ထိတ္လန္႔သည္းဖုိဇာတ္ကားေတြၾကိဳက္တယ္ဆုိ ဒီကားေလးအျမန္သာေျပးၾကည့္လုိက္ေတာ့…

ထိတ္လန္႔သည္းဖုိကားေတြ၊စိတၱဇဇာတ္ကားေတြၾကိဳက္ႏွစ္သက္တဲ႔ပရိသတ္ေတြအတြက္ Horror ဇာတ္ကားေလးတစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။

Lake Placid: Legacy ဆိုတဲ႔ ဇာတ္ကားေလးပါ။၂၀၁၈ ထဲမွာထြက္ရွိထားတာျဖစ္ျပီး ဒါရိုက္တာက Darrell Roodt ျဖစ္ပါတယ္။ပါ၀င္သရုပ္ေဆာင္ထားတဲ႔အႏုပညာရွင္ေတြကေတာ့ Katherine Barrell ၊ Tim Rozon ၊ Sai Bennett နဲ႔ Joe Pantoliano ၊ တုိ႔ပါ။ေနာက္ထပ္အႏုပညာရွင္မ်ားစြာလည္း ပါ၀င္အားျဖည့္ထားပါေသးတယ္။

ဇာတ္လမ္းအက်ဥ္းေလးက အသစ္အဆန္းေတြကုိ စူးစမ္းေလ့လာရတာ၊ရွာေဖြရတာစိတ္အားထက္သန္တဲ႔လူငယ္အုပ္စုတစ္စုဟာ ေျမပံုထဲမွာ၊GPS စနစ္မွာေတာင္မပါတဲ႔နယ္ေျမတစ္ခုကုိ ရွာေဖြေတြ႔သြားခဲ့ပါတယ္။သူတုိ႔ဟာ တည္ေနရာအတိအက်ဘယ္သူမွမသိတဲ႔ေနရာကုိ သြားဖုိ႔ဆံုးျဖတ္ခဲ႔ၾကျပီး အဲ႔ဒီကုိေရာက္တဲ႔အခါစြန္႔ပစ္ထားတဲ႔ျမိဳ႔တစ္ျမိဳ႔ကုိေတြ႔ရွိလာခဲ႔ရပါတယ္။အဲ႔ဒီစြန္႔ပစ္ခံျမိဳ႔မွာ သူတုိ႔ဘာေတြေတြ႔ၾကံဳရမလဲ?ဒီေနရာကုိေရာက္လာရတဲ႔အဓိကအေၾကာင္းရင္းကေရာ ဘာလဲ?
သူတုိ႔ေတြ႔ခဲ႔တဲ႔ျမိဳ႔က ဘယ္လုိအေၾကာင္းအရာေတြေၾကာင့္စြန္႔ပစ္ခံျဖစ္သြားရတာလဲ?ထိတ္လန္႔စရာေတြ၊မယံုႏုိင္စရာအျဖစ္အပ်က္ေတြနဲ႔ျပည့္ႏွက္ေနတဲ႔ဒီေနရာမွာလူငယ္အုပ္စုတစ္စု အႏၱရာယ္ေတြကုိ ေကာင္းေကာင္းေက်ာ္ျဖတ္ႏုိင္ပါ့မလားဆုိတာ စိတ္၀င္စားမႈအျပည့္နဲ႔ၾကည့္ရႈရမွာပဲျဖစ္ပါတယ္။

အခ်ိန္ေပးရတာတန္္တဲ႔ဇာတ္ကားေကာင္းေလးျဖစ္တာေၾကာင့္လက္မလႊတ္တမ္းၾကည့္လုိက္ပါဦးေနာ္။Trailer ေလးလညး္ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

ထိတ်လန့်သည်းဖိုကားတွေ၊စိတ္တဇဇာတ်ကားတွေကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် Horror ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Lake Placid: Legacy ဆိုတဲ့ ဇာတ်ကားလေးပါ။၂၀၁၈ ထဲမှာထွက်ရှိထားတာဖြစ်ပြီး ဒါရိုက်တာက Darrell Roodt ဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားတဲ့အနုပညာရှင်တွေကတော့ Katherine Barrell ၊ Tim Rozon ၊ Sai Bennett နဲ့ Joe Pantoliano ၊ တို့ပါ။နောက်ထပ်အနုပညာရှင်များစွာလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။

ဇာတ်လမ်းအကျဉ်းလေးက အသစ်အဆန်းတွေကို စူးစမ်းလေ့လာရတာ၊ရှာဖွေရတာစိတ်အားထက်သန်တဲ့လူငယ်အုပ်စုတစ်စုဟာ မြေပုံထဲမှာ၊GPS စနစ်မှာတောင်မပါတဲ့နယ်မြေတစ်ခုကို ရှာဖွေတွေ့သွားခဲ့ပါတယ်။သူတို့ဟာ တည်နေရာအတိအကျဘယ်သူမှမသိတဲ့နေရာကို သွားဖို့ဆုံးဖြတ်ခဲ့ကြပြီး အဲ့ဒီကိုရောက်တဲ့အခါစွန့်ပစ်ထားတဲ့မြို့တစ်မြို့ကိုတွေ့ရှိလာခဲ့ရပါတယ်။အဲ့ဒီစွန့်ပစ်ခံမြို့မှာ သူတို့ဘာတွေတွေ့ကြုံရမလဲ?ဒီနေရာကိုရောက်လာရတဲ့အဓိကအကြောင်းရင်းကရော ဘာလဲ?
သူတို့တွေ့ခဲ့တဲ့မြို့က ဘယ်လိုအကြောင်းအရာတွေကြောင့်စွန့်ပစ်ခံဖြစ်သွားရတာလဲ?ထိတ်လန့်စရာတွေ၊မယုံနိုင်စရာအဖြစ်အပျက်တွေနဲ့ပြည့်နှက်နေတဲ့ဒီနေရာမှာလူငယ်အုပ်စုတစ်စု အန္တရာယ်တွေကို ကောင်းကောင်းကျော်ဖြတ်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားမှုအပြည့်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

အချိန်ပေးရတာတန််တဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်လက်မလွှတ်တမ်းကြည့်လိုက်ပါဦးနော်။Trailer လေးလညး်ဖော်ပြပေးလိုက်ပါတယ်။

 

129 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.