ပြင်သစ်လီဂူးပွဲစဉ်(၁၉)အဖြစ် ဒီနေ့မနက်အစောပိုင်းမှာ ဇယားထိပ်ဆုံးမှာ ဦးဆောင်လျက်ရှိတဲ့ ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာ လိုင်လီအသင်းကို ဧည့်ခံကစားသွားခဲ့ရာမှာ တစ်ဖက်(၂)ဂိုးစီ သရေကျသွားခဲ့တာကြောင့် ဒုတိယ နေရာက မိုနာကိုအသင်းကို(၅)မှတ်ဖြတ်နိုင်မယ့် အခွင့်အရေးလက်လွတ်လိုက်ရပြီဖြစ်ပါတယ်။ ဒီပွဲမှာ ပီအက်စ် ဂျီအတွက် အီဗရာဟီမိုဗစ်ခ်ျက (၃၆)မိနစ်မှာ အဖွင့်ဂိုးသွင်းပေးခဲ့ပေမယ့်လည်း ဧည့်သည်အသင်း အံ့အားသင့်စ ရာကောင်းလောက်အောင် တုန့်ပြန်ကစားသွားခဲ့ကာ (၄၄)မိနစ်မှာ အမ်ဗူဘာ၊ (၅၃)မိနစ်မှာ ဆော်လ်မွန်ကာလူး တို့က တစ်ဂိုးစီသွင်းခဲ့ကြပါတယ်။ အရှုံးတွေ့သွားချိန်မှ အိမ်ရှင်အသင်း အသည်းအသန်ပြန်လည်တိုက်စစ်ဆင်ခဲ့ ရပြီး (၇၂)မိနစ်အရောက်မှာ လိုင်လီနောက်ခံလူ ဘက်ဆာရဲ့ လက်ဆောင်ဂိုးကြောင့်သာ သရေတစ်မှတ်ရခဲ့ပြီး အိမ်ကွင်းမှာ အရှက်မကွဲခဲ့တာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာတော့ ပီအက်စ်ဂျီနည်းပြ လောရင့်ဘလန့်က အသင်းသား များအပေါ် သတိပေးစကားများအခုလိုပြောလာခဲ့တာဖြစ်ပါတယ်။
“ဒီပွဲအပြီးမှာ နောင်တ၊ ကျေနပ်မှုတွေ ရောနေခဲ့ပါတယ်။ ပထမပိုင်းအပြီးအထိ ဦးဆောင်ဂိုးကိုမထိန်းနိုင်ခဲ့တာ ကို နောင်တရမိပြီး အသင်းရဲ့ တစ်ပွဲလုံးကစားပုံကို ခြုံပြောရရင်တော့ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် ရလဒ်ကို တော့ မကျေနပ်ပါဘူး။ ပြောချင်တာတစ်ခုက ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ဟာ မိုဗစ်ခ်ျနဲ့ ကာဗန်နီတို့နှစ်ဦး တည်းအပေါ်မှာ မှီခိုနေရတာမဟုတ်တာကိုပါပဲ။ အားလုံုံးက လုံလုံလောက်လောက်နဲ့ ထိထိရောက်ရောက်က စားကြဖို့လိုပါတယ်။ ဒီနေ့ကစားသွားတာထက် ပိုကောင်းအောင်ကစားနိုင်တဲ့သူတွေ အသင်းမှာအများကြီးရှိပါ တယ်”လို့ ပီအက်စ်ဂျီနည်းပြ လောရင့်ဘလန့်က ပြောခဲ့ပါတယ်။