သင့်ကျောက်ကပ်ပျက်စီးနေပြီဆိုတာဒါမျိုးတွေကပြောပြနေ…

1. ရာသီဥတုကပုံမှန်ဖြစ်နေရင်တောင်အမြဲအနွေးဓာတ်လိုအပ်နေလိမ့်မယ်

ရာသီဥတုကပုံမှန်ဖြစ်နေရင်တောင်အမြဲအနွေးဓာတ်လိုအပ်နေလိမ့်မယ် ရာသီဥတုကမအေးပဲပုံမှန်အပူချိန်မှာရှိနေတာတောင် အနွေးဓာတ်ကိုပဲတောင်းတနေတတ်ပြီးသူများတွေထက်ပိုပြီးချမ်းတုန်နေတတ်တာမျိုးပါ။ ခန္ဓာကိုယ်ထဲက ကျောက်ကပ်ကကောင်းမွန်စွာအလုပ်မလုပ်တဲ့အခါ ချမ်းစိမ့်စိမ့်နဲ့ ခန္ဓာကိုယ်ကြီးဖြစ်လာတတ်တာမလို့ သူများထက်ပိုပြီးချမ်းတုန်ကာ အချိန်တိုင်းလိုလိုအနွေးဓာတ်လိုနေပြီဆိုရင်တော့ သင့်ကျောက်ကပ်ကိုသတိထားဖို့လိုပါပြီ။

2. ခံတွင်းနံကအမြဲလိုလို နံနေလိမ့်မယ်

ခံတွင်းနံကအမြဲလိုလို နံနေလိမ့်မယ်ဘယ်လောက်ပဲသွားတွေတိုက်တိုက် အမွှေးတွေဖြန်းဖြန်း ခံတွင်းအနံ့ကနဂိုထက်ပိုပြီး ဆိုးဆိုးဝါးဝါးခံစားနေရပြီဆိုရင်တော့ဒါဟာပုံမှန်မဟုတ်တော့တဲ့ အရာတစ်ခုလို့ဆိုရပါမယ်။ကျောက်ကပ်မကောင်းတဲ့သူတော်တော်များများရဲ့ခံတွင်းအနံ့ဟာ ပုံမှန်နံတာထက်ကိုပိုဆိုးဝါးပြီးပြင်းထန်တဲ့အနံ့မလို့ဒါမျိုးဖြစ်နေပြီဆိုရင်တော့ ကျောက်ကပ်ကိုစစ်ဆေးသင့်ပါပြီ။

3. ခြေဆစ်တွေ ရောင်ရမ်းတာမျိုး

 ခြေဆစ်တွေ ရောင်ရမ်းတာမျိုးခြေဆစ်တွေ ခြေချင်းဝတ်တွေဟာ အကြောင်းမဲ့သက်သက် ခဏခဏရောင်ရမ်းနေပြီဆိုရင်ဒါလည်းကျောက်ကပ်မကောင်းတဲ့လက္ခဏာတစ်ခုပါပဲ။

4. မကြာခဏအပြင်းဖျားပြီး နောက်ကျောဘက်ကနာကျင်ကိုက်ခဲတာမျိုး

မကြာခဏအပြင်းဖျားပြီး နောက်ကျောဘက်ကနာကျင်ကိုက်ခဲတာမျိုး  မကြာခဏအပြင်းဖျားပြီး ကျောဘက် တွေခါးနားတစ်ဝိုက်တွေနာကျင်တာကလည်း ကျောက်ကပ်ရဲ့လက္ခဏာတစ်ရပ်ပါပဲ ။ အထူးသဖြင့် ခါးအောက်ပိုင်းတွေနာကျင် ကိုက်ခဲပါများလာရင်ပိုလို့သတိထားသင့်ပါတယ်။

5. မကြာခဏဆိုသလိုသွေးပေါင်ချိန်ဆောင့်ဆောင့်တတ်တယ်

မကြာခဏဆိုသလိုသွေးပေါင်ချိန်ဆောင့်ဆောင့်တတ်တယ် သွေးတိုးဓာတ်ခံရှိတဲ့သူတွေလည်း ကျောက်ကပ်မကောင်းဘူးလို့ဆိုရမှာပါပဲ။ သွေးတွေဓာတ်ခံမရှိရင်တောင် ချက်ချင်းကြီးဆိုသလို သွေးခဏခဏဆောင့်တတ်တာမျိုးဖြစ်ရင်တော့ဒါဟာ သင့်ကျောက်ကပ်ကသေချာအလုပ်မလုပ်နိုင်တော့တာကိုပြောပြနေတာပါပဲ။

202 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.