အသက္ ၃၃ႏွစ္ျပည့္သြားျပီျဖစ္တဲ႔ မင္းသမီးေခ်ာေလး Yoon Eun Hye

ဒီေန႔ ေအာက္တိုဘာ ၃ရက္ေန႔ဟာ ပရိသတ္ေတြနဲ႔ကာလအေတာ္ၾကာေ၀းကြာေနခဲ႔တဲ႔ မင္းသမီးေခ်ာေလး Yoon Eun Hye ရဲ ႔ေမြးေန႔ရက္ျမတ္ေလးျဖစ္ပါတယ္။အရြယ္နဲ႔မလိုက္ေအာင္ႏုပ်ိဳလွပလြန္းတဲ႔သူမဟာ ဒီေန႔မွာေတာ့ အသက္ ၃၃ႏွစ္ျပည့္သြားပါျပီ။

Yoon Eun-hye ကုိ မင္းသမီးတစ္လက္အျဖစ္ပရိသတ္ေတြက ခ်စ္ခင္ၾကသလုိ အဆုိေတာ္၊ေမာ္ဒယ္လ္အျဖစ္လည္း အသိမ်ားပါတယ္။Eun-hye ဟာ သရုပ္ေဆာင္ေလာကထဲကုိ ၂၀၀၆ခုႏွစ္ကစတင္၀င္ေရာက္ခဲ႔တာျဖစ္ျပီး Princess Hours (2006) ၊ The Vineyard Man (2006) ၊ The 1st Shop of Coffee Prince (2007) ၊ My Fair Lady (2009) ၊Missing You (2012) စတဲ႔ဇာတ္လမ္းတြဲေတြနဲ႔ ပရိသတ္ေတြရဲ ႔ခ်စ္ခင္အားေပးမႈကုိရရွိလာခဲ႔တာျဖစ္ပါတယ္။သူမရဲ႔ပြဲဦးထြက္အႏုပညာလႈပ္ရွားမႈက Baby Vox မိန္းကေလးအဆိုေတာ္အဖြဲ႔၀င္တစ္ေယာက္အျဖစ္ပါ။

သူမကုိခ်စ္ခင္ၾကတဲ႔ပရိသတ္ေတြရွိေပမဲ႔အႏုပညာေလာကထဲမွာ သူမဟာ ေ၀ဖန္မႈေတြအရဆံုးမင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။၂၀၀၉ ခုနွစ္ကရုိက္ကူးခဲ႔တဲ႔ My Fair Lady ဇာတ္ကားဟာ အတန္အသင့္ေအာင္ျမင္မႈရခဲ႔ေပမဲ႔ သူမရဲ ႔သရုပ္ေဆာင္မႈနဲ႔ပတ္သက္ျပီးေ၀ဖန္မႈေတြအမ်ားၾကီးရရွိခဲ႔ပါတယ္။ Missing You ဇာတ္ကားထြက္ရွိျပီးတဲ႔ေနာက္မွာလည္း ေ၀ဖန္ခံခဲ႔ရေသးတယ္လုိ႔သိရပါတယ္။ေနာက္ပုိင္းမွာ သူမကုိ ရုပ္ရွင္ဇာတ္လမ္းတြဲေတြမွာသိပ္မေတြ႔ရေတာ့ေပမဲ႔ ဇာတ္လမ္းတုိေတြ၊ပရုိဂရမ္ေတြမွာေတာ့ ပါ၀င္တာေတြ႔ခဲ႔ရပါတယ္။

၂၀၁၃ မွာ Marry Him If You Dare ဇာတ္လမ္းတြဲရိုက္ကူးခဲ႔ျပီးေနာက္ပုိင္း ဇာတ္လမ္းတြဲရိုက္ကူးမႈေတြမရွိခဲ႔ပါဘူး။သိပ္မၾကာခင္ကေတာ ့သူမကုိခ်စ္ၾကတဲ႔၊သူမကုိေစာင့္ေမ်ွာ္ေနၾကတဲ႔ပရိသတ္ေတြအတြက္၀မ္းသာစရာသတင္းေကာင္းေလးရွိလာခဲ႔ပါတယ္။အဲ့ဒါကေတာ့ ၅ႏွစ္ၾကာတီဗီဖန္သားျပင္နဲ႔ေ၀းကြာခဲ႔ျပီး ပထမဆံုးအၾကိမ္ သူမကုိ Fluttering Warning ဆုိတဲ႔အခ်စ္ဟာသဇာတ္လမ္းတြဲေလးမွာ ျပန္လည္ျမင္ေတြ႔ရေတာ့မွာျဖစ္ပါတယ္။

ဒီေန႔ကေတာ့ သူမရဲ ႔ေမြးေန႔ေလးျဖစ္လုိ႔ ပရိသတ္ေတြလည္းသူမအတြက္ ေမြးေန႔ဆုေတာင္းစကားေလးေတြေျပာေပးခဲ႔ဦးေနာ္။

Unicode

ဒီနေ့ အောက်တိုဘာ ၃ရက်နေ့ဟာ ပရိသတ်တွေနဲ့ကာလအတော်ကြာဝေးကွာနေခဲ့တဲ့ မင်းသမီးချောလေး Yoon Eun-hye ရဲ ့မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။အရွယ်နဲ့မလိုက်အောင်နုပျိုလှပလွန်းတဲ့သူမဟာ ဒီနေ့မှာတော့ အသက် ၃၃နှစ်ပြည့်သွားပါပြီ။

Yoon Eun-hye ကို မင်းသမီးတစ်လက်အဖြစ်ပရိသတ်တွေက ချစ်ခင်ကြသလို အဆိုတော်၊မော်ဒယ်လ်အဖြစ်လည်း အသိများပါတယ်။Eun-hye ဟာ သရုပ်ဆောင်လောကထဲကို ၂၀၀၆ခုနှစ်ကစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး Princess Hours (2006) ၊ The Vineyard Man (2006) ၊ The 1st Shop of Coffee Prince (2007) ၊ My Fair Lady (2009) ၊Missing You (2012) စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ ့ချစ်ခင်အားပေးမှုကိုရရှိလာခဲ့တာဖြစ်ပါတယ်။သူမရဲ့ပွဲဦးထွက်အနုပညာလှုပ်ရှားမှုက Baby Vox မိန်းကလေးအဆိုတော်အဖွဲ့ဝင်တစ်ယောက်အဖြစ်ပါ။

သူမကိုချစ်ခင်ကြတဲ့ပရိသတ်တွေရှိပေမဲ့အနုပညာလောကထဲမှာ သူမဟာ ဝေဖန်မှုတွေအရဆုံးမင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။၂၀၀၉ ခုနှစ်ကရိုက်ကူးခဲ့တဲ့ My Fair Lady ဇာတ်ကားဟာ အတန်အသင့်အောင်မြင်မှုရခဲ့ပေမဲ့ သူမရဲ ့သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများကြီးရရှိခဲ့ပါတယ်။ Missing You ဇာတ်ကားထွက်ရှိပြီးတဲ့နောက်မှာလည်း ဝေဖန်ခံခဲ့ရသေးတယ်လို့သိရပါတယ်။နောက်ပိုင်းမှာ သူမကို ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာသိပ်မတွေ့ရတော့ပေမဲ့ ဇာတ်လမ်းတိုတွေ၊ပရိုဂရမ်တွေမှာတော့ ပါဝင်တာတွေ့ခဲ့ရပါတယ်။

၂၀၁၃ မှာ Marry Him If You Dare ဇာတ်လမ်းတွဲရိုက်ကူးခဲ့ပြီးနောက်ပိုင်း ဇာတ်လမ်းတွဲရိုက်ကူးမှုတွေမရှိခဲ့ပါဘူး။သိပ်မကြာခင်ကတော ့သူမကိုချစ်ကြတဲ့၊သူမကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေအတွက်ဝမ်းသာစရာသတင်းကောင်းလေးရှိလာခဲ့ပါတယ်။အဲ့ဒါကတော့ ၅နှစ်ကြာတီဗီဖန်သားပြင်နဲ့ဝေးကွာခဲ့ပြီး ပထမဆုံးအကြိမ် သူမကို Fluttering Warning ဆိုတဲ့အချစ်ဟာသဇာတ်လမ်းတွဲလေးမှာ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဒီနေ့ကတော့ သူမရဲ ့မွေးနေ့လေးဖြစ်လို့ ပရိသတ်တွေလည်းသူမအတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ဦးနော်။

345 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.