ကိုယ့်ဖက်ရှင်နဲ့လိုက်ဖက်တဲ့ လက်ကောက်၊ လက်ပတ်လေးတွေ ၀တ်ကြမယ်

bag-bracelets-fashion-girl-nails-favim.com-145905.jpg

Accessory တွေ ၀ယ်တော့မယ်၊ ၀တ်တော့မယ်ဆိုရင် ပထမဆုံး ကိုယ်ကဘယ်လိုဖက်ရှင်မျိုးတွေ အ၀တ်များလဲဆိုတာ အရင်စဉ်းစားဖို့လိုပါတယ်။ တစ်ချို့အဆင်တန်ဆာတွေက ဖက်ရှင်တိုင်းနဲ့ မလိုက်ဖက်တာကြောင့် မစဉ်းစားထားပဲ ကောက်ဝယ်လိုက်ပြီးတော့မှ အိမ်မှာချောင်ထိုးရတဲ့ အဖြစ်မျိုး မရောက်အောင် ဘယ်လိုလက်ကောက်၊ လက်ပတ်ဒီဇိုင်းတွေက ဘယ်လိုဖက်ရှင်မျိုးနဲ့ တွဲဖက် ၀တ်ဆင်ရမယ်ဆိုတဲ့ အကြောင်း ပြောပြပေးလိုက်တယ်နော်။

 

၁။Edgy Cool

ကိုယ့်ပုံစံ ကိုယ့်ရဲ့ဒီဇိုင်းက လုံးဝအလန်းစား။ နောက်ဆုံးပေါ်ဒီဇိုင်းမျိုးတွေချည်း ၀တ်ရတာကြိုက်တဲ့သူ ဆိုရင်တော့ ဒီလို လက်ကောက်ဒီဇိုင်းမျိုးလေးတွေနဲ့ ကွက်တိပါပဲ။ ဘာမှစဉ်းစားမနေနဲ့ ၀ယ်သာ ၀ယ်ပစ်လိုက်ပါတော့။

 

၂။Girly Glam

မိန်းကလေးနည်းနည်းဆန်တဲ့ ပျိုမေတွေ နှစ်ခြိုက်မယ့် ဒီဇိုင်းမျိုးလေတွေပါ။ ချစ်စရာကောင်းတဲ့အပြင် နောက်ဆုံးပေါ်တွေမို့ ပျိုမေတွေ စိတ်ကြိုက်ပါပဲ။

 

၃။Indie Rocker

ကိုယ်က ရော့ခ်ဆန်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးတွေ အ၀တ်များတယ်ဆိုရင် ဒီလို လက်ကောက် လက်ပတ်တွေကို တစ်ချက်တည်း နှစ်မျိုးသုံးမျိုး ရောဝတ်ပစ်လိုက်ပါ။

 

၎။Classic Chic

ပွဲတက်ဖို့ရှိတယ်။ ပွဲတက်ဖို့ ဂါဝန်လေးတွေ၊ ပွဲတက်ဝတ်စုံလေးတွေ ၀တ်ရမှာဆိုရင်တော့ ဒီလို လက်ကောက်၊ ဟန်းချိန်းမျိုးတွေ ရွေးချယ်ဖို့ အကြံပေးပါရစေနော်။

Ref:seventeen.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.