မိန္းကေလးပရိသတ္ေတြအစ ခ်စ္ၾကတဲ႔သူမရဲ႔ စိတ္၀င္စားစရာအေၾကာင္းေလးေတြ…

ကုိရီးယားနုိင္ငံအႏုပညာရွင္ေတြထဲမွာ မိန္းကေလးခ်င္းေတာင္သေဘာက်ရတဲ႔ ေၾကြရတဲ႔ မင္းသမီးေလးတစ္ေယာက္ရွိပါတယ္။သူမကေတာ့ Lee Sung Kyung ပါ။ Weightlifting Fairy Kim Bok Joo ဇာတ္ကားနဲ႔ေယာက်္ားေလးေတြသေဘာက်ခဲ့တဲ႔ မင္းသမီးျဖစ္သလုိ သူမရဲ႔စတုိင္လ္၊ခ်စ္စရာေကာင္းတဲ႔မ်က္ႏွာေလးေၾကာင့္ မိန္းကေလးပရိသတ္ေတြကလည္းသူမကုိသေဘာက်ခဲ႔ၾကပါတယ္။ဒီလုိမိန္းကေလးပရိသတ္ေရာ၊ေယာက်္ားေလးပရိသတ္ပါ ပုိင္ဆုိင္ထားတဲ႔သူမရဲ ႔စိတ္၀င္စားစရာအေၾကာင္းေလးေတြေျပာျပေပးသြားမွာပဲျဖစ္ပါတယ္။ပရိသတ္ေတြသိပ္မသိၾကေသးတဲ႔အခ်က္ေတြေပါ့။

*Lee Sung Kyung ဟာ အဓိက Career က ေမာ္ဒယ္လ္ျဖစ္ျပီး သရုပ္ေဆာင္ေလာကထဲမွာထက္ ေမာ္ဒယ္လ္ေလာကထဲမွာပုိျပီးေအာင္ျမင္ပါတယ္။သရုပ္ေဆာင္မျဖစ္ခင္ကတည္းက သူမဟာ
ဆုိးလ္ရဲ႔ Fashion Week ေတြ၊ဖက္ရွင္မဂၢဇင္းေတြကုိ အပုိင္စုိးမိုးထားသူတစ္ေယာက္ပါ

*တစ္ျခားအႏုပညာရွင္ေတြလို ေအဂ်င္စီတစ္ခုတည္းမဟုတ္ပဲ YGK-Plus ၊ YG entertainment စတဲ႔ေအဂ်င္စီ ႏွစ္ခုနဲ႔စာခ်ဳပ္ခ်ဳပ္ဆုိထားသူျဖစ္ပါတယ္။YG အင္တာတိန္းမန္႔က သူတု႔ိရဲ႔အႏုပညာရွင္ေတြကုိ ႏုိင္ငံတကာပရိသတ္ေတြပါရရွိလာေအာင္ေမြးထုတ္ေပးတဲ႔ေနရာတစ္ခုပါ။

*သူမ ပထမဆံုးစျပီးသရုပ္ေဆာင္တဲ႔ဇာတ္လမ္းတြဲက It’s Okay, That’s Love ဇာတ္လမ္းတြဲပါ။ဒါေပမဲ႔ Weightlifting နဲ႔ပရိသတ္ေတြအသိမ်ားလာျပီးမွ ဒီဇာတ္လမ္းတြဲကုိ ပုိုျပီးသတိထားမိလာခဲ႔ၾကတာျဖစ္ပါတယ္။

*သူမရဲ႔အလွကုိေနာက္ထပ္ပံ႔ပုိးေနတာကေတာ့ မ်က္၀န္းေတြပါပဲ။သူမမွာ နီညိဳေရာင္ေဖ်ာ့ေဖ်ာ့မ်က္၀န္းလွလွေလးေတြရွိပါတယ္။ကုိရီးယားမင္းသမီးေတြၾကားထဲမွာမွ သူမရဲ႔ပံုစံက တစ္မ်ိဳးကြဲထြက္ျပီးလွေနသလိုပါပဲ

*ပရိသတ္ေတြသတိထားမိတဲ႔သူမရဲ႔ထူးျခားခ်က္ေနာက္တစ္ခုက မိတ္ကပ္ျပင္တဲ႔အခါ သူမရဲ႔မ်က္ႏွာမွာအလွဆံုးဆုိတဲ႔ မ်က္လံုးနဲ႔ႏႈတ္ခမ္းကုိ အဓိက ျပင္ဆင္ျခယ္သတာပါပဲ။မိတ္ကပ္ျပင္ျပီဆုိရင္ မ်က္လံုးနဲ႔ႏႈတ္ခမ္းကုိ အဓိကထားျပီးျပင္တတ္ဆင္တတ္ပါတယ္

*စႏၵယားလည္းကြ်မ္းကြ်မ္းက်င္က်င္တီးတတ္သူတစ္ေယာက္ပါ။ေမာ္ဒယ္လ္အျဖစ္စမလုပ္ခင္က သူမရဲ ႔အိပ္မက္က စႏၵယားပညာရွင္တစ္ေယာက္ျဖစ္ခ်င္တာပါတဲ႔။

*မင္းသမီးေခ်ာ Park Shin Hye နဲ႔ Doctors ဇာတ္ကားမွာအတူဆံုေတြ႔ခဲ႔ျပီး အခင္ဆံုးသူငယ္ခ်င္းေတြျဖစ္လာခဲ႔ၾကပါတယ္။ဇာတ္လမ္းတြဲထဲမွာေတာ့မတည့္ေပမဲ႔ အျပင္မွာေတာ့ အရမ္းရင္းႏွီးၾကတာပါ။သူတုိ႔ႏွစ္ေယာက္တြဲဓာတ္ပံုေလးေတြ အင္စတာဂရမ္မွာ မၾကာခဏေတြ႔ရပါတယ္။

*ကုိရီးယားရဲ႔ တကယ့္နာမည္ၾကီးဘရန္း Laneige ရဲ ႔ေမာ္ဒယ္လ္တစ္ေယာက္လည္းျဖစ္ပါေသးတယ္။Song Hye Kyo နဲ႔ အတူတြဲဖက္ေၾကာ္ျငာထားတာ ျမင္ေတြ႔ရမွာပါ

*Weightlifting Kim Bok Joo ဇာတ္လမ္းတြဲမွာ သူမအေနနဲ႔ေခါင္းေဆာင္ပါ၀င္ဖုိ႔ မလိုက္ဖက္ဘူးလို႔ေ၀ဖန္ၾကတဲ႔အေပၚ သူမက သက္ေသျပခဲ႔ပါတယ္။Kim Bok Joo အျဖစ္သရုပ္ေဆာင္ဖုိ႔ ၅ကီလုိတက္ေအာင္ၾကိဳးစားျပီး ေခါင္းေဆာင္အျဖစ္ပါ၀င္ရုိက္ကူးခဲ႔တာျဖစ္ပါတယ္

*ဒီ ၂၀၁၈ မွာဆုိရင္ Lee Sung Kyung ဟာ မင္းသား Lee Sang Yoo နဲ႔တြဲဖက္ျပီး About Time ဆုိတဲ႔ဇာတ္လမ္းတြဲကုိရိုက္ကူးထားပါတယ္။Girl Cops ဆုိတဲ႔ အက္ရွင္ဟာသဇာတ္လမ္းတြဲလည္းရိုက္ကူးေနတယ္လုိ႔သိရပါတယ္။

*အခ်စ္ေရးကေတာ့ Nam Joo Hyuk နဲ႔လမ္းခြဲျပီးေနာက္ပုိင္း တည္ျငိမ္သူေလးျဖစ္ေနပါတယ္။အခုထိေတာ ့သူမရဲ႔အခ်စ္ေရးသတင္းမၾကားရေသးပါဘူး 💕

ကဲ ဒီေလာက္ဆုိ သူမကုိခ်စ္တဲ့ပရိသတ္ၾကီးလည္း ေက်နပ္လိမ့္မယ္ထင္ပါတယ္

Unicode

ကိုရီးယားနိုင်ငံအနုပညာရှင်တွေထဲမှာ မိန်းကလေးချင်းတောင်သဘောကျရတဲ့ ကြွေရတဲ့ မင်းသမီးလေးတစ်ယောက်ရှိပါတယ်။သူမကတော့ Lee Sung Kyungပါ။Weightlifting Fairy Kim Bok Joo ဇာတ်ကားနဲ့ယောကျ်ားလေးတွေသဘောကျခဲ့တဲ့ မင်းသမီးဖြစ်သလို သူမရဲ့စတိုင်လ်၊ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် မိန်းကလေးပရိသတ်တွေကလည်းသူမကိုသဘောကျခဲ့ကြပါတယ်။ဒီလိုမိန်းကလေးပရိသတ်ရော၊ယောကျ်ားလေးပရိသတ်ပါ ပိုင်ဆိုင်ထားတဲ့သူမရဲ ့စိတ်ဝင်စားစရာအကြောင်းလေးတွေပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပရိသတ်တွေသိပ်မသိကြသေးတဲ့အချက်တွေပေါ့။

*Lee Sung Kyung ဟာ အဓိက Career က မော်ဒယ်လ်ဖြစ်ပြီး သရုပ်ဆောင်လောကထဲမှာထက် မော်ဒယ်လ်လောကထဲမှာပိုပြီးအောင်မြင်ပါတယ်။သရုပ်ဆောင်မဖြစ်ခင်ကတည်းက သူမဟာ
ဆိုးလ်ရဲ့ Fashion Week တွေ၊ဖက်ရှင်မဂ္ဂဇင်းတွေကို အပိုင်စိုးမိုးထားသူတစ်ယောက်ပါ

*တစ်ခြားအနုပညာရှင်တွေလို အေဂျင်စီတစ်ခုတည်းမဟုတ်ပဲ YGK-Plus ၊ YG entertainment စတဲ့အေဂျင်စီ နှစ်ခုနဲ့စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။YG အင်တာတိန်းမန့်က သူတို့ရဲ့အနုပညာရှင်တွေကို နိုင်ငံတကာပရိသတ်တွေပါရရှိလာအောင်မွေးထုတ်ပေးတဲ့နေရာတစ်ခုပါ။

*သူမ ပထမဆုံးစပြီးသရုပ်ဆောင်တဲ့ဇာတ်လမ်းတွဲက It’s Okay, That’s Love ဇာတ်လမ်းတွဲပါ။ဒါပေမဲ့ Weightlifting နဲ့ပရိသတ်တွေအသိများလာပြီးမှ ဒီဇာတ်လမ်းတွဲကို ပိုုပြီးသတိထားမိလာခဲ့ကြတာဖြစ်ပါတယ်။

*သူမရဲ့အလှကိုနောက်ထပ်ပံ့ပိုးနေတာကတော့ မျက်ဝန်းတွေပါပဲ။သူမမှာ နီညိုရောင်ဖျော့ဖျော့မျက်ဝန်းလှလှလေးတွေရှိပါတယ်။ကိုရီးယားမင်းသမီးတွေကြားထဲမှာမှ သူမရဲ့ပုံစံက တစ်မျိုးကွဲထွက်ပြီးလှနေသလိုပါပဲ

*ပရိသတ်တွေသတိထားမိတဲ့သူမရဲ့ထူးခြားချက်နောက်တစ်ခုက မိတ်ကပ်ပြင်တဲ့အခါ သူမရဲ့မျက်နှာမှာအလှဆုံးဆိုတဲ့ မျက်လုံးနဲ့နှုတ်ခမ်းကို အဓိက ပြင်ဆင်ခြယ်သတာပါပဲ။မိတ်ကပ်ပြင်ပြီဆိုရင် မျက်လုံးနဲ့နှုတ်ခမ်းကို အဓိကထားပြီးပြင်တတ်ဆင်တတ်ပါတယ်

*စန္ဒယားလည်းကျွမ်းကျွမ်းကျင်ကျင်တီးတတ်သူတစ်ယောက်ပါ။မော်ဒယ်လ်အဖြစ်စမလုပ်ခင်က သူမရဲ ့အိပ်မက်က စန္ဒယားပညာရှင်တစ်ယောက်ဖြစ်ချင်တာပါတဲ့။

*မင်းသမီးချော Park Shin Hye နဲ့ Doctors ဇာတ်ကားမှာအတူဆုံတွေ့ခဲ့ပြီး အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ဇာတ်လမ်းတွဲထဲမှာတော့မတည့်ပေမဲ့ အပြင်မှာတော့ အရမ်းရင်းနှီးကြတာပါ။သူတို့နှစ်ယောက်တွဲဓာတ်ပုံလေးတွေ အင်စတာဂရမ်မှာ မကြာခဏတွေ့ရပါတယ်။

*ကိုရီးယားရဲ့ တကယ့်နာမည်ကြီးဘရန်း Laneige ရဲ ့မော်ဒယ်လ်တစ်ယောက်လည်းဖြစ်ပါသေးတယ်။Song Hye Kyo နဲ့ အတူတွဲဖက်ကြော်ငြာထားတာ မြင်တွေ့ရမှာပါ

*Weightlifting Kim Bok Joo ဇာတ်လမ်းတွဲမှာ သူမအနေနဲ့ခေါင်းဆောင်ပါဝင်ဖို့ မလိုက်ဖက်ဘူးလို့ဝေဖန်ကြတဲ့အပေါ် သူမက သက်သေပြခဲ့ပါတယ်။Kim Bok Joo အဖြစ်သရုပ်ဆောင်ဖို့ ၅ကီလိုတက်အောင်ကြိုးစားပြီး ခေါင်းဆောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်

*ဒီ ၂၀၁၈ မှာဆိုရင် Lee Sung Kyung ဟာ မင်းသား Lee Sang Yoo နဲ့တွဲဖက်ပြီး About Time ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်ကူးထားပါတယ်။Girl Cops ဆိုတဲ့ အက်ရှင်ဟာသဇာတ်လမ်းတွဲလည်းရိုက်ကူးနေတယ်လို့သိရပါတယ်။

*အချစ်ရေးကတော့ Nam Joo Hyuk နဲ့လမ်းခွဲပြီးနောက်ပိုင်း တည်ငြိမ်သူလေးဖြစ်နေပါတယ်။အခုထိတော ့သူမရဲ့အချစ်ရေးသတင်းမကြားရသေးပါဘူး
ကဲ ဒီလောက်ဆို သူမကိုချစ်တဲ့ပရိသတ်ကြီးလည်း ကျေနပ်လိမ့်မယ်ထင်ပါတယ်

962 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.