပါတယ္တဲ႔။သင္လုပ္ရမွာက ဒုိင္ယာရီစာအုပ္တစ္ခုကုိယူ၊ျပီးရင္ အဲ႔ဒီထဲမွာ သင့္ရဲ႔ဆုေတာင္းေတြတကယ္ျဖစ္လာတဲ႔ပံုစံခ်ေရးပါ။ဥပမာ “ရုတ္တရက္ ေငြေတြအမ်ားၾကီးရလာျပီး လိုခ်င္တာေတြ၀ယ္ခဲ႔၊စားခ်င္တာေတြစားခဲ႔ရတယ္”
ဆုိတာမ်ိဳး။ကုိုယ္ျဖစ္ခ်င္တာေတြတကယ္ျဖစ္လာတဲ႔အတုိင္း၊ျဖစ္ခ်င္တဲ႔အတုိင္း ခ်ေရးပါ။အဲ႔ဒီစာအုပ္ကုိေသခ်ာဂရုတစုိက္သိမ္းပါ။

*Charm 3
ဒါကေတာ့ အျဖဴေရာင္ငွက္ေမႊးေလးေတြ႔ရင္ေဆာင္ထားဖုိ႔ပါ။အျဖဴေရာင္ငွက္ေမႊးရွာေတြ႔ဖုိ႔မလြယ္ဘူးဆုိေပမဲ႔ ေတြ႔လာခဲ႔ရင္ အဲ႔ဒီငွက္ေမႊးေလးကုိလက္ဖ၀ါးထဲထည့္၊ျပီးရင္ “ငွက္ေမႊးနတ္သမီးေလးေရ ကြ်န္ေတာ့္ဆႏၵေတြခင္ဗ်ားကုိပုိ႔လိုက္ျပီ”လုိ႔ေျပာျပီး ေကာင္းကင္ေပၚကုိမႈတ္ထုတ္လိုက္ပါ။ၾကားရတာ ကေလးဆန္ခ်င္ဆန္ေနလိမ့္မယ္ဆုိေပမဲ႔ ကုိယ္မျမင္ရတဲ႔အရာ၊နားမလည္နုိင္တဲ႔အရာေတြအမ်ားၾကီးပါ။ဒီငွက္ေမႊးေလးကေနတစ္ဆင့္ သင့္ဆႏၵေတြကုိနတ္သမီးေလးေတြၾကားသြားျပီးျဖည့္ဆည္းေပးပါလိမ့္မယ္တဲ႔။မယံုႏုိင္စရာေကာင္းေပမဲ႔ ဒီဆုေတာင္းနည္းေလးက အလုပ္ျဖစ္တယ္လုိ႔ေျပာထားပါတယ္။

*Charm 4
ဒီဆုေတာင္းနည္းေလးကေတာ့ အခုလက္ရွိကိုယ္ေရာက္ေနတ႔ဲအေျခအေနကုိ ေျပာင္းလဲခ်င္တဲ႔သူေတြအတြက္ပါ။အုန္းဆီအနည္းငယ္ကုိ တံခါးလက္ကုိင္မွာသုတ္လိုက္ပါ။ျပီးရင္ ကုိယ္ျဖစ္ခ်င္တဲ႔ဆုေတာင္းကုိရြတ္ရင္းတံခါးကုိဖြင့္လိုက္ပါတဲ႔။အဲ႔ဒါဆုိ ကုိယ္ဖြင့္လိုက္တဲ႔တံခါးကေန ကံေကာင္းျခင္းေတြေရာက္လာမယ္လုိ႔အယူအဆရွိပါတယ္။

*Charm 5
ဒီတစ္ခါေျပာမယ့္ဆုေတာင္းနည္းကေတာ့ ကုိယ့္ဆုေတာင္းက ဘယ္အခ်ိန္ျပည့္ျပည့္ရတယ္၊ေစာင့္ႏိုင္တယ္ဆုိတဲ႔သူေတြအတြက္အဆင္ေျပမယ့္နည္းေလးပါ။တနဂၤေႏြေန႔တုိင္း စာရြက္တစ္ရြက္ေပၚမွာ ကုိယ့္ဆုေတာင္းတစ္ခုခ်ေရးပါ။ျပီးရင္ ဘူးေသးေလးထဲထည့္ပါ။အပတ္စဥ္တနဂၤေႏြေန႔တုိင္း
ေရးျပီးအဲ႔ဘူးေလးထဲပဲထည့္ရမွာေနာ္။အပတ္ေရမ်ားလာေလ ကုိယ့္မွာစြမ္းအားေတြပုိရွိလာေလျဖစ္ျပီး ေနာက္ဆံုးမွာ ဆုေတာင္းေတြျပည့္လာပါလိမ့္မယ္။တူညီတဲ႔ဆုတစ္ခုတည္းကုိပဲ အပတ္တုိင္းခ်ေရးရမွာေနာ္။

*Charm 6
ေနာက္ဆံုးနည္းလမ္းေလးကလည္းရုိးရုိးရွင္းရွင္းေလးပါပဲ။အျဖဴေရာင္စာရြက္အစားေငြေရာင္စာရြက္ကုိသံုးေပးရမွာပါ။ပီေကစားရင္ ပါတဲ႔ေငြေရာင္စကၠဴေလးကုိယူထားလုိက္ပါ။ျပီးရင္ အျဖဴေရာင္ဘက္ျခမ္းမွာ ကုိယ့္ဆုေတာင္းေလးခ်ေရးျပီး အဲ႔ဒါေလးကုိေသခ်ာသိမ္းထားပါ။ဒါက တကယ္ေရာဟုတ္ရဲ႔လားလုိ႔ သံသယျဖစ္ႏုိင္ပါတယ္။ဒါေပမဲ႔ သင္သာ စူးစူးနစ္နစ္ယံုၾကည္ထားမယ္ဆုိရင္ ဒီေငြေရာင္စကၠဴေလးကသင့္ဆုေတာင္းကုိျဖည့္ေပးပါလိ့မ္မယ္။

ကံေကာင္းေစတဲ႔အေဆာင္ေလးေတြ၊အျပဳအမူေလးေတြက ကုိယ္ျဖစ္ခ်င္တဲ႔ဆႏၵကုိ ပုိျပီးျဖစ္ခ်င္လာေအာင္ပံ႔ပုိးေပးပါတယ္။ဘာရယ္မဟုတ္စိတ္ထဲဆုေတာင္းလိုက္တာနဲ႔စာရင္ ဒီလုိ Charm ေလးေတြလုပ္တာက ကုိယ့္ယံုၾကည္ခ်က္ကုိပုိျပီးျပင္းထန္ေစျပီး ဆုေတာင္းေတြတကယ္ျဖစ္လာေစႏုိင္တဲ႔အတြက္ စမ္းျပီးလုပ္ၾကည့္ၾကေပါ့

Unicode

ဆုတောင်းတိုင်းပြည့်လား??လူတိုင်းက ဘဝမှာအနည်းဆုုံးဆုတစ်ခုလောက်တော့တောင်းဖူးကြမှာပါပဲ။ဖြစ်လာတာ မဖြစ်လာတာက သူ့အပိုင်းပေါ့။ဒါပေမဲ့ ကိုယ်တောင်းလိုက်တဲ့ဆုတွေ ၁၀၀ မှာ ၈ဝရာခိုင်နှုန်းလောက်ပြည့်ဖို့များတဲ့ ကံကောင်းစေတဲ့အရာလေးတွေရှိပါတယ်။ကိုယ်မမြင်နိုင်ပေမဲ့အစွမ်းထက်တယ်ဆိုသလို ဒီလို magic charm လေးတွေက သင့်ဆန္ဒတွေ၊သင့်ဆုတောင်းတွေ ပြည့်လာဖို့ကူညီပေးနိုင်ပါတယ်။တကယ်ဟုတ်မဟုတ် စမ်းကြည့်ကြနော်။ကဲ ဒါဖြင့် ဘယ်လိုလုပ်ရမလဲဆိုတာပြောတော့မယ်

*Charm 1
ဒါက အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးလို့ပြောလို့ရပါတယ်။လူတိုင်းမှ ာမသိစိတ်စွမ်းအားဆိုတာရှိတဲ့အတွက် သူ့အချိန်တန်တဲ့အခါထိရောက်မှုပိုရှိပါတယ်။သင်လုပ်ရမှာက ညအိပ်ရာမဝင်ခင် စိတ်ထဲကနေ နက်နက်နဲနဲဆုတောင်းဖို့ပါပဲ။ပြီးရင် ကိုယ့်ဆုတောင်းတွေတကယ်ဖြစ်လာပြီဆိုတဲ့အကြောင်း စိတ်ကူးယဉ်ကြည့်ပါ။

*Charm 2
ဒိုင်ယာရီစာအုပ်နဲ့ဆုတောင်းကြည့်ပါ။ “Prayer diary”ဆိုတာမျိုးရှိပါတယ်တဲ့။သင်လုပ်ရမှာက ဒိုင်ယာရီစာအုပ်တစ်ခုကိုယူ၊ပြီးရင် အဲ့ဒီထဲမှာ သင့်ရဲ့ဆုတောင်းတွေတကယ်ဖြစ်လာတဲ့ပုံစံချရေးပါ။ဥပမာ “ရုတ်တရက် ငွေတွေအများကြီးရလာပြီး လိုချင်တာတွေဝယ်ခဲ့၊စားချင်တာတွေစားခဲ့ရတယ်”
ဆိုတာမျိုး။ကိုုယ်ဖြစ်ချင်တာတွေတကယ်ဖြစ်လာတဲ့အတိုင်း၊ဖြစ်ချင်တဲ့အတိုင်း ချရေးပါ။အဲ့ဒီစာအုပ်ကိုသေချာဂရုတစိုက်သိမ်းပါ။

*Charm 3
ဒါကတော့ အဖြူရောင်ငှက်မွှေးလေးတွေ့ရင်ဆောင်ထားဖို့ပါ။အဖြူရောင်ငှက်မွှေးရှာတွေ့ဖို့မလွယ်ဘူးဆိုပေမဲ့ တွေ့လာခဲ့ရင် အဲ့ဒီငှက်မွှေးလေးကိုလက်ဖဝါးထဲထည့်၊ပြီးရင် “ငှက်မွှေးနတ်သမီးလေးရေ ကျွန်တော့်ဆန္ဒတွေခင်ဗျားကိုပို့လိုက်ပြီ”လို့ပြောပြီး ကောင်းကင်ပေါ်ကိုမှုတ်ထုတ်လိုက်ပါ။ကြားရတာ ကလေးဆန်ချင်ဆန်နေလိမ့်မယ်ဆိုပေမဲ့ ကိုယ်မမြင်ရတဲ့အရာ၊နားမလည်နိုင်တဲ့အရာတွေအများကြီးပါ။ဒီငှက်မွှေးလေးကနေတစ်ဆင့် သင့်ဆန္ဒတွေကိုနတ်သမီးလေးတွေကြားသွားပြီးဖြည့်ဆည်းပေးပါလိမ့်မယ်တဲ့။မယုံနိုင်စရာကောင်းပေမဲ့ ဒီဆုတောင်းနည်းလေးက အလုပ်ဖြစ်တယ်လို့ပြောထားပါတယ်။

*Charm 4
ဒီဆုတောင်းနည်းလေးကတော့ အခုလက်ရှိကိုယ်ရောက်နေတဲ့အခြေအနေကို ပြောင်းလဲချင်တဲ့သူတွေအတွက်ပါ။အုန်းဆီအနည်းငယ်ကို တံခါးလက်ကိုင်မှာသုတ်လိုက်ပါ။ပြီးရင် ကိုယ်ဖြစ်ချင်တဲ့ဆုတောင်းကိုရွတ်ရင်းတံခါးကိုဖွင့်လိုက်ပါတဲ့။အဲ့ဒါဆို ကိုယ်ဖွင့်လိုက်တဲ့တံခါးကနေ ကံကောင်းခြင်းတွေရောက်လာမယ်လို့အယူအဆရှိပါတယ်။

*Charm 5
ဒီတစ်ခါပြောမယ့်ဆုတောင်းနည်းကတော့ ကိုယ့်ဆုတောင်းက ဘယ်အချိန်ပြည့်ပြည့်ရတယ်၊စောင့်နိုင်တယ်ဆိုတဲ့သူတွေအတွက်အဆင်ပြေမယ့်နည်းလေးပါ။တနင်္ဂနွေနေ့တိုင်း စာရွက်တစ်ရွက်ပေါ်မှာ ကိုယ့်ဆုတောင်းတစ်ခုချရေးပါ။ပြီးရင် ဘူးသေးလေးထဲထည့်ပါ။အပတ်စဉ်တနင်္ဂနွေနေ့တိုင်း
ရေးပြီးအဲ့ဘူးလေးထဲပဲထည့်ရမှာနော်။အပတ်ရေများလာလေ ကိုယ့်မှာစွမ်းအားတွေပိုရှိလာလေဖြစ်ပြီး နောက်ဆုံးမှာ ဆုတောင်းတွေပြည့်လာပါလိမ့်မယ်။တူညီတဲ့ဆုတစ်ခုတည်းကိုပဲ အပတ်တိုင်းချရေးရမှာနော်။

*Charm 6
နောက်ဆုံးနည်းလမ်းလေးကလည်းရိုးရိုးရှင်းရှင်းလေးပါပဲ။အဖြူရောင်စာရွက်အစားငွေရောင်စာရွက်ကိုသုံးပေးရမှာပါ။ပီကေစားရင် ပါတဲ့ငွေရောင်စက္ကူလေးကိုယူထားလိုက်ပါ။ပြီးရင် အဖြူရောင်ဘက်ခြမ်းမှာ ကိုယ့်ဆုတောင်းလေးချရေးပြီး အဲ့ဒါလေးကိုသေချာသိမ်းထားပါ။ဒါက တကယ်ရောဟုတ်ရဲ့လားလို့ သံသယဖြစ်နိုင်ပါတယ်။ဒါပေမဲ့ သင်သာ စူးစူးနစ်နစ်ယုံကြည်ထားမယ်ဆိုရင် ဒီငွေရောင်စက္ကူလေးကသင့်ဆုတောင်းကိုဖြည့်ပေးပါလိ့မ်မယ်။

ကံကောင်းစေတဲ့အဆောင်လေးတွေ၊အပြုအမူလေးတွေက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ပိုပြီးဖြစ်ချင်လာအောင်ပံ့ပိုးပေးပါတယ်။ဘာရယ်မဟုတ်စိတ်ထဲဆုတောင်းလိုက်တာနဲ့စာရင် ဒီလို Charm လေးတွေလုပ်တာက ကိုယ့်ယုံကြည်ချက်ကိုပိုပြီးပြင်းထန်စေပြီး ဆုတောင်းတွေတကယ်ဖြစ်လာစေနိုင်တဲ့အတွက် စမ်းပြီးလုပ်ကြည့်ကြပေါ့

201 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.