လက်မကောက်လန်တဲ့သူတွေကဘယ်လိုအကျင့်စရိုက်တွေရှိနေတတ်လဲ…
Unicode
တစ်ချို့သောသူတွေကလက်မထောင်လိုက်တာနဲ့ အနောက်ကိုလန်ပြီးကောက်နေတတ်ကြပါတယ်။ တစ်ချို့ကတော့ထောင်တဲ့အတိုင်းလေးအဖြောင့်လေးပဲဖြစ်နေတတ်ပါတယ်။ ရှေးလူကြီးတော်တော်များများပြောစကားအရတော့ လက်မဖြောင့်တဲ့သူတွေက စိတ်အေးပြီးဘယ်အရာမဆို အကောင်းဘက်ကတွေးတတ်တဲ့သူမျိုးတွေများပါတယ်။ စိတ်ကိုပေါ့ပေါ့ပါးပါးထားတတ်ပြီးကိုယ့်ကိုယ်ဘာပြောပြောဘယ်လိုဆက်ဆံဆက်ဆံ သိပ်ပြီး စိတ်မှတ်မထားတတ်ကြတဲ့ လူဖြောင့်တွေပါ။ လက်မအနောက်လန်တဲ့သူတွေကတော့ မာနကြီးတဲ့အမျိုးစားထဲပါပါတယ်။
မာနကြီးတယ်ဆိုတာဖင်ကောင်းကျယ်တာစိတ်ပုပ်တာမျိုးမဟုတ်ဘူးနော်၊ ဘယ်အရာမဆိုအလကားမယူတာမျိုး၊ ကိုယ့်ဘက်ကအမှားမရှိအောင်နေတာမျိုး၊ သူမျိုးအပြောဆိုမခံနိုင်တာမျိုး
တွေပါ။ ပြောရမယ်ဆိုရင်ကိုယ့်မာနနဲ့ကိုယ်နေတဲ့သူမျိုးပေါ့။ ဘယ်လိုပြောရမလဲ မဟုတ်ရင်မခံဘူး ကိုယ့်ကိုလာမထိနဲ့ဆိုတဲ့အမျိုးထဲမှာပါပါတယ်။ လက်မပိုပြီးကော့လန်လေလေ မာနကြီးလေလေပါပဲ။
ကဲ…Trend ပရိတ်သတ်ကြီးတွေထဲမှာရော လက်မကောက်တဲ့သူတွေများလား၊ ဖြောင့်တဲ့သူတွေများလား…
17K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.