ဒီရာသီအချိန်ဆို ‘Saturday Night Live’ ရုပ်သံလိုင်းမှာ နာမည်ကြီးတွေနဲ့ ပတ်သက်ပြီး သရော်လေ့ ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ Kanye West နေရာမှာ Jay Pharoah နဲ့ Kim Kardashian နေရာမှာ Nasim Pedrad တို့က အသီးသီး သရုပ်ဆောင်ခဲ့ကြပါတယ်။ ‘Wake Up with KimYe’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထွင်လုံး ရှိုးပဲဖြစ်ပါတယ်။ KimYe ဆိုတာက Kim နဲ့ Kanye တို့နှစ်ယောက်ကို ဆိုလိုတာပါ။ ဒီ ခရစ်စမတ် စုံတွဲရှိုးမှာ ခရစ်စမတ်ရာသီ အရူးထခြင်းတွေ အပြည့်ပါပဲ။
ရှိုးသရုပ်ဆောင် Kimmy က North West ကိုမွေးပြီးတဲ့နောက် ပေါင်ချိန်ဘယ်လိုကျသွားတယ် ဆိုတဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။ “ကျန်းကျန်းမာမာ စား၊ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်၊ photoshopနဲ့ပြင်ပြီး တော့လေ။’ လို့ Kimmy ကသရော်ခဲ့ပါတယ်။
Kanye West အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jay Pharoah ကတော့ “နောက်ဆုံးတော့ Kim ဟာ လက်ခံနိုင်စရာ ကိုယ်အလေးချိန် ပြန်ရလာပြီ။” လို့ ရေကူးဝတ်စုံနဲ့ Kim (Us Weekly မဂ္ဂဇင်း မျက်နှာဖုံး) ပုံကို ကိုင်ပြီး ပြောခဲ့ပါတယ်။
Bound 2 MTV ကို ဒဲ့ သရော်တဲ့အနေနဲ့ တန်ဒြာဒေသသမင် စီးပြီးတော့လဲ သရော်သွားတာကို တွေ့ရပါတယ်။
Ref:thehollywoodgossip