မၾကာခင္ရုပ္လံုးေပၚလာေတာ့မယ့္ သူတုိ႔ႏွစ္ေယာက္ရဲ ႔Boyfriend ဇာတ္လမ္းတြဲေလး

ကိုယ္ေတြခ်စ္ရတဲ႔ေတာင္ကုိရီးယားမင္းသမီးေခ်ာ Song Hye Kyo နဲ႔ ႏႈတ္ခမ္းနီမေလးေတြသေဘာက်တဲ႔မင္းသားေခ်ာ Park Bo Gum တုိ႔ႏွစ္ေယာက္အတူတြဲဖက္သရုပ္ေဆာင္မယ့္ Boyfriend ဇာတ္လမ္းတြဲေလးဟာစတင္အသက္၀င္ေနပါျပီ။ဒီဇာတ္လမ္းတြဲဟာ အခ်ိန္ကာလ ၂ႏွစ္ၾကာျပီးမွ ႏွစ္ေယာက္လံုးရဲ႔ပထမဆံုးျပန္လည္ရိုက္ကူးတဲ႔ဇာတ္ကားျဖစ္လို႔ ပရိသတ္ေတြက ဒီဇာတ္လမ္းတြဲကုိၾကည့္ဖုိ႔ အားခဲထားၾကပါတယ္။

tvN ရုပ္သံဌာနက ရုိက္ကူးတဲ႔ Boyfriend ဇာတ္လမ္းတြဲဟာ ကြာရွင္းထားတဲ႔အသက္ခပ္ၾကီးၾကီးအမ်ိဳးသမီးတစ္ေယာက္နဲ႔ အသက္ ၂၀ေက်ာ္အရြယ္ငယ္ရြယ္တဲ႔အမ်ိဳးသားေလးတစ္ေယာက္
တုိ႔အေၾကာင္းရုိက္ကူးထားတဲ႔ပံုစံေလးပါ။

သာမန္ဘ၀အေနအထားနဲ႔အျမဲေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ႔ေကာင္ေလး Kim Jin Hyuk (Park Bo Gum) နဲ႔ႏုိင္ငံေရးသမားတစ္ေယာက္ရဲ႔သမီး၊စီးပြားေရးလုပ္ငန္းရွင္သူေဌးနဲ႔လက္ထပ္ခဲ႔ရျပီး ကုိယ့္စိတ္နဲ႔ကုိယ္မေနခဲ႔ရတဲ႔ မိန္းကေလး Cha Soo Hyun (Song Hye Kyo)၊သူမကြာရွင္းျပီးတဲ႔ေနာက္မွာKim Jin Hyuk နဲ႔အမွတ္မထင္ေတြ႔ဆံုခဲ႔ျပီး ႏွစ္ေယာက္လံုးရဲ ႔ဘ၀ဟာ ေျပာင္းလဲသြားခဲ႔ၾကပါတယ္။ၾကမၼာအလုိက်ျဖစ္ေပၚလာခဲ႔တဲ႔အခ်စ္ဇာတ္လမ္းလွလွေလးကုိျပန္လည္ရိုက္ကူးထားတဲ႔ဇာတ္လမ္းေလးျဖစ္လုိ႔ သူတုိ႔ႏွစ္ေယာက္ကုိစံုတြဲအျဖစ္တြဲဖက္ရုိက္ကူးေစခ်င္ၾကတဲ႔ပရိသတ္ေတြရဲ ႔သေဘာက်ျဖစ္မယ္ဆုိတာေသခ်ာပါတယ္။

Boyfriend ဇာတ္လမ္းတြဲကုိ စက္တင္ဘာလတည္းမွာစတင္ရိုက္ကူးခဲ႔တာျဖစ္ျပီး ဆုိးလ္အျပင္ ျပည္ပႏုိင္ငံျဖစ္တဲ႔ Cuba မွာသြားေရာက္ရိုက္ကူးမွာျဖစ္တယ္လုိ႔သိရပါတယ္။အစတုန္းက စပိန္ႏုိင္ငံ၊Granada ျမိဳ႔မွာရိုက္ကူးဖုိ႔စီစဥ္ခဲ႔ေပမဲ႔ Cuba ႏုိင္ငံမွာပဲ သြားေရာက္ရုိက္ကူးျဖစ္ခဲ႔ပါတယ္။ဒီဇာတ္လမ္းတြဲကုိေတာ့ ႏုိ၀င္ဘာလထဲမွာ ထုတ္လႊင့္ျပသႏုိင္ေအာင္စီစဥ္ထားတယ္လုိ႔လည္းသိရပါတယ္။ရိုက္ကြင္းပံုရိပ္ေလးေတြၾကည့္လိုက္ပါဦး။

Unicode

ကိုယ်တွေချစ်ရတဲ့တောင်ကိုရီးယားမင်းသမီးချော Song Hye Kyo နဲ့ နှုတ်ခမ်းနီမလေးတွေသဘောကျတဲ့မင်းသားချော Park Bo Gum တို့နှစ်ယောက်အတူတွဲဖက်သရုပ်ဆောင်မယ့် Boyfriend ဇာတ်လမ်းတွဲလေးဟာစတင်အသက်ဝင်နေပါပြီ။ဒီဇာတ်လမ်းတွဲဟာ အချိန်ကာလ ၂နှစ်ကြာပြီးမှ နှစ်ယောက်လုံးရဲ့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ဇာတ်ကားဖြစ်လို့ ပရိသတ်တွေက ဒီဇာတ်လမ်းတွဲကိုကြည့်ဖို့ အားခဲထားကြပါတယ်။

tvN ရုပ်သံဌာနက ရိုက်ကူးတဲ့ Boyfriend ဇာတ်လမ်းတွဲဟာ ကွာရှင်းထားတဲ့အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ယောက်နဲ့ အသက် ၂ဝကျော်အရွယ်ငယ်ရွယ်တဲ့အမျိုးသားလေးတစ်ယောက်တို့အကြောင်းရိုက်ကူးထားတဲ့ပုံစံလေးပါ။

သာမန်ဘဝအနေအထားနဲ့အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ကောင်လေး Kim Jin Hyuk (Park Bo Gum) နဲ့နိုင်ငံရေးသမားတစ်ယောက်ရဲ့သမီး၊စီးပွားရေးလုပ်ငန်းရှင်သူဌေးနဲ့လက်ထပ်ခဲ့ရပြီး ကိုယ့်စိတ်နဲ့ကိုယ်မနေခဲ့ရတဲ့ မိန်းကလေး Cha Soo Hyun (Song Hye Kyo)၊သူမကွာရှင်းပြီးတဲ့နောက်မှာKim Jin Hyuk နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီး နှစ်ယောက်လုံးရဲ ့ဘဝဟာ ပြောင်းလဲသွားခဲ့ကြပါတယ်။ကြမ္မာအလိုကျဖြစ်ပေါ်လာခဲ့တဲ့အချစ်ဇာတ်လမ်းလှလှလေးကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ သူတို့နှစ်ယောက်ကိုစုံတွဲအဖြစ်တွဲဖက်ရိုက်ကူးစေချင်ကြတဲ့ပရိသတ်တွေရဲ ့သဘောကျဖြစ်မယ်ဆိုတာသေချာပါတယ်။

Boyfriend ဇာတ်လမ်းတွဲကို စက်တင်ဘာလတည်းမှာစတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ဆိုးလ်အပြင် ပြည်ပနိုင်ငံဖြစ်တဲ့ Cuba မှာသွားရောက်ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။အစတုန်းက စပိန်နိုင်ငံ၊Granada မြို့မှာရိုက်ကူးဖို့စီစဉ်ခဲ့ပေမဲ့ Cuba နိုင်ငံမှာပဲ သွားရောက်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲကိုတော့ နိုဝင်ဘာလထဲမှာ ထုတ်လွှင့်ပြသနိုင်အောင်စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ရိုက်ကွင်းပုံရိပ်လေးတွေကြည့်လိုက်ပါဦး။

405 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.