တစ္ခါတစ္ရံမွာကိုယ္ခ်စ္ရသူစိတ္ခ်မ္းသာဖုိ႕လမ္းခြဲေပးရတာလည္းပါရမီျဖည္႔ျခင္းတစ္မ်ိဳးပါပဲ…

ခ်စ္တယ္ဆုိတာဘာလဲ…ကိုယ္ခ်စ္တဲ႔သူကို ပိုင္ဆုိင္မွခ်စ္တယ္လုိ႕မခံယူပါနဲ႕။ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ေနျကရင္ေတာ႔ အေကာင္းဆံုးေပါ႔။ ဒါပင္မဲ႔ လူတုိင္းကကိုယ္ခ်စ္တဲ႔သူကိုရတတ္ျကတာမွမဟုတ္တာ။ေတြ႕ဆံုျကံဳကြဲဆိုတဲ႔ စကားလုိေပါ႔။ ဘယ္အရာမွျမဲတယ္မရွိတဲ႔ေလာကျကီးမွာ ဘယ္အရာမွကိုယ္ပိုင္တယ္လုိ႕ေတြးလုိ႕မရပါဘူး။ တစ္ခါတစ္ရံမွာကိုယ္ခ်စ္ရတဲ႔သူရဲ႕အခ်စ္ေတြက ကိုယ္႔ဆီမွာမရွိတဲ႔အခါ၊ ကိုယ္ခ်စ္ရသူခ်စ္တဲ႔သူကကိုယ္မဟုတ္တဲ႔အခါ၊ကိုယ္မရွိမွသူအမွန္တကယ္အဆင္ေျပမယ္ဆုိတာသိတဲ႔အခါ အျကံေပးခ်င္တာေတာ႔လမ္းခြဲေပးလုိက္ပါ။ ေျပာရက္လိုက္တာ ..ရက္စက္လုိက္တာ..ဘယ္လုိစိတ္နဲ႕စြန္႕ပစ္ရမွာလဲ လမ္းခြဲရမွာလည္း သိပ္နာက်င္ရမွာေပါ႔ ဆုိတာမ်ိဳးေတြးနုိင္ပါတယ္။
ဒါပင္မဲ႔ ေခါင္းေအးေအးထားစဥ္းစားျကည္႔ပါ။ လူတိုင္းကတစ္ေယာက္ေယာက္အေပၚကိုယ္႔ကိုယ္ကိုယ္ထက္ေတာင္ပိုခ်စ္သြားတဲ႔အခါကိုယ္႔ခံစားခ်က္ကိုယ္႔စိတ္၊ ကိုယ္႔ေပ်ာ္ရႊင္မႈထက္ သူ႕ရဲ႕ေပ်ာ္ရႊင္မႈအစစ္မွန္ကိုပဲ ပိုတန္ဖိုးထားျကတာပါ။


ကိုယ္႔နားမွာရိွိေနျပီးသူစိတ္ပင္ပန္းေနတာကိုထိုင္ျကည္႔ေနမဲ႔အစား သူစိတ္ခ်မ္းသာမဲ႔လမ္းကိုေရြးဖို႕ လမ္းဖြင္႔ေပးလုိက္တာဟာ ကိုယ္ခ်စ္ရသူအတြက္ပါရမီျဖည္႔ေပးျခင္းတစ္မ်ိဳးပါပဲ။ ပါရမီျဖည္႔တယ္ဆိုတာ တရား၀င္မိန္းမျဖစ္မွ၊ တရား၀င္ေယာက်္ားျဖစ္မွ၊လက္ရွိခ်စ္သူျဖစ္ေနမွဆိုတာမ်ိဳးမွမဟုတ္ပါဘူး။ မပိုင္ဆုိင္ရလည္းကိုယ္ခ်စ္ရသူ စိတ္ခ်မ္းသာဖို႕ကိုေရြးခ်ယ္ဖို႕ခြင္႔ေပးလုိက္တာလဲ မွန္ကန္တဲ႔ ပါရမီျဖည္႔ေပးျခင္းတစ္မ်ိဳးပါပဲ။ အစပိုင္းမွာေတာ႔ ေစာက္ရမ္းနာက်င္ရမွာပါ။ အရမ္းပင္ပန္းရမွာအခ်ိန္အကန္႕သတ္မရွိပဲ အရမ္းခံစားရမွာပါ။
ဒါပင္မဲ႔ ကိုယ္႔ရဲ႕အနစ္နာခံမႈနာက်င္မႈဟာ သူ႕အတြက္ဘယ္လုိေတာင္အဆင္ေျပေနလဲဆုိတာသင္ျမင္တဲ႔အခါ သင္လုပ္ခဲ႔တာကို ေက်နပ္ေနမိမွာပါ။ ဒီလုိဆံုးျဖတ္ခဲ႔တာသူ႕အတြက္ပင္မဲ႔ သင္႔အတြက္လည္းေကာင္းတာအေသခ်ာပါပဲ။ ကိုယ္႔ကိုအလုိမရွိသူနားတစ္သတ္လံုးထုိင္ျပီးဒုကၡခံေနရမဲ႔အစား
အေ၀းကထုိင္လြမ္းရတာ သင္႔အတြက္ပိုသက္သာေစပါတယ္။ ဒါေျကာင္႔တစ္ခ်ိဳ႕စြန္႔လႊတ္မႈေတြဟာ ေကာင္းမြန္တဲ႔ပါရမီျဖည္႔ျခင္းေတြပါပဲ…

Unicode

ချစ်တယ်ဆိုတာဘာလဲ…ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်မှချစ်တယ်လို့မခံယူပါနဲ့။ တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြရင်တော့ အကောင်းဆုံးပေါ့။ ဒါပင်မဲ့ လူတိုင်းကကိုယ်ချစ်တဲ့သူကိုရတတ်ကြတာမှမဟုတ်တာ။
တွေ့ဆုံကြုံကွဲဆိုတဲ့ စကားလိုပေါ့။ ဘယ်အရာမှမြဲတယ်မရှိတဲ့လောကကြီးမှာ ဘယ်အရာမှကိုယ်ပိုင်တယ်လို့တွေးလို့မရပါဘူး။ တစ်ခါတစ်ရံမှာကိုယ်ချစ်ရတဲ့သူရဲ့အချစ်တွေက ကိုယ့်ဆီမှာမရှိတဲ့အခါ၊ ကိုယ်ချစ်ရသူချစ်တဲ့သူကကိုယ်မဟုတ်တဲ့အခါ၊
ကိုယ်မရှိမှသူအမှန်တကယ်အဆင်ပြေမယ်ဆိုတာသိတဲ့အခါ အကြံပေးချင်တာတော့လမ်းခွဲပေးလိုက်ပါ။ ပြောရက်လိုက်တာ ..ရက်စက်လိုက်တာ..ဘယ်လိုစိတ်နဲ့စွန့်ပစ်ရမှာလဲ လမ်းခွဲရမှာလည်း သိပ်နာကျင်ရမှာပေါ့ ဆိုတာမျိုးတွေးနိုင်ပါတယ်။
ဒါပင်မဲ့ ခေါင်းအေးအေးထားစဉ်းစားကြည့်ပါ။ လူတိုင်းကတစ်ယောက်ယောက်အပေါ်ကိုယ့်ကိုယ်ကိုယ်ထက်တောင်ပိုချစ်သွားတဲ့အခါကိုယ့်ခံစားချက်ကိုယ့်စိတ်၊ ကိုယ့်ပျော်ရွှင်မှုထက် သူ့ရဲ့ပျော်ရွှင်မှုအစစ်မှန်ကိုပဲ ပိုတန်ဖိုးထားကြတာပါ။
ကိုယ့်နားမှာရှိိနေပြီးသူစိတ်ပင်ပန်းနေတာကိုထိုင်ကြည့်နေမဲ့အစား သူစိတ်ချမ်းသာမဲ့လမ်းကိုရွေးဖို့ လမ်းဖွင့်ပေးလိုက်တာဟာ ကိုယ်ချစ်ရသူအတွက်ပါရမီဖြည့်ပေးခြင်းတစ်မျိုးပါပဲ။ ပါရမီဖြည့်တယ်ဆိုတာ တရားဝင်မိန်းမဖြစ်မှ၊ တရားဝင်ယောကျ်ားဖြစ်မှ၊
လက်ရှိချစ်သူဖြစ်နေမှဆိုတာမျိုးမှမဟုတ်ပါဘူး။ မပိုင်ဆိုင်ရလည်းကိုယ်ချစ်ရသူ စိတ်ချမ်းသာဖို့ကိုရွေးချယ်ဖို့ခွင့်ပေးလိုက်တာလဲ မှန်ကန်တဲ့ ပါရမီဖြည့်ပေးခြင်းတစ်မျိုးပါပဲ။ အစပိုင်းမှာတော့ စောက်ရမ်းနာကျင်ရမှာပါ။ အရမ်းပင်ပန်းရမှာအချိန်အကန့်သတ်မရှိပဲ အရမ်းခံစားရမှာပါ။
ဒါပင်မဲ့ ကိုယ့်ရဲ့အနစ်နာခံမှုနာကျင်မှုဟာ သူ့အတွက်ဘယ်လိုတောင်အဆင်ပြေနေလဲဆိုတာသင်မြင်တဲ့အခါ သင်လုပ်ခဲ့တာကို ကျေနပ်နေမိမှာပါ။ ဒီလိုဆုံးဖြတ်ခဲ့တာသူ့အတွက်ပင်မဲ့ သင့်အတွက်လည်းကောင်းတာအသေချာပါပဲ။ ကိုယ့်ကိုအလိုမရှိသူနားတစ်သတ်လုံးထိုင်ပြီးဒုက္ခခံနေရမဲ့အစား
အဝေးကထိုင်လွမ်းရတာ သင့်အတွက်ပိုသက်သာစေပါတယ်။ ဒါကြောင့်တစ်ချို့စွန့်လွှတ်မှုတွေဟာ ကောင်းမွန်တဲ့ပါရမီဖြည့်ခြင်းတွေပါပဲ…

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.