ချဲလ်ဆီးကိုပြန်လာတာ ငွေမျက်နှာကြောင့်မဟုတ်ဘူး။ သံယောဇဉ်ရှိလို့ ၀င်ငွေလျော့ယူပြီးလာခဲ့တာပါ

news_d.jpg

အာဆင်နယ်နဲ့ ကစားမယ့်ပွဲမတိုင်ခင်မှာ ချဲလ်ဆီးနည်းပြ မော်ရင်ညိုက သူ့အနေနဲ့ အသင်းမှာ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်တာဝန်ယူခြင်းကြောင်းနဲ့ ဒီအသင်းဆီ တစ်ကျော့ပြန်ရောက်လာခဲ့ရခြင်း ဟာ ငွေကြောင့် မဟုတ်သလို အခြားကိစ္စများကြောင့်လည်း မဟုတ်ဘူးလို့ အကျယ်တ၀င့်ပြောလာခဲ့ပါပြီ။ မော်ရင်ညို ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း (၃)နှစ်ကျန်နေသေးပေမယ့်လည်း စပိန်မြေကို စွန့်ခွာပြီး အင်္ဂ လန်ကိုပြန်ရောက်လာခဲ့ခြင်းနဲ့ ပတ်သက်ပြီးတော့ အခုလိုပြောလာခဲ့ပါပဲ။ “ ကိုယ့်အတွက်ကိုယ်တွက်ခဲ့မယ်ဆို ဒီကိုရောက်လာစရာအကြောင်းမရှိပါဘူး။ ငွေကြေးပိုင်းကြောင့်လို့ပြောရင်လည်း ရီးရဲလ်မှာရနေခဲ့တာထက်ပို နည်းတဲ့ ဒီနေရာကိုရောက်လာခဲ့စရာအကြောင်းမရှိဘူး။ ဘာနေဗျုးမှာ (၃)နှစ်စာချုပ်ကျန်ခဲ့တယ်လေ။ တခြား နိုင်ငံတွေဆီကလည်း ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။ ပိုမိုလွယ်ကူပြီး အလုပ်လုပ်ရတာပို အဆင်ပြေစေမယ့်၊ သက် သာစေမယ့်နေရာတွေပေါ့။ ရီးရဲလ်က အဲဒီလိုအသင်းပဲ။ သူတို့က ကျွန်တော့ကို လမ်းခွဲတာမဟုတ်ဘူး။ ကျွန် တော်က လမ်းခွဲခဲ့တာပါ။ နောက်ပြီး ချန်ပီယံဆုကို ချိန်ရွယ်နိုင်တဲ့ အသင်းမျိုးရှိလို့လည်း ဒီကိုလာခဲ့တာမဟုတ်ပါ ဘူး။ အခွင့်အလမ်းတွေကောင်းတဲ့စာချုပ်ရခဲ့တာကြောင့်လို့ ပြောရအောင်လည်း ချဲလ်ဆီးနဲ့ချုပ်ခဲ့တဲ့စာချုပ်ဟာ ပြီးခဲ့တဲ့(၆)နှစ်အတွင်းမှာ အနိမ့်ပါးဆုံးစာချုပ်လည်းဖြစ်ပါတယ်။ ဒီအသင်းကို သံယောဇဉ်ရှိလွန်းလို့သာ ရောက် လာခဲ့တာပါ။ အဓိကအကျဆုံးကတော့ ဒီအသင်းက ကျွန်တော့ကို လိုအပ်နေတယ်ဆိုတဲ့အချက်ပါပဲ။ ဒါကိုကျွန် တော်ကြိုက်တယ်”လို့ မော်ရင်ညိုက ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.