လွန်ခဲ့တဲ့ ၉နှစ်က လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့မှုနဲ့ အမှုဖွင့်ခံနေရတဲ့ Cristiano Ronaldo




https://www.youtube.com/watch?v=1IlTcntDaME






Unicode

နာမည်ကျော်ဘောလုံးစတား Cristiano Ronaldo ဟာ ၂၀၀၉ခုနှစ်တုန်းက အမေရိကန်အမျိုးသမီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့ဖူးတယ်လို့မီဒီယာတွေမှာသတင်းပျံ့နှံ့နေပြီး ထိုအမျိုးသမီးရဲ ့အမှုပြန်လည်ဖွင့်ဆိုမှုကြောင့် တရားရင်ဆိုင်နေရတယ်လို့သိရပါတယ်။

Las Vegas ကရဲအရာရှိတွေဟာ မော်ဒယ်လ် Kathryn Mayorga ရဲ ့အမှုတိုင်ကြားမှုကြောင့် ပေါ်တူဂီစတား Ronaldo ကို အမှုပြန်လည်ဖွင့်ဆိုခဲ့တာပဲဖြစ်ပါတယ်။Mayorga ရဲ့ပြောပြချက်အရလွန်ခဲ့တဲ့ ၉နှစ်က Ronaldo ဟာ သူမကို Palms Casino Resort ဟိုတယ်မှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုပြုခဲ့တယ်လို့သိရပြီး သူမက အဲ့ဒီလိုမလုပ်ဖို့ငြင်းဆိုတားမြစ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာ Ronaldo က သူဟာ အရင်တုန်းကဒီလိုအပြုအမူမျိုးလုပ်လေ့မရှိပါဘူး၊လူကြီးလူကောင်းမဆန်သလိုဖြစ်သွားတယ်လို့ပြောကာ တောင်းပန်ခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကို သိပ်မကြာခင်ရက်ပိုင်းကမှ Mayorga က Der Spiegel magazine အင်တာဗျူးမှာ ပထမဆုံးအကြိမ် ဖွင့်ဟပြောသွားခဲ့တာဖြစ်ပါတယ်။

အမှုကိုပြန်လည်ဖွင့်ဆိုခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်က Las Vegas မြို့ Sin City nightclub မှာ Ronaldo နဲ့ Kathryn Mayorga တို့နှစ်ယောက် အတူကနေတဲ့ဗီဒီယိုဟာ ထွက်ပေါ်လာခဲ့ပါတယ်။ဒါ့အပြင် အဲ့ဒီအဖြစ်အပျက်အပြီးမှာ Mayorga က အမှုဖွင့်တိုင်ကြားခဲ့ပြီး ၂၀၁၀ မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြားသတင်းမထွက်ဖို့ $375,000 (£288,000) ငွေကြေးနဲ့ အပြန်အလှန်သဘောတူညီချက် ရှိခဲ့တယ်လို့လည်းသတင်းထွက်လာခဲ့ပါတယ်။

Las Vegas က ရဲအရာရှိတွေက ၂၀၀၉ ဇွန်လတုန်းက အမှုကိုပြန်လည်စစ်ဆေးကြည့်ခဲ့ပြီးပြီလို့သိရပြီး အဲ့ဒီအချိန်တုန်းက လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရသူဘက်က အမှုဖြစ်ပွားတဲ့နေရာ၊သံသယရှိစရာအချက်အလက်တွေကိုသေချာဖော်ပြခဲ့ခြင်းမရှိဘူးလို့ ပြောပြခဲ့ပါတယ်။၂၀၁၈ စက်တင်ဘာလက ဒီအမှုကိုပြန်လည်ဖွင့်ဆိုခဲ့တာဖြစ်ပြီး ထွက်ပေါ်လာတဲ့သက်သေအချက်အလက်တွေ၊ခုခံမှုတွေအရ ပြန်လည်စစ်ဆေးသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Ronaldo ကတော့ “ဒါတွေက သူ့ရဲ့ နာမည်ကိုသုံးပြီးနာမည်ကြီးချင်ကြတဲ့သူတွေရဲ ့သတင်းအတုတွေပါ”လို့အခိုင်အမာပြောခဲ့ပါတယ်။ပြီးတော့ ဒီစွပ်စွဲချက်တွေစတင်ပျံ့နှံ့လာစေခဲ့တဲ့ Germany’s Der Spiegel magazine ကိုလည်းတရားစွဲဆိုသွားမှာဖြစ်တဲ့အကြောင်း Ronaldo ရဲ ့ရှေ့နေတွေက ပြောလာခဲ့ပါတယ်။

အမေရိကန်ပြည်နယ် Nevada မြို့မှာ ဒီလိုလိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊အနိုင်ကျင့်ခံရမှုဟာ လွန်ခဲ့တဲ့ ၉နှစ်ကျော်ကဖြစ်ပွားခဲ့တာဆိုပေမဲ့ ဘယ်အချိန်မှာမဆို အမှုပြန်လည်ဖွင့်ဆိုနိုင်တဲ့ဥပဒေသတ်မှတ်ချက်ရှိပါတယ်။ဒီအမှုကိုပြန်လည်ဖွင့်ဆိုရတာနဲ့ပတ်သက်ပြီး Mayorga က “သူမရဲ ့အမှုက တစ်ခြားသူတွေအပေါ်လည်းတွန်းအားတစ်ခုဖြစ်စေနိုင်ဖို့မျှော်လင့်ပါတယ်။ဘယ်လောက်ပဲချမ်းသာပါစေ နာမည်ကြီးပါစေ ဘယ်လောက်ပဲ အင်အားကြီးပါစေ ပြန်ပြီးတိုက်ခိုက်နိုင်ဖို့ခွန်အားပေးချင်တဲ့ရည်ရွယ်ချက်မျိုးလည်းရှိပါတယ်”လို့ပြောခဲ့ပါတယ်။

The Sun မီဒီယာကနေ စတင်ဖော်ပြခဲ့တဲ့သတင်းဖြစ်ပြီး နောက်ထပ်ဘယ်လိုချေပချက်တွေ၊တုံ့ပြန်မှုတွေထွက်လာဦးမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါပဲ။

Reference:The Sun/BBC News

189 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.