တစ္ခါတစ္ရံစိတ္ေတြမြန္းျကပ္လာျပီးကိုယ္႔ဘ၀ျကီးကိုယ္မုန္းတီလာတာမိ်ဳးျဖစ္တတ္ျကပါတယ္…

ဒီလုိအေျခေနမ်ိဳးကို Depression ၀င္တယ္ဆုိတာမ်ိဳးလုိ႕လဲေျပာလုိ႕မရသလုိ စိတ္ညစ္တယ္ဆိုတဲ႔အဆင္႔ေလာက္ပဲလည္းမဟုတ္ပါဘူး။ ဘယ္လုိေျပာရမလဲ…စိတ္ညစ္တာထက္ေက်ာ္လြန္ျပီးကိုယ္႔ဘ၀ကိုယ္စိတ္ကုန္ေနတာမ်ိဳး၊ ဒီလုိအေျခေနေတြက မိသားစုနဲ႕အဆင္မေျပတဲ႔အခ်ိန္၊ ကိုယ္လိုခ်င္တဲ႔သူ ကိုယ္႔နားမွာမရွိတဲ႔အခ်ိန္၊ေနမေကာင္းထုိင္မသာျဖစ္ျပီးကိုယ္႔ကိုယ္ကိုယ္အားမရတဲ႔အခ်ိန္ ၊ ေဘးပတ္၀န္းက်င္က ၀ိုင္းျပီးထိုးနွက္မႈေတြေျကာင္႔ မြန္းျကပ္လြန္းလာတဲ႔အခ်ိန္ေတြမွာျဖစ္တတ္ပါတယ္။ဒီလုိအေျခေနမ်ိဳးမွာတစ္ေနရာကိုထြက္ေျပးသြားခ်င္စိတ္ေတြ လူေတြနဲ႕ေ၀းရာမွာေနခ်င္တာမ်ိဳးေတြ ကိုယ္႔ကိုယ္ကိုယ္အသံုးမက်ဘူးလုိ႕ထင္တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။
ဆိုေတာ႔ ဒီလိုခက္ခဲတဲ႔ေန႕မ်ိဳးေတြကိုျဖတ္သန္းရတဲ႔အခါ…
(၁) ဒီေန႕ျပီးရင္ျပီးသြားမွာပါ ၊ ဒါေတြမျကာခင္အဆင္ေျပသြားမွာပါဆုိတာမ်ိဳးေတြးပါ
(၂) ကိုယ္႔အေပၚနာက်င္ေစတဲ႔သူတိုင္းအေပၚေမတၱာပို႕လုိက္ပါ
(၃) ကိုယ္႔ကိုခ်စ္တဲ႔သူေတြဆီကေမတၱာကိုခံယူပါ(တစ္ေယာက္မဟုတ္တစ္ေယာက္ေတာ႔သင္႔ဘ၀အတြက္ရွိေနတတ္ပါတယ္)
(၄) တိုးတတ္ရာတုိးတတ္ေျကာင္းတစ္ခုကိုရွာေဖြျပီးလုပ္ပါ( ဒီလုိအခ်ိန္မွာကိုယ္႔ကိုယ္ကိုယ္ဘာမွအသံုးမက်ဘူးဆုိျပီးစိတ္အားငယ္တတ္ပါတယ္) ဒါေျကာင္႔ကိုယ္႔မွာလည္းကိုယ္႔ရဲ႕ကိုယ္ပိုင္အရည္အေသြးတစ္ခုမဟုတ္တစ္ခုေတာ႔ရွိတယ္ ဆုိတာကိုေသခ်ာေပါက္သိေအာင္ရွာေဖြပါ ၊ ဒါကသင္႔ရဲ႕သိမ္ငယ္စိတ္ေတြ၀မ္းနည္းစိတ္ေတြကိုသက္သာေစပါတယ္။ေနထုိင္ရတဲ႔လူ႕ဘ၀ခဏတာအခ်ိန္ေလးမွာ စိတ္ပင္ပန္းမႈေတြကိုေျဖေလ်ာ႔ရင္းေပါ႔ေပါ႔ပါးပါးေအးေအးလူလူနဲ႕ကိုယ္႔ရဲ႕လက္ရွိအေျခေနကိုလက္ခံျပီးအေကာင္းဆံုးနဲ႕အတိုးတတ္ဆံဳးျဖစ္ေအာင္ ေနထုိင္နိုင္ျကပါေစ…

Unicode

ဒီလိုအခြေနေမျိုးကို Depression ဝင်တယ်ဆိုတာမျိုးလို့လဲပြောလို့မရသလို စိတ်ညစ်တယ်ဆိုတဲ့အဆင့်လောက်ပဲလည်းမဟုတ်ပါဘူး။ ဘယ်လိုပြောရမလဲ…
စိတ်ညစ်တာထက်ကျော်လွန်ပြီးကိုယ့်ဘဝကိုယ်စိတ်ကုန်နေတာမျိုး၊ ဒီလိုအခြေနေတွေက မိသားစုနဲ့အဆင်မပြေတဲ့အချိန်၊ ကိုယ်လိုချင်တဲ့သူ ကိုယ့်နားမှာမရှိတဲ့အချိန်၊
နေမကောင်းထိုင်မသာဖြစ်ပြီးကိုယ့်ကိုယ်ကိုယ်အားမရတဲ့အချိန် ၊ ဘေးပတ်ဝန်းကျင်က ၀ိုင်းပြီးထိုးနှက်မှုတွေကြောင့် မွန်းကြပ်လွန်းလာတဲ့အချိန်တွေမှာဖြစ်တတ်ပါတယ်။
ဒီလိုအခြေနေမျိုးမှာတစ်နေရာကိုထွက်ပြေးသွားချင်စိတ်တွေ လူတွေနဲ့ဝေးရာမှာနေချင်တာမျိုးတွေ ကိုယ့်ကိုယ်ကိုယ်အသုံးမကျဘူးလို့ထင်တာမျိုးတွေဖြစ်လာတတ်ပါတယ်။
ဆိုတော့ ဒီလိုခက်ခဲတဲ့နေ့မျိုးတွေကိုဖြတ်သန်းရတဲ့အခါ…
(၁) ဒီနေ့ပြီးရင်ပြီးသွားမှာပါ ၊ ဒါတွေမကြာခင်အဆင်ပြေသွားမှာပါဆိုတာမျိုးတွေးပါ
(၂) ကိုယ့်အပေါ်နာကျင်စေတဲ့သူတိုင်းအပေါ်မေတ္တာပို့လိုက်ပါ
(၃) ကိုယ့်ကိုချစ်တဲ့သူတွေဆီကမေတ္တာကိုခံယူပါ(တစ်ယောက်မဟုတ်တစ်ယောက်တော့သင့်ဘဝအတွက်ရှိနေတတ်ပါတယ်)
(၄) တိုးတတ်ရာတိုးတတ်ကြောင်းတစ်ခုကိုရှာဖွေပြီးလုပ်ပါ( ဒီလိုအချိန်မှာကိုယ့်ကိုယ်ကိုယ်ဘာမှအသုံးမကျဘူးဆိုပြီးစိတ်အားငယ်တတ်ပါတယ်) ဒါကြောင့်ကိုယ့်မှာလည်းကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးတစ်ခုမဟုတ်
တစ်ခုတော့ရှိတယ် ဆိုတာကိုသေချာပေါက်သိအောင်ရှာဖွေပါ ၊ ဒါကသင့်ရဲ့သိမ်ငယ်စိတ်တွေဝမ်းနည်းစိတ်တွေကိုသက်သာစေပါတယ်။
နေထိုင်ရတဲ့လူ့ဘဝခဏတာအချိန်လေးမှာ စိတ်ပင်ပန်းမှုတွေကိုဖြေလျော့ရင်းပေါ့ပေါ့ပါးပါးအေးအေးလူလူနဲ့ကိုယ့်ရဲ့လက်ရှိအခြေနေကိုလက်ခံပြီးအကောင်းဆုံးနဲ့အတိုးတတ်ဆုံးဖြစ်အောင် နေထိုင်နိုင်ကြပါစေ…

753 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.