သူ့မိသားစုထဲမှာ သူ့ထက်ချောတဲ့သူရှိသေးတယ်လို့ ပြောပြခဲ့တဲ့ Song Seung Hun
ထိပ်တန်းမင်းသားတစ်လက်အဖြစ် ပရိသတ်တွေချစ်ခင်အားပေးကြတဲ့မင်းသားချော Song Seung Hun ဟာ အင်တာဗျူးတစ်ခုမှာ “တကယ်တော့ ကျွန်တော်ချောတယ်၊ကြည့်ကောင်းတယ်ဆိုတာ ကျွန်တော့်အဖေနဲ့ယှဉ်လိုက်ရင် အသေးအမွှားပဲရှိပါသေးတယ်”လို့ပြောသွားခဲ့ပါတယ်။
Unicode
ကိုရီးယားနိုင်ငံရဲ့ အချောဆုံးအနုပညာရှင်မင်းသားတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ Song Seung Hun က သူ့မိသားစုရေးရာနဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြလာခဲ့ပါတယ်။အားလုံးက သူ့ကိုချောတယ်၊ယောကျ်ားပီသတယ်၊တည်ကြည်ခန့်ညားတယ်စသဖြင့်ပြောကြတဲ့အခါ သူက သူ့ရဲ့မိသားစုထဲမှာသူတစ်ယောက်တည်း အချောဆုံးမဟုတ်ပါဘူးလို့ပြောပြခဲ့တာပါ။နောက်တစ်ယောက်အချောဆုံးက ဘယ်သူများပါလိမ့်။
ထိပ်တန်းမင်းသားတစ်လက်အဖြစ် ပရိသတ်တွေချစ်ခင်အားပေးကြတဲ့မင်းသားချော Song Seung Hun ဟာ အင်တာဗျူးတစ်ခုမှာ “တကယ်တော့ ကျွန်တော်ချောတယ်၊ကြည့်ကောင်းတယ်ဆိုတာ ကျွန်တော့်အဖေနဲ့ယှဉ်လိုုက်ရင် အသေးအမွှားပဲရှိပါသေးတယ်”လို့ပြောသွားခဲ့ပါတယ်။
စကားနဲ့တင်မက သူ့အဖေငယ်ငယ်တုန်းကပုံနဲ့သူငယ်ငယ်တုန်းက ပုံကိုယှဉ်ပြခဲ့တာပါ။တကယ်ကြီးကို သူ့အဖေက ငယ်ငယ်တုန်းက တအားချောခဲ့တာမြင်တွေ့ရပါတယ်။ဒါကိုသူက ပထမဆုံးနှိုင်းယှဉ်ပြခဲ့သူလည်းမဟုတ်ပါဘူး။ “Comment တစ်ခုမှာ ကျွန်တော့်အဖေက ကျွန်တော့်ထက်ပိုပြီးကြည့်ကောင်းတယ်လို့ရေးထားတာလည်းတွေ့ခဲ့ရပါတယ်”လို့သူကပြောပြခဲ့တာဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ပုံကိုကြည့်ကြည့်လိုက်ပါဦး
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.