ဒီလိုအရာတွေက အမြင်အာရုံကို ဆိုးဝါးစွာထိခိုက်ပျက်စီးစေတယ်ဆိုတာ…
Frightened child closed his hands over eyes and crying.
Unicode
မျက်စိဆိုတာလူတိုင်းရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုပါပဲ။ ဆက်ဆက်ထိမခံထိန်းနိုင်သိမ်းနိုင်ဖို့လည်းလိုအပ်ပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ မျက်လုံးအမြင်အာရုံတွေကို လွယ်လွယ်နဲ့ဆုံးရှုံးမှုမဖြစ်စေဖို့ဘယ်လိုဆောင်ရန်ရှောင်ရန်လေးတွေကိုသိသင့်သလဲဆိုတာ…
(၁) မျက်လုံးနဲ့ပတ်သတ်တဲ့ Cosmetic ပစ္စည်းတွေကို အချိန်ကြာကြာကြီးသုံးစွဲခြင်း
မျက်လုံးနဲ့ပတ်သတ်တဲ့ Cosmetic တွေကို သုံးတဲ့အခါ အချိန်ကြာကြီးသုံးတာမျိုးမလုပ်ပဲ အများဆုံးသုံးလလောက်သုံးပြီးမကုန်လည်းအသစ်ဝယ်ဖို့မနှမြောပါနဲ့။ဒီလို ကြာရှည်ထားပြီးမသန့်ရှင်းတဲ့အရာတွေကြောင့် မျက်လုံးကိုများစွာထိခိုက်စေနိုင်ပါတယ်။
(၂) မျက်စဉ်းကို ဆရာဝန်ညွှန်ကြားချက်မရှိပဲ အဆင်ပြေသလိုတွေ့ရာကောက်ခတ်ခြင်း
အလကားနေမျက်စဉ်းခတ်တာမျိုးမလုပ်ပါနဲ့။ မျက်စဉ်းဆိုတာအလကားနေခတ်တိုင်းလည်းကောင်းတဲ့အရာမျိုးမဟုတ်ပါဘူး။ ကိုယ့်မျက်လုံးနဲ့ပတ်သတ်လာရင်ဆရာဝန်ကိုဦးစွာပြောကြားပြီးမှခတ်လို့ပြောမှခတ်တာအကောင်းဆုံးပါပဲ။
(၃) ရေလုံလောက်စွာသောက်သုံးခြင်းမရှိခြင်း
ရေလုံလောက်စွာမသောက်ခြင်းကသင့်မျက်လုံး ကိုဆိုးဝါးစွာထိခို်က်စေနိုင်တယ်ဆိုတာကိုသတိမမေ့ပါနဲ့။ မျက်လုံးကျန်းမာကောင်းမွန်ဖို့အတွက်လည်း ရေဓာတ်ကြီးကလုံးဝကိုလိုအပ်ပါတယ်။
(၄) အိပ်ချိန်မမှန်ခြင်း(အိပ်ရေးမဝခြင်း)
အိပ်ရေးမဝခြင်း အိပ်ချိန်မမှန်ခြင်းက မျက်လုံးကိုဆိုးဝါးစွာထိခိုက်စေပါတယ်။
(၅) စာဖတ်ချိန်(သို့) ဖုန်းသုံးချိန်မှာ မျက်လုံးနှင့်အရမ်းကပ်ကြည့်ခြင်း
စာဖတ်ချိန်ဖုန်းကြည့်ချိန်မှာ မျက်လုံးနဲ့အရမ်းကြီးကပ်ကြည့်တာမျိုးကိုရှောင်ပြီး သင့်တော်တဲ့အကွာအဝေးကနေကြည့်ပါ။
(၆) မျက်လုံးကိုတစ်အားပွက်တတ်ခြင်း
မျက်လုံးကို ယားလို့ဆိုပြီးတစ်အားပွက်တာမျိုးတွေမလုပ်ပါနဲ့။
(၇) မျက်ကပ်မှန်မချွတ်ပဲအိပ်မိခြင်း
မျက်ကပ်မှန်ကိုမချွတ်ပဲအိပ်စက်တာမျိုးယောင်လို့တောင်မလုပ်မိပါစေနဲ့။ တကယ်ကိုဆိုးဝါးပြီးမျက်လုံးကိုထိခိုက်စေတာမလို့ မမေ့မလျော့ပဲ မျက်ကပ်မှန်ကိုချွတ်ဖြစ်အောင်ချွတ်ပြီးမှအိပ်သင့်ပါတယ်။
241 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.