အသက်ရွယ်ကွာခြားလွန်းတဲ့အချစ်ရေးတစ်ခုကဖြောင့်ဖြူးနိုင်ပါ့မလားဆိုတဲ့အဖြေက…
ဒါကြောင့်ပတ်ဝန်းကျင်ပြောသမျှလိုက်ရှောင်နေစရာမလိုပဲ အချစ်ရေးနဲ့ပတ်သတ်လာရင်ကိုယ့်ခံစားချက်ကိုသာကိုယ်ဦးစားပေးပါ။
Unicode
အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်အသက်ရွယ် အများကြီးကွာဟနေရင်တစ်ချို့တွေကအတင်းတုတ်ပြီးအမျိုးမျိုးဝေဖန်ပြောဆိုတတ်ကြပါတယ်။
ကိုယ့်ဘာသာကိုယ် ကိုယ်ချစ်တဲ့သူနဲ့တွဲတာတောင် ဟာ ဘယ်လိုတောင်ငယ်လို့၊ ဟယ် ဘယ်လိုတောင်ကြီးတာလဲ၊ အသက်ကလည်းကွာလိုက်တာ ၊ ဘယ်နားကသွားရှာပြီးကြိုက်လာတာလဲ
စသည်ဖြင့်အမျိုးမျိုးသောဝေဖန်ပြောဆိုတတ်ကြတာလူ့သဘာဝဆိုတာမျိုးကြီးတောင်ဖြစ်နေပါပြီ။ ဆိုတော့ ဒီလိုမျိုးများ ချစ်လိုက်မိရင် အပြစ်ကြီးလုပ်မိသလို အပြောခံရမလိုလိုဖြစ်သွားတာမလို့တစ်ချို့တွေဆိုအသက်ကွာရင်ချစ်ရမှာကြောက်တာမျိုး၊ အသက်ကွာတဲ့ချစ်သူရထားရင်ထုတ်ပြရမှာကြောက်တာမျိုး
့့ဖြစ်သွားတတ်ကြပါတယ်။ ဒါဆိုရင်တော့ဒီအတွေးတွေကိုအခုချိန်ကစပြီးလုံးဝဖယ်ထုတ်လိုက်ပါ။ဘယ်လို့လဲဆိုတော့(၁) ချစ်ခြင်းမေတ္တာမှာ ငယ်လိုက်တာကြီးလိုက်တာရယ်မရှိပါဘူး မေတ္တာစစ်မှန်ပြီးနှစ်ဦးနှစ်ဖက်ထပ်တူကျဖို့ပဲလိုပါတယ်။
(၂) ရွယ်တူဆိုရင်တောင်နင်ဘာလဲ ငါဘာလဲနဲ့ရန်ဖြစ်ရင် စကားနိုင်လုနေတတ်ကြပါသေးတယ်၊ အရွယ်ကွာတဲ့သူတွေကတော့တစ်ယောက်ရဲ့
အားနည်းချက်ကို တစ်ယောက်ပိုပြီးနားလည်အားပေးတတ်ကြပါတယ်။
(၃) ကြီးရင်မှီငယ်ရင်ချီဆိုတဲ့စကားကသိပ်အဓိပ္ပါယ်ရှိတယ်ဆိုတာကိုယုံပါ၊ ချစ်ခြင်းမေတ္တာထပ်တူကျလို့ကတော့ကြီးရင်မှီနေလိုက်လို့ရပြီးငယ်ရင်လည်းချီထားပြီးချစ်လို့ရပါတယ်။
(၄) ပတ်ဝန်းကျင်ကကိုယ့်ကိုယ်ရှာကျွေးနေတာမဟုတ်ပါဘူး(ဒီလိုပြောတာလုံးကဂရုစိုက်စရာမလိုဘူးလို့ပြောတာတော့မဟုတ်ပါဘူး) ကိုယ့်ဘဝရဲ့စိတ်ချမ်းသာမှုကိုကိုယ်ပဲဖန်တီးနိုင်မှာပါ။
ဒါကြောင့်ပတ်ဝန်းကျင်ပြောသမျှလိုက်ရှောင်နေစရာမလိုပဲ အချစ်ရေးနဲ့ပတ်သတ်လာရင်ကို်ယ့်ခံစားချက်ကိုသာကိုယ်ဦးစားပေးပါ။
ဘယ်အချစ်ရေးမဆိုနားလည်မှုနဲ့သည်းခံမှုကိုရင်းပြီးရှေ့ဆက်မယ်ဆိုရင် အဆင်မပြေတာဘာညာမရှိနိုင်ပါဘူး။ ဒါကြောင့်ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့အချစ်ရေးကဘယ်လောက်ပဲလူတွေပြောနေပါစေ နှစ်ဦးနှစ်ဖက်
စိတ်ချမ်းသာပြီးဘယ်သူ့ကိုမှမထိခိုက်စေဘူးဆိုရင် ရဲရဲကြီးရှေ့ဆက်ဖို့ကြိုးစားလိုက်ပါ…
628 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.