ခ်စ္သူမိန္းကေလးေတြေမးေလ့ရွိတဲ႔ဒီေမးခြန္းေတြက သူတုိ႔အတြက္ အင္မတန္ေခါင္းစားရသတဲ႔

ယူတုိ႔ရဲ႔ခ်စ္သူေကာင္ေလးေတြကုိ ဒီေမးခြန္းေတြထဲက တစ္ခုေတာ့ေသခ်ာေပါက္ေမးဖူးၾကမွာပါပဲ။ဒီေမးခြန္းေတြကုိ မိန္းကေလးတုိင္းလုိလုိက ေမးခ်င္ၾကေပမဲ႔၊အေျဖသိခ်င္ၾကေပမဲ႔ ေယာက်္ားေလးေတြအတြက္ ဒီေမးခြန္းေတြက အေတာ္ၾကီးေခါင္းစားရပါတယ္တဲ႔။မိန္းကေလးေတြေမးတတ္ၾကတဲ႔ေမးခြန္းေလးေတြ…

*ငါ၀ေနလား??
ဒီေမးခြန္းကုိ မိန္းကေလးအမ်ားစုက သူတုိ႔ရဲ႔ခ်စ္သူေကာင္ေလးေတြကုိ ေမးတတ္ၾကပါတယ္။ဒီေမးခြန္းေမးလိုက္ျပီဆုိယူတုိ႔ရဲ႔ေကာင္ေလးေခါင္းရႈပ္သြားပါျပီ။အမွန္အတိုင္းေျဖရမွာလား၊စိတ္မဆုိးေအာင္ေျဖရမွာလား၊စိတ္ေက်နပ္ေအာင္ေျဖရမွာလားေတြးေနရတာနဲ႔ ခ်က္ခ်င္းေျဖႏုိင္မွာမဟုတ္ပါဘူး။သူတုိ႔ဘာျဖစ္ျဖစ္သင္က ရစ္ဦးမယ္ဆုိတာလည္းသိေနၾကပါတယ္။ဒါေပမဲ႔အမ်ားစုကေတာ့ ေမးတဲ့သူစိတ္ခ်မ္းသာေအာင္ ၾကည့္က်က္ေျဖတတ္ၾကပါတယ္။

*အဲ႔မိန္းကေလး ငါ့ထက္လွလား?
ဒီေမးခြန္းရဲ႔အေျဖကုိလည္း မိန္းကေလးေတြကသိခ်င္ၾကပါေသးတယ္။ကုိယ့္ခ်စ္သူရဲ႔မ်က္စိထဲမွာအလွဆံုးျဖစ္ခ်င္ၾကျပီး သူတုိ႔ခ်စ္သူဆီက ကုိယ္အလွဆံုးဆုိတဲ႔အေျဖကုိၾကားခ်င္ၾကတာပါ။ဒါေပမဲ႔ ကုိယ့္ထက္လွတယ္ဆုိတာ ကုိယ္လည္းသိေန၊သူလည္းသိမွာေသခ်ာေနတဲ႔မိန္းကေလးနဲ႔ ဘယ္သူပုိလွလဲေမးမိရင္ ေခါင္းစားတာပါပဲ။အမွန္အတုိင္းေျဖရင္လည္းစိတ္ဆုိးဦးမယ္။စိတ္ခ်မ္းသာေအာင္ေျပာေတာ့လည္းညာေျပာတယ္ဆုိျပီးစိတ္ဆုိးနဲ႔။ကဲ မခက္ဘူးလား ယူတုိ႔မိန္းကေလးေတြ…။တစ္ခုုသိထားဖုိ႔ကသူတုိ႔သာသင့္ထက္ပုိလွတာ သေဘာက်ရင္ သင့္ကုိေရြးခ်ယ္ခဲ႔မွာမဟုတ္ပါဘူး။သင္မဟုတ္တဲ႔တစ္ျခားတစ္ေယာက္က သူတုိ႔မ်က္စိထဲပုိလွရင္လွမယ္။ဒါေပမဲ႔ သူတုိ႔ရဲ႔အခ်စ္က သင့္ဆီမွာပါပဲ။

*ဘာေတြစဥ္းစားေနတာလဲ?
ကုိယ့္ခ်စ္သူက ျငိမ္ျငိမ္ေလးထုိင္ျပီးေတြးေနမယ္။ဒါကုိလည္း မိန္းကေလးေတြက သူတုိ႔ဘာစဥ္းစားေနလဲ၊ဘာအေၾကာင္းေတြ ေတြးေနလဲသိခ်င္ၾကပါေသးတယ္။အ့ဲဒီေတာ့ ေမးမိေရာ။ကုိယ္ေမးလုိက္တဲ႔အခါ သင္နဲ႔ပတ္သက္တဲ႔တစ္ခုခုစဥ္းစားေနတာ၊အလုပ္အေၾကာင္းစဥ္းစားေနတာ တစ္ခုခုေျဖရင္ေျဖမယ္။ဒါမွမဟုတ္ ဘာမွမစဥ္းစားဘူးေျပာရင္ေျပာမယ္။ဒါကုိ သင္က မေျပာျပရေကာင္းလားဆုိျပီး သြားျပီးစိတ္မဆုိးပါနဲ႔။အေတြးကအစ လုိက္ျပီးသိခ်င္ေနမယ္။ရစ္ေနမယ္ဆုိရင္ ဒီအခ်စ္ေရးမွာအဖုအထစ္ျဖစ္လာႏုိင္ပါတယ္။သူတုိ႔ရဲ ႔ကုိယ္ပုိင္အေတြးေတြကုိေတာ့ လြတ္လပ္ခြင့္ေပးလိုက္ပါ။

*ငါ့ကုိခ်စ္လား?
မိန္းကေလးေတြကသူတုိ႔ကုိခ်စ္တယ္လုိ႔ေျပာရင္ေတာင္ ထပ္ထပ္ေမးၾကတာပါ။ခ်စ္လား၊ဘာလို႔ခ်စ္တာလဲစသျဖင့္ေပါ။ဒါေပမဲ႔ ဒီေမးခြန္းက သူတုိ႔အခ်စ္ကုိမယံုၾကည္ဘူးဆုိတဲ႔သေဘာသက္ေရာက္ေနသလို သူတုိ႔အေနနဲ႔ကလည္းခ်စ္တယ္ဆုိတာထက္ပုိျပီးေျပာစရာမရွိပါဘူး။သင့္ကုိခ်စ္လို႔ပဲ ခ်စ္သူေတြျဖစ္ခဲ့ျပီမဟုတ္လား။ခဏခဏ ေမးျမန္းတာက ျပႆနာျဖစ္ေစႏုိင္တယ္ဆုိတာသတိျပဳပါ။

*ဘယ္တုန္းကစခ်စ္တာလဲ?
ဒီေမးခြန္းကလည္းသူတုိ႔အတြက္ရႈပ္ေထြးပါတယ္။ဘာလု႔ိလဲဆုိေတာ့ မိန္းကေလးေတြကသာ ခ်စ္သူျဖစ္တဲ႔ေန႔ေတြ၊အခ်ိန္ေတြ၊အမွတ္တရေတြ မွတ္ထားတတ္ၾကျပီး ေယာက်္ားေလးအနည္းစုကသာ ဒါေတြကိုမွတ္ထားတတ္ပါတယ္။အလြန္ဆံုးသတိရရင္ ခ်စ္သူစျဖစ္တဲ႔ေန႔ပါပဲ။ကုိယ့္ကုိဘယ္အခိ်န္စခ်စ္တာလဲ၊ဘယ္တုန္းကခ်စ္သြားတာလဲဆုိတဲ႔ေမးခြန္းက်ေတာ့ နည္းနည္းခက္ခဲသြားပါျပီ။ေပါ့ေပါ့တန္တန္ေျဖလိုက္ရင္လည္း အေလးမထားဘူးလုိ႔စိတ္ဆုိးခံရမွာျဖစ္သလို အမွန္အတိုင္းေျပာျပရင္ေတာင္ အဲ႔ဒီအခ်ိန္နဲ႔ဆက္စပ္ပတ္သက္ျပီး သူတုိ႔က ေတြးဦးမွာပါ။ဥပမာ ကုိယ္အရမ္းလွေနတဲ႔ေန႔က သတိထားၾကည့္မိျပီးခ်စ္မိသြားတာလို႔ေျဖရင္ကုိယ္မလွဘူးဆုိရင္ ခ်စ္မိမွာမဟုတ္ဘူးေပါ့လို႔ ျပန္ရစ္ၾကဦးမွာပါ။

ဒီေမးခြန္းေတြက စိတ္အေႏွာင့္အယွက္ျဖစ္သြားေစမယ့္ေမးခြန္းေတြျဖစ္သလုိ ေျဖတတ္ရင္ေျဖတတ္သလို ၾကည္ႏူးစရာေကာင္းတဲ႔ေမးခြန္းေတြပါ။ဒါေပမဲ႔ေလ့လာခ်က္ေတြအရ ေယာက်္ားေလးေတြကေတာ ့ဒီေမးခြန္းေတြနဲ႔ပတ္သက္ျပီး အေတာ္ေလးေခါင္းစားရပါတယ္တဲ႔။ဒီေတာ့ ကုိယ္ေမးခ်င္ရင္ေတာင္ ကိုယ့္အခ်စ္ေရးကုိမထိခုိက္ေစတဲ႔ေမးခြန္းေလးေတြေမးပါ။ေမးတုန္းကေမးျပီး သူတုိ႔ျပန္ေျဖေတာ့မွ ကုိယ္လည္းစိတ္မညစ္ရ၊စိတ္မေကာင္းျဖစ္ရ၊စိတ္ဆုိးရတာမ်ိဳးမျဖစ္ပါေစနဲ႔။

Unicode

ယူတို့ရဲ့ချစ်သူကောင်လေးတွေကို ဒီမေးခွန်းတွေထဲက တစ်ခုတော့သေချာပေါက်မေးဖူးကြမှာပါပဲ။ဒီမေးခွန်းတွေကို မိန်းကလေးတိုင်းလိုလိုက မေးချင်ကြပေမဲ့၊အဖြေသိချင်ကြပေမဲ့ ယောကျ်ားလေးတွေအတွက် ဒီမေးခွန်းတွေက အတော်ကြီးခေါင်းစားရပါတယ်တဲ့။မိန်းကလေးတွေမေးတတ်ကြတဲ့မေးခွန်းလေးတွေ…

*ငါဝနေလား??
ဒီမေးခွန်းကို မိန်းကလေးအများစုက သူတို့ရဲ့ချစ်သူကောင်လေးတွေကို မေးတတ်ကြပါတယ်။ဒီမေးခွန်းမေးလိုက်ပြီဆိုယူတို့ရဲ့ကောင်လေးခေါင်းရှုပ်သွားပါပြီ။အမှန်အတိုင်းဖြေရမှာလား၊စိတ်မဆိုးအောင်ဖြေရမှာလား၊စိတ်ကျေနပ်အောင်ဖြေရမှာလားတွေးနေရတာနဲ့ ချက်ချင်းဖြေနိုင်မှာမဟုတ်ပါဘူး။သူတို့ဘာဖြစ်ဖြစ်သင်က ရစ်ဦးမယ်ဆိုတာလည်းသိနေကြပါတယ်။ဒါပေမဲ့အများစုကတော့ မေးတဲ့သူစိတ်ချမ်းသာအောင် ကြည့်ကျက်ဖြေတတ်ကြပါတယ်။

*အဲ့မိန်းကလေး ငါ့ထက်လှလား?
ဒီမေးခွန်းရဲ့အဖြေကိုလည်း မိန်းကလေးတွေကသိချင်ကြပါသေးတယ်။ကိုယ့်ချစ်သူရဲ့မျက်စိထဲမှာအလှဆုံးဖြစ်ချင်ကြပြီး သူတို့ချစ်သူဆီက ကိုယ်အလှဆုံးဆိုတဲ့အဖြေကိုကြားချင်ကြတာပါ။ဒါပေမဲ့ ကိုယ့်ထက်လှတယ်ဆိုတာ ကိုယ်လည်းသိနေ၊သူလည်းသိမှာသေချာနေတဲ့မိန်းကလေးနဲ့ ဘယ်သူပိုလှလဲမေးမိရင် ခေါင်းစားတာပါပဲ။အမှန်အတိုင်းဖြေရင်လည်းစိတ်ဆိုးဦးမယ်။စိတ်ချမ်းသာအောင်ပြောတော့လည်းညာပြောတယ်ဆိုပြီးစိတ်ဆိုးနဲ့။ကဲ မခက်ဘူးလား ယူတို့မိန်းကလေးတွေ…။တစ်ခုုသိထားဖို့ကသူတို့သာသင့်ထက်ပိုလှတာ သဘောကျရင် သင့်ကိုရွေးချယ်ခဲ့မှာမဟုတ်ပါဘူး။သင်မဟုတ်တဲ့တစ်ခြားတစ်ယောက်က သူတို့မျက်စိထဲပိုလှရင်လှမယ်။ဒါပေမဲ့ သူတို့ရဲ့အချစ်က သင့်ဆီမှာပါပဲ။

*ဘာတွေစဉ်းစားနေတာလဲ?
ကိုယ့်ချစ်သူက ငြိမ်ငြိမ်လေးထိုင်ပြီးတွေးနေမယ်။ဒါကိုလည်း မိန်းကလေးတွေက သူတို့ဘာစဉ်းစားနေလဲ၊ဘာအကြောင်းတွေ တွေးနေလဲသိချင်ကြပါသေးတယ်။အဲ့ဒီတော့ မေးမိရော။ကိုယ်မေးလိုက်တဲ့အခါ သင်နဲ့ပတ်သက်တဲ့တစ်ခုခုစဉ်းစားနေတာ၊အလုပ်အကြောင်းစဉ်းစားနေတာ တစ်ခုခုဖြေရင်ဖြေမယ်။ဒါမှမဟုတ် ဘာမှမစဉ်းစားဘူးပြောရင်ပြောမယ်။ဒါကို သင်က မပြောပြရကောင်းလားဆိုပြီး သွားပြီးစိတ်မဆိုးပါနဲ့။အတွေးကအစ လိုက်ပြီးသိချင်နေမယ်။ရစ်နေမယ်ဆိုရင် ဒီအချစ်ရေးမှာအဖုအထစ်ဖြစ်လာနိုင်ပါတယ်။သူတို့ရဲ ့ကိုယ်ပိုင်အတွေးတွေကိုတော့ လွတ်လပ်ခွင့်ပေးလိုက်ပါ။

*ငါ့ကိုချစ်လား?
မိန်းကလေးတွေကသူတို့ကိုချစ်တယ်လို့ပြောရင်တောင် ထပ်ထပ်မေးကြတာပါ။ချစ်လား၊ဘာလို့ချစ်တာလဲစသဖြင့်ပေါ။ဒါပေမဲ့ ဒီမေးခွန်းက သူတို့အချစ်ကိုမယုံကြည်ဘူးဆိုတဲ့သဘောသက်ရောက်နေသလို သူတို့အနေနဲ့ကလည်းချစ်တယ်ဆိုတာထက်ပိုပြီးပြောစရာမရှိပါဘူး။သင့်ကိုချစ်လို့ပဲ ချစ်သူတွေဖြစ်ခဲ့ပြီမဟုတ်လား။ခဏခဏ မေးမြန်းတာက ပြဿနာဖြစ်စေနိုင်တယ်ဆိုတာသတိပြုပါ။

*ဘယ်တုန်းကစချစ်တာလဲ?
ဒီမေးခွန်းကလည်းသူတို့အတွက်ရှုပ်ထွေးပါတယ်။ဘာလို့လဲဆိုတော့ မိန်းကလေးတွေကသာ ချစ်သူဖြစ်တဲ့နေ့တွေ၊အချိန်တွေ၊အမှတ်တရတွေ မှတ်ထားတတ်ကြပြီး ယောကျ်ားလေးအနည်းစုကသာ ဒါတွေကိုမှတ်ထားတတ်ပါတယ်။အလွန်ဆုံးသတိရရင် ချစ်သူစဖြစ်တဲ့နေ့ပါပဲ။ကိုယ့်ကိုဘယ်အချိန်စချစ်တာလဲ၊ဘယ်တုန်းကချစ်သွားတာလဲဆိုတဲ့မေးခွန်းကျတော့ နည်းနည်းခက်ခဲသွားပါပြီ။ပေါ့ပေါ့တန်တန်ဖြေလိုက်ရင်လည်း အလေးမထားဘူးလို့စိတ်ဆိုးခံရမှာဖြစ်သလို အမှန်အတိုင်းပြောပြရင်တောင် အဲ့ဒီအချိန်နဲ့ဆက်စပ်ပတ်သက်ပြီး သူတို့က တွေးဦးမှာပါ။ဥပမာ ကိုယ်အရမ်းလှနေတဲ့နေ့က သတိထားကြည့်မိပြီးချစ်မိသွားတာလို့ဖြေရင်ကိုယ်မလှဘူးဆိုရင် ချစ်မိမှာမဟုတ်ဘူးပေါ့လို့ ပြန်ရစ်ကြဦးမှာပါ။

ဒီမေးခွန်းတွေက စိတ်အနှောင့်အယှက်ဖြစ်သွားစေမယ့်မေးခွန်းတွေဖြစ်သလို ဖြေတတ်ရင်ဖြေတတ်သလို ကြည်နူးစရာကောင်းတဲ့မေးခွန်းတွေပါ။ဒါပေမဲ့လေ့လာချက်တွေအရ ယောကျ်ားလေးတွေကတော ့ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး အတော်လေးခေါင်းစားရပါတယ်တဲ့။ဒီတော့ ကိုယ်မေးချင်ရင်တောင် ကိုယ့်အချစ်ရေးကိုမထိခိုက်စေတဲ့မေးခွန်းလေးတွေမေးပါ။မေးတုန်းကမေးပြီး သူတို့ပြန်ဖြေတော့မှ ကိုယ်လည်းစိတ်မညစ်ရ၊စိတ်မကောင်းဖြစ်ရ၊စိတ်ဆိုးရတာမျိုးမဖြစ်ပါစေနဲ့။

 

422 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.